-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၃ )

အဆင့် ၅

ဒီအအဆင့်ကတော့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ အခုဆိုရင် သင်ဟာ Google Analytic ကို အလွယ်ဆုံးနည်းနဲ့ ဘယ်လိုဖွင့်လို့ ရမလဲ၊ ဘယ်လို အသုံးပြုလို့ ရမလဲဆိုတာကို အကြမ်းဖျင်း သိသွားပါပြီ။

အခု လုပ်ရမှာတော့ သင်တစ်ဦးတစ်ယောက်ထဲ အသုံးပြုခွင့် ရနေတဲ့ အကောင့်ကို အခြား Team Members တွေပါ အသုံးပြုလို့ ရအောင် လုပ်ဆောင်ဖို့ပါပဲ။

Google Anayltic Add Users to Your Account Part 1

ဘယ်ဘက်အောက်ဆုံးက Setting ပုံလေးကို ထပ်သွားပြီး User Management ဆိုတာကို နှိပ်ပါ။ ညာဘက်ထိပ်ဆုံးမှာ အပြာရောင် အပေါင်းပုံစံလေး ရှိပါတယ်။

အဲဒီကနေ တစ်ဆင့် သင် Share ချင်တဲ့ သူတွေရဲ့ အီးမေးလ်တွေကို ထည့်ပြီး သူတို့ကို Edit လုပ်လို့ ရတဲ့အထိ ပေးမလား၊ Collabrate လုပ်ခွင့်ထိပဲ ပေးမလား၊ ဒါမှမဟုတ် ကြည့်ခွင့်၊ ဖတ်ခွင့်ပဲ ပေးထားမလားဆိုတာကို ရွေးချယ်လို့ ရပါတယ်။

Google Anayltic Add Users to Your Account 1

Home ကို ပြန်သွားလိုက်ပါ။ သင့်ဝက်ဆိုဒ်ကို လက်ရှိ ဘယ်နှစ်ယောက် အသုံးပြုနေသလဲ ဆိုတာ သိချင်ရင် Real Time ရဲ့ Overview ထဲကနေ ကြည့်လို့ ရပါတယ်။ ဒီနေ့ User ဘယ်နှစ်ယောက် သင့်ဝက်ဆိုဒ်ကို အသုံးပြုခဲ့သလဲ သိချင်ရင်တော့ Audience ထဲက Overview ကို ၀င်ပြီး ကြည့်လို့ ရပါတယ်။

Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၁ )

ဒီတစ်ရက်ထဲမှ မဟုတ်ပါဘူး။ မိမိ သိလိုတဲ့ ရက်တွေ ရွေးပြီး တစ်ရက်ချင်းဖြစ်စေ၊ တစ်ပတ်ချင်းဖြစ်စေ၊ တစ်လချင်း ဖြစ်စေ၊ တစ်နှစ်ချင်း ဖြစ်စေလည်း ကြည့်လို့ ရသလို့ အခြားရက်တွေ၊ အပတ်တွေ၊ လတွေ၊ နှစ်တွေနဲ့လည်း နှိုင်းယှဉ် ကြည့်ရှုလို့ ရပါတယ်။

Google Analytics

Acquisition ထဲမှာတော့ သင့်ဝက်ဆိုဒ်ကို လာတဲ့သူတွေဟာ တိုက်ရိုက် ရှာပြီး ရောက်လာတာလား၊ လင့်ခ်တွေကနေ တစ်ဆင့် ရောက်လာတာလား၊ Social Media တွေက ၀င်ရောက်လာတာလား ဆိုတာ ရာခိုင်နှုန်းတွေနဲ့ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၂ )

နောက်တစ်ခုက Behavior ပါ။ ဒီထဲကနေတစ်ဆင့် သင်ဟာ Content တစ်ခုချင်းစီ သို့ Categories တစ်ခုချင်းစီအလိုက် Page View ဘယ်လောက် ၀င်သလဲဆိုတာကို သိရှိနိုင်ပါတယ်။

Acquisition report

ကဲ… ဒီလိုဆိုရင် သင်ဟာ ပြီးပြည့်စုံတဲ့ Google Analytic အကောင့်တစ်ခုကို ရရှိ ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။ Home ကို ပြန်သွားပြီး သင်သိလိုတဲ့ အချက်အလက်တွေကို စမ်းသပ် ကြည့်ရှုနိုင်ပါပြီ။

Google Analytic ထဲက အခြားသော အသုံးဝင်နိုင်တဲ့ Tools တွေ အကြောင်းနဲ့ Google Analytic ကို Google Ads တို့ Adsense တို့နဲ့ ဘယ်လို လွယ်ကူ အဆင်ပြေစွာ ချိတ်ဆက်ပြီး အသုံးပြုနိုင်မလဲ ဆိုတာတွေကိုလည်း ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၁ )

Su Mon Oo

Business2Community

Myanmar Advertising Directory

Read times
Rate this item
(2 votes)