-->
×

Warning

JUser: :_load: Unable to load user with ID: 29


စိတ္ဓါတ္စြမ္းရည္အားေကာင္းသူတို႔ရဲ႕ လကၡဏာ ၁၀ခု

စိတ္ဓါတ္စြမ္းရည္အားေကာင္းသူတို႔ရဲ႕ လကၡဏာ ၁၀ခု google.com

၁။ အေျပာင္းအလဲကို လက္ခံတတ္ၾကပါတယ္။ ႐ုတ္တရက္ေျပာင္းလဲသြားတဲ့ အေျခအေနအေပၚ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေဆာင္ႏုိင္ၾကသလို ေျပာင္းလဲဖုိ႔ လိုအပ္လာရင္လည္း ေျပာင္းလဲၾကပါတယ္။


၂။ ကိုယ့္ရဲ႕အားသာခ်က္၊ အားနည္းခ်က္ေတြကို ေကာင္းေကာင္းသိပါတယ္။ အဲ့ဒီအရာေတြကို အေျခခံၿပီး ေအာင္ျမင္မႈရေအာင္ ဖန္တီးၾကသူေတြပါ။

၃။ စကားေျပာရင္လည္း ေစာင္းေျမာင္းေျပာတာေတြ မလုပ္ဘဲ ေျပာစရာ႐ွိရင္ တစ္ဖက္သားနားလည္ေအာင္ ႐ွင္း႐ွင္းလင္းလင္း ေျပာတတ္ၾကပါတယ္။


၄။ လူကဲခတ္တတ္ၾကပါတယ္။ သူတုိ႔ကို စကားေျပာမယ္ဆို လိမ္ဖုိ႔ခက္ပါတယ္။ သူတုိ႔က သင့္ရဲ႕ စကားေျပာဟန္၊ အမူအယာနဲ႔ လႈပ္႐ွားမႈေတြကို သတိထားၿပီး လိမ္ေနသလား၊ တကယ္ေျပာတာလားဆုိတာ သိၾကပါလိမ့္မယ္။

ေနာက္ၿပီး အဲ့ဒီလူဟာ ဘယ္လိုလူမ်ိဳးလဲ ဆုိတာကိုလည္း လူကဲခတ္ရင္း သိၾကသူေတြပါ။

Read-ဘ၀ကို အေကာင္ဆံုးပံုေဖာ္ေပးႏုိင္တဲ႔ စကားလံုးမ်ား

၅။ ျငင္းဆန္ဖုိ႔ လိုအပ္လာရင္ ဟိုလိုလို ဒီလိုလို အေၾကာင္းျပခ်က္ေတြ မေပးဘဲ ျငင္းတတ္ၾကပါတယ္။ ပါးနပ္သူေတြဆုိေတာ့ ျငင္းစရာ႐ွိလို႔ ျငင္းမယ္ဆုိရင္ေတာင္ အခင္မင္မပ်က္ေအာင္ ေျပာတတ္ၾကပါတယ္။

၆။ အမွားေတြကို လက္ခံႏိုင္သူေတြပါ။ ကိုယ္တုိင္ေရာ တပါးသူရဲ႕ အမွားေတြကိုပါ နားလည္လက္္ခံေပးၿပီး အလားတူအမွားမ်ိဳး မျဖစ္ေအာင္ ဂ႐ုစိုက္ၾကသူေတြျဖစ္ပါတယ္။

၇။ ေပးစရာ႐ွိတာ ေပးၿပီးရင္ ျပန္ရဖုိ႔ မေမွ်ာ္လင့္တတ္ၾကပါဘူး။ တစ္နည္းဆုိရရင္ တစ္ဖက္သားကို ေမွ်ာ္လင့္ခ်က္နဲ႔ ကူညီသူေတြမဟုတ္ၾကပါဘူး။

၈။ အဆိုးျမင္သမားေတြနဲ ႔ေတြ႕ရင္လည္း သူတုိ႔ရဲ႕လုပ္ရပ္ေတြကို ေအးေအးလူလူပဲ တု႔ံျပန္ပါတယ္။ ေသြးဆူေနသူေတြဟာ ထက္ျမက္တဲ့ စိတ္ထားပိုင္႐ွင္ေတြနဲ႔ေတြ႔ရင္ ႐ံႈးနိမ့္ရေတာ့တာပါပဲ။

၉။ အရာအားလံုး ၿပီးျပည့္စံုေနတာ မဟုတ္မွန္း ေကာင္းေကာင္းႀကီး လက္ခံထားသူေတြလည္း ျဖစ္ပါတယ္။

၁၀။ ကိုယ့္ကိုယ္ကိုယ္ ဘာဆိုတာ နားလည္သေဘာေပါက္ၿပီး အၿမဲတမ္း အလိုမက်ျဖစ္ေနတာမ်ိဳး မ႐ွိပါဘူး။ ကိုယ့္ဆီမွာ႐ွိတဲ့အရာေတြနဲ႔ ကိုယ္႔ဘဝထဲကလူေတြကို တန္ဖိုးထားတတ္ၾကသူေတြျဖစ္ပါတယ္။

Credit; Phothutaw

(Unicode Version)

၁။ အပြောင်းအလဲကို လက်ခံတတ်ကြပါတယ်။ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေအပေါ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ကြသလို ပြောင်းလဲဖို့ လိုအပ်လာရင်လည်း ပြောင်းလဲကြပါတယ်။

၂။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို ကောင်းကောင်းသိပါတယ်။ အဲ့ဒီအရာတွေကို အခြေခံပြီး အောင်မြင်မှုရအောင် ဖန်တီးကြသူတွေပါ။

၃။ စကားပြောရင်လည်း စောင်းမြောင်းပြောတာတွေ မလုပ်ဘဲ ပြောစရာရှိရင် တစ်ဖက်သားနားလည်အောင် ရှင်းရှင်းလင်းလင်း ပြောတတ်ကြပါတယ်။

၄။ လူကဲခတ်တတ်ကြပါတယ်။ သူတို့ကို စကားပြောမယ်ဆို လိမ်ဖို့ခက်ပါတယ်။ သူတို့က သင့်ရဲ့ စကားပြောဟန်၊ အမူအယာနဲ့ လှုပ်ရှားမှုတွေကို သတိထားပြီး လိမ်နေသလား၊ တကယ်ပြောတာလားဆိုတာ သိကြပါလိမ့်မယ်။ နောက်ပြီး အဲ့ဒီလူဟာ ဘယ်လိုလူမျိုးလဲ ဆိုတာကိုလည်း လူကဲခတ်ရင်း သိကြသူတွေပါ။

၅။ ငြင်းဆန်ဖို့ လိုအပ်လာရင် ဟိုလိုလို ဒီလိုလို အကြောင်းပြချက်တွေ မပေးဘဲ ငြင်းတတ်ကြပါတယ်။ ပါးနပ်သူတွေဆိုတော့ ငြင်းစရာရှိလို့ ငြင်းမယ်ဆိုရင်တောင် အခင်မင်မပျက်အောင် ပြောတတ်ကြပါတယ်။

၆။ အမှားတွေကို လက်ခံနိုင်သူတွေပါ။ ကိုယ်တိုင်ရော တပါးသူရဲ့ အမှားတွေကိုပါ နားလည်လက််ခံပေးပြီး အလားတူအမှားမျိုး မဖြစ်အောင် ဂရုစိုက်ကြသူတွေဖြစ်ပါတယ်။

၇။ ပေးစရာရှိတာ ပေးပြီးရင် ပြန်ရဖို့ မမျှော်လင့်တတ်ကြပါဘူး။ တစ်နည်းဆိုရရင် တစ်ဖက်သားကို မျှော်လင့်ချက်နဲ့ ကူညီသူတွေမဟုတ်ကြပါဘူး။

၈။ အဆိုးမြင်သမားတွေနဲ ့တွေ့ရင်လည်း သူတို့ရဲ့လုပ်ရပ်တွေကို အေးအေးလူလူပဲ တု့ံပြန်ပါတယ်။ သွေးဆူနေသူတွေဟာ ထက်မြက်တဲ့ စိတ်ထားပိုင်ရှင်တွေနဲ့တွေ့ရင် ရှုံးနိမ့်ရတော့တာပါပဲ။

၉။ အရာအားလုံး ပြီးပြည့်စုံနေတာ မဟုတ်မှန်း ကောင်းကောင်းကြီး လက်ခံထားသူတွေလည်း ဖြစ်ပါတယ်။

၁၀။ ကိုယ့်ကိုယ်ကိုယ် ဘာဆိုတာ နားလည်သဘောပေါက်ပြီး အမြဲတမ်း အလိုမကျဖြစ်နေတာမျိုး မရှိပါဘူး။ ကိုယ့်ဆီမှာရှိတဲ့အရာတွေနဲ့ ကိုယ့်ဘဝထဲကလူတွေကို တန်ဖိုးထားတတ်ကြသူတွေဖြစ်ပါတယ်။
Credit; Phothutaw

Read times
Rate this item
(1 Vote)