-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်ကျစရိတ်သက်သာတဲ့ Facebook Ads တစ်ခုဖန်တီးမယ်ဆိုရင်

ကုန်ကျစရိတ်သက်သာတဲ့ Facebook Ads တစ်ခုဖန်တီးမယ်ဆိုရင် google

Facebook ဟာ အခြားသော သမားရိုးကျကြော်ငြာတွေလို fix rate ပုံသေနှုန်းနဲ့ မကောက်ပါဘူး။

လေလံစနစ်နဲ့ ကောက်ခံပါတယ်။ ဘာလို့်လဲဆိုတော့ ဖေ့စ်ဘုတ် ရဲ့ news feed algorithm ကြောင့် လို့ပြောလို့ရတယ်။ ဖေ့စ်ဘုတ် အသုံးပြုသူရဲ့ news feed မှာ ကြော်ငြာပို့စ် ဘယ်နှစ်ကြိမ်ပြမယ်၊ ဘယ်လောက်ကြာ တစ်ခါပြမယ် စတာတွေကို algorithm က တွက်ချက် သတ်မှတ်ထားပါတယ်။ နောက်ပြီး အဲဒီ ဖေ့စ်ဘုတ် အသုံးပြုသူရဲ့ လတ်တလော စိတ်ဝင်စားမှုတွေကို algorithm အရ ခြေရာခံ မှတ်သားထားပါတယ်။ ဖေ့စ်ဘုတ်ဟာ ကြော်ငြာသူနဲ့ အသုံးပြုသူကြား ချိတ်ဆက်ပေးတဲ့ agent ပါပဲ။

 

ကြော်ငြာမယ့်သူတွေက များပြားပြီး Facebook User တွေရဲ့ news feed ဟာလည်း အကန့်အသတ်ကြောင့် လေလံဆွဲတဲ့စနစ် ဖြစ်ပေါ်လာပါတယ်။ ဒါ့ကြောင့် ကြော်ငြာမယ့် လုပ်ငန်းရှင်တွေဟာ သူတို့ကြော်ငြာ Post ကို သက်ဆိုင်ရာ news feed မှာပေါ်လာဖို့ အပြိုင်အဆိုင် လေလံဆွဲကြရပါတယ်။ လေလံစနစ် သီးသန့်နဲ့ သွားသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘာလို့လဲဆိုတော့ လေလံကြေးများများ ပေးတဲ့သူတိုင်းက လေလံမနိုင် (သို့) news feed မှာ မပြလို့ပါပဲ။

အကျိုးသက်ရောက်မှု ရှိတဲ့ Facebook Ads Campaign တစ်ခုဖန်တီးမယ်ဆိုရင် 

တခြားထည့်သွင်းစဉ်းစားရမယ့် အချက်က ကိုယ်ဖန်တီးထားတဲ့ ကြော်ငြာက မြင်တဲ့သူအပေါ်သက်ရောက်မှု နဲ့လည်းဆိုင်တယ်။ ကိုယ်ရွေးတဲ့ ကမ်ပိန်းအတိုင်း algorithm အရ လူတွေဆီကို ဖေ့စ်ဘုတ်က news feed မှာ ပြသပေးလိမ့်မယ်၊ သို့သော် အဲဒီလူတွေက ကိုယ့်ကြော်ငြာကို မကြည့်ဘဲကျော်သွားရင် အလိုအလျောက် score ကျလာလိမ့်မယ်။ ဒါ့ကြောင့် လေလံကြေး+ ကြော်ငြာပို့စ်က မြင်တွေ့သူအပေါ် သက်ရောက်မှု ပေါ်မူတည်ပြီး ကြော်ငြာစရိတ် ကွာခြားသွားမယ်။ လူတွေ စိတ်မဝင်စားတဲ့တာတွေ ကြော်ငြာလေလေ ကြော်ငြာကုန်ကျစရိတ် ကြီးလာ လေလေလို့ မှတ်ယူပါ။


ကိုယ်ဘယ်လောက် ကျွမ်းကျွမ်း ထိန်းချုပ်လို့မရတာက အချိန်ပါပဲ။ နောက်ပိုင်း ဖေ့စ်ဘုတ်မှာ ကြော်ငြာတဲ့သူ အရမ်းများလာတဲ့ အချိန်ရောက်လာရင် စရိတ်တွေကလည်း တအိအိလိုက် တက်လာလိမ့်မယ်။ ဒါ့ကြောင့် ကြော်ငြာနည်းစနစ်ကို စောစောစီးစီး လေ့လာထားပြီး မြန်မြန် ကျင့်သုံးဖို့လိုတယ်နော်။ ထိရောက်ပြီး ကုန်ကျစရိတ် သက်သာတဲ့ ဖေ့စ်ဘုတ် ကြော်ငြာဖန်တီးတတ်ဖို့က content creation ကောင်းရုံလေးနဲ့ မရတော့ဘူး စ၊ လယ်၊ ဆုံး ကြော်ငြာတစ်ခုကို ကောင်းကောင်း ကိုင်တွယ်တတ်မှရပါမယ်။


Source; Loyal Mandalay

Myanmar Advertising Directory

Read times
Rate this item
(3 votes)