-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Media Marketing နဲ႔ပတ္သက္ျပီး သိထားသင့္တဲ့ ဥပေဒသ (၁၀) ခ်က္

Social Media Marketing နဲ႔ပတ္သက္ျပီး သိထားသင့္တဲ့ ဥပေဒသ (၁၀) ခ်က္ GOOGLE

ဆုိရွယ္မီဒီယာ မားကက္တင္းလုပ္ေဆာင္မယ့္သူေတြအားလံုး သိထားသင့္တဲ့၊ အေလးထားသင့္တဲ့ ဥပေဒသ ၁၀ ခ်က္ရွိပါတယ္။အဲ့ဒီအခ်က္ေတြကို ေသခ်ာဂရုစိုက္လုပ္ေဆာင္မယ္ဆုိရင္ သင့္ရဲ႕ ဆိုရွယ္မီဒီယာမားကက္တင္းဟာ ေအာင္ျမင္မႈရရွိမွာ မလြဲပါဘူး။ ဒီေတာ့ အဆုိပါဥပေဒသ ၁၀ ခ်က္ကို ေလ့လာၾကည့္လိုက္ရေအာင္။

 

The Law of Listening (နားေထာင္မႈ)
ေအာင္ျမင္တဲ့ ဆုိရွယ္မီဒီယာနဲ႔ content မားကက္တင္းလုပ္ေဆာင္ရာမွာ အဓိကက်တဲ့ အခ်က္တစ္ခ်က္ကေတာ့ နည္းနည္းေျပာျပီး မ်ားမ်ားနားေထာင္ျခင္းပါ။ သင္ရည္ရြယ္ထားတဲ့ ပရိတ္သတ္ေတြ အြန္လိုင္းေပၚမွာ ဘာေတြစိတ္ဝင္စားၾကသလဲ၊ သူတုိ႔ဘာေတြ သိခ်င္ေနၾကသလဲ၊ ဘာအေၾကာင္းေတြ ေျပာဆိုေနၾကသလဲဆိုတာကို ေစာင့္ၾကည့္ေလ့လာပါ။ ဒါမွသာ သူတို႔အတြက္ တန္ဖိုးရွိတဲ့၊ အသံုးဝင္တဲ့ content ေတြကို ဖန္တီးႏုိင္မွာျဖစ္ပါတယ္။

 

The Law of Focus (အာရံုစိုက္မႈ)

Social Media Marketing နဲ႔ပတ္သက္တဲ့ နည္းဗ်ဴဟာကို တစ္ခုဆုိ တစ္ခုသာအသံုးျပဳပါ။ သင့္ကုန္ပစၥည္းအမွတ္တံဆိပ္နဲ႔ ပတ္သက္ျပီး ပရိတ္သတ္ေတြကို ေၾကာ္ျငာဖို႔အတြက္ မားကက္တင္းနဲ႔ပတ္သက္တဲ့ နည္းဗ်ဴဟာေတြကို အစံုလိုက္သံုးၾကည့္မယ့္အစား ထိေရာက္အက်ိးရွိတဲ့ နည္းဗ်ဴဟာတစ္ခုအေပၚမွာသာ အာရံုစုိက္လုပ္ေဆာင္သင့္ပါတယ္။

 

The Law of Quality (အရည္အေသြးကို ဂရုစုိက္မႈ)

အရည္အတြက္ထက္ အရည္အေသြးက အမ်ားၾကီးတန္ဖိုးရွိတယ္ဆုိတာ ေတာ္ေတာ္မ်ားမ်ားၾကားဖူးမွာပါ။ ဆုိရွယ္မီဒီယာ မားကက္တင္းမွာလည္း အလားတူပါပဲ။ သင္တင္လုိက္တဲ့ Post တိုင္း content တုိင္းကို စိတ္ဝင္တစားဖတ္ရႈျပီး ျပန္လည္ေဝမွ်တဲ့ ပရိတ္သတ္ အေယာက္ ၁၀၀ ရွိျခင္းဟာ သင့္ Post ကို တစ္ခါတည္းဖတ္ျပီး ေနာက္အခါေတြမွာ ေက်ာ္သြားမယ့္ ပရိတ္သတ္ အေယာက္ ၁၀၀၀ ထက္ အမ်ားၾကီး ပိုသာပါတယ္။

 

The Law of Patience (စိတ္ရွည္သည္းခံမႈ)

ဆိုရွယ္မီဒီယာနဲ႔ content marketing ေတြဟာ ညတြင္းခ်င္း ေအာင္ျမင္မႈရရွိသြားဖို႔ဆိုတာ အင္မတန္ခက္ခဲတဲ့ ကိစၥတစ္ခုပါ။ ညတြင္းခ်င္းေအာင္ျမင္မႈကို ေမွ်ာ္လင့္ေနမယ့္အစား သင့္ပရိတ္သတ္ေတြအတြက္ အသံုးဝင္ အက်ိဳးရွိေစမယ့္ content အေၾကာင္းအရာေတြကို စိတ္ရွည္ရွည္နဲ႔ ပံုမွန္သာတင္ဆက္သြားပါ။ တစ္ခ်ိန္မွာ သင္လုိခ်င္တဲ့ ရလာဒ္ေကာင္းေတြ ရရွိလာမွာ မလြဲပါဘူး။

The Law of Compounding (အခ်ိန္ႏွင့္အမွ် စုေပါင္းမႈ)

အကယ္၍သင္ဟာ ဖတ္ရႈသူပရိတ္သတ္ေတြအတြက္ အက်ိဳးရွိေစမယ့္ အေၾကာင္းအရာေတြ ပံုမွန္တင္ဆက္ႏုိင္ပါက သူတို႔ဟာ ဖတ္ရႈျပီး အျခားသူငယ္ခ်င္းေတြနဲ႔ပါ ျပန္လည္ေဝမွ်ၾကမွာ ျဖစ္ပါတယ္။ ဒီလုိမ်ိဳး အက်ိဳးရွိေစမယ့္ အေၾကာင္းအရာေတြ ပံုမွန္တင္ဆက္သြားျခင္းျဖင့္ တစ္ခ်ိန္ခ်ိန္မွာ သင့္အတြက္ အလြန္ၾကီးမားတဲ့ ပရိတ္သတ္ပမာဏတစ္ခု ရရွိလာႏုိင္မွာျဖစ္ပါတယ္။

 

The Law of Influence (လႊမ္းမိုးႏုိင္မႈ)

သင့္ရဲ႕လုပ္ငန္းနယ္ပယ္ထဲမွာ ေစ်းကြက္ကိုလႊမ္းမိုးမႈရွိတဲ့ နာမည္ၾကီးပုဂၢိဳလ္ေတြ၊ အႏုပညာရွင္ေတြကို ရွာေဖြခ်ဥ္းကပ္ျပီး သင့္ထုတ္ကုန္နဲ႔ပတ္သက္လုိ႔ အက်ိဳးရွိရာရွိေၾကာင္း လုပ္ပါ။ အထူးသျဖင့္ သူတို႔ေတြနဲ႔ ေကာင္းမြန္တဲ့ အဆက္အသြယ္ေတြ ရွိေနပါေစ။ ဒါမွသာ အခြင့္အေရးရရွိတဲ့အခါက်ရင္ သင့္ရဲ႕ထုတ္ကုန္ေတြကို influencer marketing မွတစ္ဆင့္ လူပိုသိေအာင္ ထုိးေဖာက္ႏုိင္မွာ ျဖစ္ပါတယ္။

 

Marketing Funnel တစ္ခု ဘယ္လို ဖန္တီးမလဲ

 

The Law of Value (content အရည္အေသြး တန္ဖုိးရွိမႈ)

အြန္လုိင္းေပၚမွာ သင့္ကုန္ပစၥည္းနဲ႔ပတ္သက္ျပီး ပရိုမိုးရွင္းပဲ တစ္ခ်ိန္လံုးလုပ္ေနမယ္ဆုိရင္ ၾကာလာတာနဲ႔အမွ် ပရိတ္သတ္ေတြ စိတ္ပ်က္လာႏုိ္္င္ပါတယ္။ ဒါေၾကာင့္ ကုန္ပစၥည္းအေၾကာင္း တစ္ခ်ိန္လံုးေၾကာ္ျငာေနတာထက္ ကို္ယ့္ရဲ႕ကုန္ပစၥည္းက ပရိတ္သတ္ေတြအတြက္ ဘယ္လုိမ်ိဳးအက်ိဳးေက်းဇူးေတြ ရႏုိင္မလဲ၊ သင့္ကုန္ပစၥည္းကို သူတို႔ေတြ ဘယ္လုိမ်ိဳး အက်ိဳးရွိရွိ အသံုးခ်ႏုိင္မလဲဆိုတဲ့ သူတို႔အတြက္တန္ဖိုးရွိေစမယ့္ အေၾကာင္းအရာေတြကို ေစတနာသန္႔သန္႔နဲ႔ ေဝမွ်ေပးသင့္ပါတယ္။ ဒါမွသာ ပရိတ္သတ္ေတြက ဒီကုမၸဏီ ဒီလုပ္ငန္းက သူတို႔အက်ိဳးစီးပြားကို အမွန္တကယ္ဂရုစိုက္တာပဲလုိ႔ ယံုၾကည္လာၾကျပီး သင့္ရဲ႕ကုန္ပစၥည္းကိုလည္း ပိုျပီးဝယ္သံုးလာၾကမွာျဖစ္ပါတယ္။

 

The Law of Acknowledgement (အသိအမွတ္ျပဳမႈ)

သင့္ကို အြန္လိုင္းကတစ္ဆင့္ျဖစ္ေစ အျပင္မွာျဖစ္ေစ ဆက္သြယ္ခ်ဥ္းကပ္လာတဲ့သူေတြကို (ကို္ယ့္ေဖာက္သည္မဟုတ္ရင္ေတာင္) အသိအမွတ္ျပဳျပီး ျပန္လည္တုန္႔ျပန္ပါ။ ကိုယ့္ေဖာက္သည္မဟုတ္ဘူးဆိုျပီး လစ္လ်ဴမရႈလုိက္ပါနဲ႔။ လူေတြကို အသိအမွတ္ျပဳျပီး ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ တည္ေဆာက္ျခင္းဟာ ဆိုရွယ္မီဒီယာမားကက္တင္းကို ေအာင္ျမင္မႈေတြ ရရွိလာေစမယ့္ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ကိုလာေရာက္ဆက္သြယ္တဲ့ လူတိုင္းကို အသိအမွတ္ျပဳပါ။

 

The Law of Accessibility (အဆက္မျပတ္ ထိေတြ႔ဆက္ဆံမႈ)

သင့္ရဲ႕ content ေတြကို အြန္လုိင္းေပၚတင္ျပီးတာနဲ႔ တစ္ပတ္ေလာက္ ေပ်ာက္သြားတာမ်ိဳး မျဖစ္ပါေစနဲ႔။ သင့္ရဲ႕ပရိတ္သတ္ေတြနဲ႔ ဆက္သြယ္မႈ ပံုမွန္ရွိပါ။ ဒါကဘာကိုဆုိလိုသလဲဆိုေတာ့ သင့္ပရိတ္သတ္ေတြ အက်ိဳးရွိေစမယ့္ content အေၾကာင္းအရာေတြလည္း ပံုမွန္တင္ရင္း သူတို႔နဲ႔ အျပန္အလွန္ေျပာဆိုမႈေတြလည္း အဆက္အသြယ္မျပတ္ရွိေနဖို႔ ျဖစ္ပါတယ္။ ဒါမွသာ သင့္ရဲ႕အမာခံပရိတ္သတ္ေတြကို အခ်ိန္ၾကာၾကာထိန္းသိမ္းထားႏုိင္မွာပါ။ အခုေခတ္အြန္လုိင္းဟာ contents ေတြ page ေတြ မ်ားျပားလြန္းလွတာေၾကာင့္ သင္အခ်ိန္ၾကာၾကာ ေပ်ာက္သြားရင္ သင့္ပရိတ္သတ္ေတြက သင့္ကိုေမ့သြားၾကမွာ ျဖစ္ပါတယ္။

 

The Law of Reciprocity (အျပန္အလွန္ ေလးစားဂရုစိုက္မႈ)

အကယ္၍သင္က အျခားသူေတြရဲ႕ post ေတြကို အေရးတယူမရွိဘူး၊ ဂရုမစိုက္ဘူး၊ share မလုပ္ေပးဘူးဆိုရင္ သင္လည္း သူတို႔ေတြဆီက share ရဖို႔ကို ေမွ်ာ္လင့္ေနလုိ႔ မလြယ္ပါဘူး။ လူေတြက သူတို႔ကို ဂရုစိုက္တဲ့သူကိုမွ ျပန္ဂရုစိုက္တတ္တာျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔ အခ်ိန္တစ္ခုေပးျပီး အျခားသူေတြရဲ႕ content ေတြကိုလည္း အေရးတယူလုပ္သင့္ပါတယ္။

 

<<<UNICODE>>>

 

Social Media Marketing နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဥပဒေသ (၁၀) ချက်

=====================================================================

ဆိုရှယ်မီဒီယာ မားကက်တင်းလုပ်ဆောင်မယ့်သူတွေအားလုံး သိထားသင့်တဲ့၊ အလေးထားသင့်တဲ့ ဥပဒေသ ၁၀ ချက်ရှိပါတယ်။အဲ့ဒီအချက်တွေကို သေချာဂရုစိုက်လုပ်ဆောင်မယ်ဆိုရင် သင့်ရဲ့ ဆိုရှယ်မီဒီယာမားကက်တင်းဟာ အောင်မြင်မှုရရှိမှာ မလွဲပါဘူး။ ဒီတော့ အဆိုပါဥပဒေသ ၁၀ ချက်ကို လေ့လာကြည့်လိုက်ရအောင်။

 

The Law of Listening (နားထောင်မှု)
အောင်မြင်တဲ့ ဆိုရှယ်မီဒီယာနဲ့ content မားကက်တင်းလုပ်ဆောင်ရာမှာ အဓိကကျတဲ့ အချက်တစ်ချက်ကတော့ နည်းနည်းပြောပြီး များများနားထောင်ခြင်းပါ။ သင်ရည်ရွယ်ထားတဲ့ ပရိတ်သတ်တွေ အွန်လိုင်းပေါ်မှာ ဘာတွေစိတ်ဝင်စားကြသလဲ၊ သူတို့ဘာတွေ သိချင်နေကြသလဲ၊ ဘာအကြောင်းတွေ ပြောဆိုနေကြသလဲဆိုတာကို စောင့်ကြည့်လေ့လာပါ။ ဒါမှသာ သူတို့အတွက် တန်ဖိုးရှိတဲ့၊ အသုံးဝင်တဲ့ content တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

 

The Law of Focus (အာရုံစိုက်မှု)

Social Media Marketing နဲ့ပတ်သက်တဲ့ နည်းဗျူဟာကို တစ်ခုဆို တစ်ခုသာအသုံးပြုပါ။ သင့်ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကို ကြော်ငြာဖို့အတွက် မားကက်တင်းနဲ့ပတ်သက်တဲ့ နည်းဗျူဟာတွေကို အစုံလိုက်သုံးကြည့်မယ့်အစား ထိရောက်အကျိးရှိတဲ့ နည်းဗျူဟာတစ်ခုအပေါ်မှာသာ အာရုံစိုက်လုပ်ဆောင်သင့်ပါတယ်။

 

The Law of Quality (အရည်အသွေးကို ဂရုစိုက်မှု)

အရည်အတွက်ထက် အရည်အသွေးက အများကြီးတန်ဖိုးရှိတယ်ဆိုတာ တော်တော်များများကြားဖူးမှာပါ။ ဆိုရှယ်မီဒီယာ မားကက်တင်းမှာလည်း အလားတူပါပဲ။ သင်တင်လိုက်တဲ့ Post တိုင်း content တိုင်းကို စိတ်ဝင်တစားဖတ်ရှုပြီး ပြန်လည်ဝေမျှတဲ့ ပရိတ်သတ် အယောက် ၁၀၀ ရှိခြင်းဟာ သင့် Post ကို တစ်ခါတည်းဖတ်ပြီး နောက်အခါတွေမှာ ကျော်သွားမယ့် ပရိတ်သတ် အယောက် ၁၀၀၀ ထက် အများကြီး ပိုသာပါတယ်။

 

The Law of Patience (စိတ်ရှည်သည်းခံမှု)

ဆိုရှယ်မီဒီယာနဲ့ content marketing တွေဟာ ညတွင်းချင်း အောင်မြင်မှုရရှိသွားဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ညတွင်းချင်းအောင်မြင်မှုကို မျှော်လင့်နေမယ့်အစား သင့်ပရိတ်သတ်တွေအတွက် အသုံးဝင် အကျိုးရှိစေမယ့် content အကြောင်းအရာတွေကို စိတ်ရှည်ရှည်နဲ့ ပုံမှန်သာတင်ဆက်သွားပါ။ တစ်ချိန်မှာ သင်လိုချင်တဲ့ ရလာဒ်ကောင်းတွေ ရရှိလာမှာ မလွဲပါဘူး။

 

The Law of Compounding (အချိန်နှင့်အမျှ စုပေါင်းမှု)

အကယ်၍သင်ဟာ ဖတ်ရှုသူပရိတ်သတ်တွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေ ပုံမှန်တင်ဆက်နိုင်ပါက သူတို့ဟာ ဖတ်ရှုပြီး အခြားသူငယ်ချင်းတွေနဲ့ပါ ပြန်လည်ဝေမျှကြမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အကျိုးရှိစေမယ့် အကြောင်းအရာတွေ ပုံမှန်တင်ဆက်သွားခြင်းဖြင့် တစ်ချိန်ချိန်မှာ သင့်အတွက် အလွန်ကြီးမားတဲ့ ပရိတ်သတ်ပမာဏတစ်ခု ရရှိလာနိုင်မှာဖြစ်ပါတယ်။

 

ကမ္ဘာ့အကြီးမားဆုံး ကြော်ငြာကုမ္ပဏီ WPP ရဲ့ မဟာဗျူဟာ

 

The Law of Influence (လွှမ်းမိုးနိုင်မှု)

သင့်ရဲ့လုပ်ငန်းနယ်ပယ်ထဲမှာ ဈေးကွက်ကိုလွှမ်းမိုးမှုရှိတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေကို ရှာဖွေချဉ်းကပ်ပြီး သင့်ထုတ်ကုန်နဲ့ပတ်သက်လို့ အကျိုးရှိရာရှိကြောင်း လုပ်ပါ။ အထူးသဖြင့် သူတို့တွေနဲ့ ကောင်းမွန်တဲ့ အဆက်အသွယ်တွေ ရှိနေပါစေ။ ဒါမှသာ အခွင့်အရေးရရှိတဲ့အခါကျရင် သင့်ရဲ့ထုတ်ကုန်တွေကို influencer marketing မှတစ်ဆင့် လူပိုသိအောင် ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။

 

The Law of Value (content အရည်အသွေး တန်ဖိုးရှိမှု)

အွန်လိုင်းပေါ်မှာ သင့်ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ပရိုမိုးရှင်းပဲ တစ်ချိန်လုံးလုပ်နေမယ်ဆိုရင် ကြာလာတာနဲ့အမျှ ပရိတ်သတ်တွေ စိတ်ပျက်လာနို်င်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းအကြောင်း တစ်ချိန်လုံးကြော်ငြာနေတာထက် ကိုယ့်ရဲ့ကုန်ပစ္စည်းက ပရိတ်သတ်တွေအတွက် ဘယ်လိုမျိုးအကျိုးကျေးဇူးတွေ ရနိုင်မလဲ၊ သင့်ကုန်ပစ္စည်းကို သူတို့တွေ ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးချနိုင်မလဲဆိုတဲ့ သူတို့အတွက်တန်ဖိုးရှိစေမယ့် အကြောင်းအရာတွေကို စေတနာသန့်သန့်နဲ့ ဝေမျှပေးသင့်ပါတယ်။ ဒါမှသာ ပရိတ်သတ်တွေက ဒီကုမ္ပဏီ ဒီလုပ်ငန်းက သူတို့အကျိုးစီးပွားကို အမှန်တကယ်ဂရုစိုက်တာပဲလို့ ယုံကြည်လာကြပြီး သင့်ရဲ့ကုန်ပစ္စည်းကိုလည်း ပိုပြီးဝယ်သုံးလာကြမှာဖြစ်ပါတယ်။

 

The Law of Acknowledgement (အသိအမှတ်ပြုမှု)

သင့်ကို အွန်လိုင်းကတစ်ဆင့်ဖြစ်စေ အပြင်မှာဖြစ်စေ ဆက်သွယ်ချဉ်းကပ်လာတဲ့သူတွေကို (ကိုယ့်ဖောက်သည်မဟုတ်ရင်တောင်) အသိအမှတ်ပြုပြီး ပြန်လည်တုန့်ပြန်ပါ။ ကိုယ့်ဖောက်သည်မဟုတ်ဘူးဆိုပြီး လစ်လျူမရှုလိုက်ပါနဲ့။ လူတွေကို အသိအမှတ်ပြုပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခြင်းဟာ ဆိုရှယ်မီဒီယာမားကက်တင်းကို အောင်မြင်မှုတွေ ရရှိလာစေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုလာရောက်ဆက်သွယ်တဲ့ လူတိုင်းကို အသိအမှတ်ပြုပါ။

 

The Law of Accessibility (အဆက်မပြတ် ထိတွေ့ဆက်ဆံမှု)

သင့်ရဲ့ content တွေကို အွန်လိုင်းပေါ်တင်ပြီးတာနဲ့ တစ်ပတ်လောက် ပျောက်သွားတာမျိုး မဖြစ်ပါစေနဲ့။ သင့်ရဲ့ပရိတ်သတ်တွေနဲ့ ဆက်သွယ်မှု ပုံမှန်ရှိပါ။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ သင့်ပရိတ်သတ်တွေ အကျိုးရှိစေမယ့် content အကြောင်းအရာတွေလည်း ပုံမှန်တင်ရင်း သူတို့နဲ့ အပြန်အလှန်ပြောဆိုမှုတွေလည်း အဆက်အသွယ်မပြတ်ရှိနေဖို့ ဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့အမာခံပရိတ်သတ်တွေကို အချိန်ကြာကြာထိန်းသိမ်းထားနိုင်မှာပါ။ အခုခေတ်အွန်လိုင်းဟာ contents တွေ page တွေ များပြားလွန်းလှတာကြောင့် သင်အချိန်ကြာကြာ ပျောက်သွားရင် သင့်ပရိတ်သတ်တွေက သင့်ကိုမေ့သွားကြမှာ ဖြစ်ပါတယ်။

 

The Law of Reciprocity (အပြန်အလှန် လေးစားဂရုစိုက်မှု)

အကယ်၍သင်က အခြားသူတွေရဲ့ post တွေကို အရေးတယူမရှိဘူး၊ ဂရုမစိုက်ဘူး၊ share မလုပ်ပေးဘူးဆိုရင် သင်လည်း သူတို့တွေဆီက share ရဖို့ကို မျှော်လင့်နေလို့ မလွယ်ပါဘူး။ လူတွေက သူတို့ကို ဂရုစိုက်တဲ့သူကိုမှ ပြန်ဂရုစိုက်တတ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အချိန်တစ်ခုပေးပြီး အခြားသူတွေရဲ့ content တွေကိုလည်း အရေးတယူလုပ်သင့်ပါတယ်။

 

 

Read times
Rate this item
(0 votes)