-->
×

Warning

JUser: :_load: Unable to load user with ID: 29


Macy's ရဲ့ခရစ်စမတ်ကာလကို ဖော်ညွှန်းထားတဲ့ကြော်ငြာအသစ်





Virginia လေးစိတ်မကောင်းများစွာဖြစ်ခဲ့ရပါတယ် သို့ပေမဲ့ Christmas အချိန်အခါကိုရောက်သောအခါ Virginia ရဲ့မိဘတွေမှ ကလေးမလေးရဲ့ Santa ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်စီးပေးဖို့ကားတစ်စီးနဲ့




 


 





Unicode >>> 

ခရစ်စမတ်ဆိုတာ ကမ္ဘာ့နေရာအသီးသီးမှပျော်ရွှင်စရာ အချိန်အခါတစ်ခုပါ။လမ်းမီးများကို ထိန်လင်းစွာထွန်းထားပြီး , အမှတ်တရလက်ဆောင်တွေ , ကောင်းချီးမင်္ဂလာ ပေးခြင်းတွေရဲ့အချိန်အခါပေါ့ကွယ်။

Macy's ကြော်ငြာ campaign ရဲ့ဇာတ်လိုက်ကျော်မလေး Virginia ဟာ ပြီးခဲ့တဲ့ ကျေးဇူးတော်နေ့က Santa Claus ကိုတွေ့ခဲ့တာမို့ သူမရဲ့ဆန္ဒက သူမကြီးလာလျင် Santa Claus ဖြစ်ချင်ပါတယ်ဆိုတဲ့အတွေးလေးဝင်လာပါတော့တယ်။

ကြော်ငြာလေးကို ဇာတ်လမ်းသွားလေးပုံစံရိုက်ကူးထားပြီး Virginia ဆိုတဲ့ ကလေးမလေး နဲ့သူမရဲ့ပျော်ရွှင်ဖွယ် မိသားစုလေးအကြောင်းကိုရိုက်ကူးပြသထားတာပါ။
သူမ ဟာ Santa Claus ဖြစ်ချင်ပြီးသူမရဲ့ အနာဂတ်အိမ်မက်ကိုကျောင်းတွင်ပြောပြစဉ်သူမ ရဲ့ အတန်းဖော်သူငယ်ချင်းများမှ Virginia လေးကို ဝိုင်းလှောင်ကြပါတော့တယ်။

Virginia လေးစိတ်မကောင်းများစွာဖြစ်ခဲ့ရပါတယ် သို့ပေမဲ့ Christmas အချိန်အခါကိုရောက်သောအခါ Virginia ရဲ့မိဘတွေမှ ကလေးမလေးရဲ့ Santa ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့််စီးပေးဖို့ကားတစ်စီးနဲ့

လက်ဆောင်အပြည့်ထည့်ကာမြို့အနှံအပြား လိုက်ဝေ ပေးခဲ့ပါတယ်။ သူမဝေပေးတဲ့သူများထဲမယ် သူမကိုသရော်ခဲ့တဲ့အတန်းဖော်များပါ ပါဝင်ပါသတဲ့။

ဒီကြော်ငြာလေးကို Santa Girl လို့နာမည်ပေးထားပါတယ်။နယူးရောဇ့်ကကြော်ငြာအေဂျင်စီဖြစ်တဲ့ BBDO မှ ဒီကြော်ငြာလေးကိုတာဝန်ယူထုတ်လုပ်ထားပြီး ဒါရိုက်တာ Garth Davis ကရိုက်ကူးထားပါတယ်။

ကြော်ငြာဒီဇိုင်းပုံစံဖန်တီးသူများကတော့ David Lubars , Greg Hahn , Danilo Boer, Marcos Kotlhar တို့ပါ။RESET Content ကနေ ထုတ်လုပ်ထားပြီး ယခု နိုဝင်ဘာလမှာစတင်ထွက်ရှိပါတယ်။

 


2020 တွင် Facebook မှ ကြော်ငြာ များကန့်သတ်မည်

 

Macy's စတိုးဆိုင်ရဲ့စီးပွားရေးလုပ်ငန်းစုဟာ ၁၈၅၈ မှာ အမေရိကန်အခြေပြု စတင်တည်ထောင်ခဲ့ပါတယ်။၁၉၉၄ မှာမှ ယခု စတိုးဆိုင်တွေပုံစံ ဆိုင်အမြှောက်အများ ဖြစ်ပေါ်လာခဲ့တာပါ။

၂၀၁၅ မှာ Macy's ဆိုင်ဟာ အမေရိကန်ရဲ့အကြီးဆုံးလက်လီစတိုးဆိုင်ကြီးများစာရင်းမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်။

Macy's မှ အဝတ်အထည် , အသုံးအဆောင်ပစ္စည်းများ စုံလင်စွာရောင်းချတယ်သိရပါတယ်။ဒီကြော်ငြာလေးဟာ ရာသီ theme နဲ့ရိုက်ကူးထားပြီး

ဇာတ်လမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးထားတယ်သိရပါတယ်။နိုဝင်ဘာလအတွက် ဒီကြော်ငြာလေးဟာ အသစ်စက်စက်ဖြစ်ပြီးလူကြည့်များနေပါတယ်။

Source From Advert.ge

Myanmar Advertising Directory 

Read times
Rate this item
(0 votes)