-->
×

Warning

JUser: :_load: Unable to load user with ID: 29


Creativity ကောင်းသူများရွေးချယ်သင့်တဲ့ အလုပ်အကိုင်များ

အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တစ်ခု ရွေးချယ်ရာမှာ သင်ကျွမ်းကျင်တဲ့ နယ်ပယ် ဖြစ်ရင် ကောင်းပါတယ်။ သင့်ရဲ့ ပါရမီအစွမ်းအစကို ပြခွင့်ရရင် ပိုကောင်းပါတယ်။ တကယ်လို့ သင်ဟာ ဖန်တီးမှုအားကောင်းသူတွေဆိုရင် သင့်ရဲ့ စွမ်းရည်ကနေ ဝင်ငွေကောင်းကောင်း ရှာလို့ရပါတယ်။
စိတ်ကူးဉာဏ်ထက်သန်အားကောင်းသူတွေအတွက် အလုပ်အကိုင်ကောင်းတွေက အသင့် ရှိနေပါတယ်။ ဒီလို အလုပ်အကိုင်တွေထဲကမှ ရွေးချယ်ဖို့ အကောင်းဆုံး အလုပ်အကိုင် ၅ မျိုး ရှိပါတယ်။

 

(၁) အင်ဂျင်နီယာ

အဆောက်အဦဗိသုကာဒီဇိုင်း အင်ဂျင်နီယာတွေဟာ တကယ့်ကို ဖန်တီးမှုအားကောင်းဖို့ လိုပါတယ်။ မိုးမျှော်တိုက်ကြီးတွေ ၊ လမ်းတံတားနဲ့ အထိမ်းအမှတ်အဆောက်အဦတွေ ရေးဆွဲတည်‌‌ဆောက်ဖို့ သူတို့ဦး‌နှောက်ထဲမှာ စိတ်ကူးပုံကွန့်မြူး ထက်သန်နေမှ ဖြစ်မှာပါ။ ဒါကြောင့် အဆောက်အဦတွေ ဒီဇိုင်းထုတ်တဲ့ အပိုင်းလည်း စိတ်ဝင်စားတယ်၊ ကိုယ့်ဖန်တီးဉာဏ်ကိုလည်း သုံးချင်တယ်ဆိုရင် အင်ဂျင်နီယာအလုပ် လုပ်သင့်ပါတယ်။

(၂) စာရေးဆရာ

စာအရေးအသား အတတ်နဲ့ စိတ်ကူးစိတ်သန်းကောင်းတယ်ဆိုရင် သင့်ခေါင်းထဲက စကားလုံးတွေ ၊ ဖြစ်ရပ်နဲ့ မှတ်ဉာဏ်တွေဟာ ထူးခြားပြောင်မြောက်ဝါကျတွေ ဖြစ်လာနိုင်ပါတယ်။ စာရေးသားခြင်းဟာ သမိုင်းစာမျက်နှာတစ်ခုကို တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ သင့်ရဲ့ စာအုပ်တွေဟာ လူတွေရဲ့ စကားဝိုင်းမှာ ရည်ညွှန်းကိုးကားစရာ သမိုင်းဖြစ်လာနိုင်ပါတယ်။

(၃) ဓါတ်ပုံဆရာ

 

ဓါတ်ပုံရိုက်ကူးမှုအတတ်ပညာဟာ တကယ့်ကို ထူးခြားတဲ့ အနုပညာတစ်ခုပါ။ ဒီနေ့ခေတ်မှာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတစ်ယောက်ရဲ့ ဝင်ငွေဟာ အတော်လေးကို မြင့်မားပါတယ်။ ဓါတ်ပုံရိုက်နည်းကို ပရော်ဖက်ရှင်နယ်ကျကျ တတ်မြောက်ပြီဆိုရင် မင်္ဂလာဆောင်နဲ့ အခမ်းအနားတွေအတွက် ကိုယ်ပိုင် Brand နဲ့ စတူဒီယိုဖွင့်ပြီး ရိုက်ကူးနိုင်သလို မားကတ်တင်းအေဂျင်စီအတွက်လည်း အလွတ်တန်းပညာရှင်တစ်ယောက်အဖြစ် ချိတ်ဆက်လုပ်ကိုင်ပေးနိုင်ပါတယ္။

(၄) ဒီဇိုင်နာ

 

Web Designer ၊ Graphic Designer ၊ ဖက်ရှင်ဒီဇိုင်နာ စသည်ဖြင့် ဒီဇိုင်းနယ်ပယ်ဟာ ကျယ်ဝန်းလှပါတယ်။ နယ်ပယ်ကျယ်သလို စီးပွားရေးနဲ့ အသက်မွေးဖို့အတွက်လည်း အလွန်လွယ်ကူချောမွေ့တဲ့ သက်မွေးနယ်ပယ် ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ အသက်မွေးမယ့်သူဟာ နည်းပညာပိုင်း ကျွမ်းကျင်ဖို့အပြင် ဖန်တီးမှုအားလည်းကောင်းမှ အောင်မြင်မှာပါ။

(၅) ကြော်ငြာမန်နေဂျာ

 

ကြော်ငြာဈေးကွက်ဟာ အလွန်ကို ကြီးမားတဲ့ ဈေးကွက်ပါ။ ဒီဘက်ခေတ်မှာ Digital Marketing ဆိုပြီး နည်းလမ်းသစ်တွေနဲ့ ကြော်ငြာတဲ့ အဆင့်ကို ရောက်လာပါပြီ။ ကြော်ငြာတစ်ခုဟာ စားသုံးသူ/ကြည့်ရှုသူကို ထိရောက်ပြီး အကျိုးရှိတဲ့ မက်ဆေ့အပြင် ဆန်းသစ်ပြီး မှတ်ဉာဏ်ထဲ စွဲကျန်နေခဲ့မယ့် ပုံစံနဲ့ ကြော်ငြာဖို့ လိုပါတယ်။ ဒီအတွက် ဖန်တီးမှု လိုပါတယ်။

ဒီနေ့အချိန်အခါမှာ ဖန်တီးမှုဟာ စီးပွားရေး ဖြစ်ပါတယ်။ ဖန်တီးဉာဏ်ထက်သန်သူတွေကို နယ်ပယ်တိုင်းက လိုအပ်နေကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ဖန်တီးမှု အားကို အကျိုးရှိမယ့် လုပ်ငန်းနယ်ပယ်မှာ သုံးဖို့ တိုက်တွန်းလိုက်ပါတယ်။

 

MDN

Read times
Rate this item
(1 Vote)