-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကိုငွေကြေးအမြောက်အများရှာဖွေနိုင်စေမည့်ဝါသနာတွေကဘာတွေလဲ???

သင့်ကိုငွေကြေးအမြောက်အများရှာဖွေနိုင်စေမည့်ဝါသနာတွေကဘာတွေလဲ??? google.com

ဘော်ဒါတို့ရေ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေက ဒီထဲမှာပါရဲ့လားဆိုတာ တချက်လောက်ဝင်ကြည့်လိုက်ပါဦးနော်.......။

စာရေးသားခြင်း

writing

 

 

သင့်ရဲ့ဝါသနာက စာရေးသားခြင်းဆိုရင်တော့

ယခုခေတ်မှာ ဒီဝါသနာနဲ့ပဲ ငွေကြေးရှာဖွေနိုင်ဖို့ နည်းလမ်းတွေအများကြီးရှိနေပါပြီ။

ကိုယ်တိုင်ပဲ စာအုပ်တွေထုတ်ဝေရေးသားမလား? ဒါမှမဟုတ် Website တွေ Blog တွေ၊ ကြော်ငြာသူတွေအတွက် အလွတ်တန်း စာရေးသားသူအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်မလား?

သင့်မှာရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

 

ဟာသပြုလုပ်ခြင်း

funny

သင်ဟာ လူတွေကိုရယ်မောအောင်ပြုလုပ်ရတာ ၀ါသနာပါသူတစ်ယောက်လား?

ဒါဆိုရင်တော့ သင်ကံကောင်းပါတယ်။ ယနေ့ခေတ်မှာ သင်လူသားတွေကို ရယ်မောအောင်ပြုလုပ်ရင်း ငွေကြေးရှာဖွေနိုင်ပါပြီ။

သင့်ရဲ့ Talent ဖြစ်တဲ့ ရယ်စရာ Video တွေပြုလုပ်ခြင်း၊ Short Film တွေရိုက်ကူးခြင်းများပြုလုပ်ပြီး Online midea တွေကနေတစ်ဆင့် ပရိသတ်ကိုထိတွေ့နိုင်ပါပြီ။

ဒီကနေ သင့်မှာ ချစ်ခင်သူပရိသတ်တွေအများအပြားရရှိလာပြီဆိုရင်တော့ ကြော်ငြာလက်ခံခြင်း၊ ကိုယ်ပိုင် Brand ပစ္စည်းများရောင်းချခြင်းတွေ ပြုလုပ်ပြီး ငွေကြေးဆက်လက်ရှာဖွေနိုင်ပါတယ်။

 

ချက်ပြုတ်ခြင်း

cook

အစားအစာချက်ပြုတ်ခြင်းကလည်း အနုပညာတစ်ခုဖြစ်ပါတယ်။

သင့်မှာ အစားအစာတွေကို ကောင်းမွန်အောင်ချက်ပြုတ်နိုင်တဲ့ ၀ါသနာအစွမ်းအစတွေရှိနေတယ်ဆိုရင်တော့

စာဖိုမှူးတစ်ယောက်အဖြစ် ဖြစ်စေ၊ အစားအသောက်ချက်ပြုတ်နည်းသင်တန်းဖွင့်လှစ်ခြင်းဖြစ်စေ၊ ကိုယ်ပိုင်အစားအစာ Brand တစ်ခုတည်ထောင်ပြီး ရောင်းချခြင်းဖြစ်စေ နည်းလမ်းမြောက်များစွာနဲ့ ငွေကြေးရှာဖွေနိုင်ပါတယ်။

 

ခရီးသွားလာခြင်း

travel

ကမ္ဘာကြီးထဲက နေရာဒေသအသစ်တွေကို သွားလာရင်းနဲ့ ငွေကြေးအမြောက်အများ ရှာဖွေနိုင်ပါပြီ။

ယနေ့ခေတ်မှာ ခရီးသွား Blogger လုပ်ငန်းဟာ အတော်လေးတွင်ကျယ်လာသလို ပျော်စရာကောင်းပြီး ငွေကြေးအမြောက်အများ ရှာဖွေနိုင်အသက်မွေးဝမ်းကြောင်း တစ်ခုဖြစ်လာပါတယ်။

 

ဓာတ်ပုံရိုက်ခြင်း

camera

သင်ဟာ ဓာတ်ပုံရိုက်ခြင်းကိုဝါသနာပါတဲ့သူဆိုရင်တော့ ဒီဝါသနာနဲ့ တစ်သက်လုံး အသက်မွေးဝမ်းကြောင်းပြုနိုင်ပါတယ်။

အလွတ်တန်း ဓာတ်ပုံဆရာတစ်ယောက်အဖြစ် ဖြစ်စေ၊ လက်ရာကောင်းမွန်ပြီး ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံတွေရိုက်ကူးရောင်းချခြင်းဖြစ်စေ ငွေကြေးအမြောက်အများရှာဖွေနိုင်ပါပြီ

Read-သင့်အိပ်မက်တွေကို ဈေးပေါပေါနဲ့ မရောင်းလိုက်ပါနဲ့

Credit ; Original Writer

Read times
Rate this item
(2 votes)