-->
×

Warning

JUser: :_load: Unable to load user with ID: 29


သကြားလုံးကို ဝိတ်ကျဆေးအဖြစ် ပြောဆိုကြော်ငြာသဖြင့် Jing Tian ယွမ် သန်းချီ ဒဏ်တပ်ခံရ

သကြားလုံးကို ဝိတ်ကျဆေးအဖြစ် ပြောဆိုကြော်ငြာသဖြင့် Jing Tian ယွမ် သန်းချီ ဒဏ်တပ်ခံရ

 

တရုတ်မင်းသမီး Jing Tian က သကြားလုံးများကို ကိုယ်အလေးချိန်ကျစေသည့်ဆေးအဖြစ် ကြော်ငြာတွင် ပြောဆိုသဖြင့်တရုတ်နိုင်ငံ၏ ကြော်ငြာဥပဒေကို ချိုးဖောက်သည့်အတွက် ဒေယွမ် သန်းချီ ဒဏ်တပ်ခံရသည်။

 

၂၀၁၆ တွင် ထုတ်လုပ်သည့်  Great Wall နှင့် ၂၀၁၈ တွင် ထုတ်လုပ်သည့်  Uprising အပါအဝင် ဝင်ငွေစံချိန်တင် ဟောလီဝုဒ်ရုပ်ရှင်များတွင် သရုပ်ဆောင်ခဲ့သည့် Jing သည် Infinite Free ၏ ambassador ဖြစ်သည်။

Infinite Free က ကွမ်ကျိုအခြေစိုက် ကုမ္ပဏီဖြစ်ပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက် သကြားလုံးများသည် ကိုယ်ခန္ဓာက သကြားဓာတ် ၊ အဆီဓာတ်တို့ စုပ်ယူခြင်းကို ကာကွယ်တားဆီးပေးသဖြင့် ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးသည်ဟု အခိုင်အမာ ပြောဆိုသည်။

 

ကြော်ငြာများတွင် အသက် ၃၃ ရှိသူ မင်းသမီး Jing က အစာတစ်နပ်စားပြီးတိုင်း သကြားလုံးနှစ်လုံး စားပေးပါက ကိုယ်ခန္ဓာအလှမပျက်အောင် ထိန်းထားနိုင်ကြောင်း ပြောကြားသည်။

 

ထိုကြော်ငြာများကိုJD.com နှင့် Alibaba ၏ Taobao  အပါအဝင်  e-commerce ဝဘ်ဆိုက်များတွင် ပြသထားသည်ကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။

 

ကွမ်ကျိုမှ ကြီးကြပ်ရေးအဖွဲ့က မေလ ၂၈ ရက်တွင် ယွမ် ၇.၂၂ သန်း ဒဏ်ရိုက်ကြောင်း၊ သာမန်သကြားလုံးကို ကုထုံးသဖွယ် အကျိုးသက်ရောက်သည်ဟု မပြောနိုင်ပါလျက် ဆေးဘက်ဝင်သည့်နှယ် အခိုင်အမာ ပြောဆိုပြီး ကြော်ငြာသည့်အတွက် ကြော်ငြာဥပဒေအရ ဒဏ်ရိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။

 

#MyanmarAdvertisingGuide

Read times
Rate this item
(0 votes)