-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြော်မြင်ခြင်း ရှိစေ

မြော်မြင်ခြင်း အနာဂတ်၌ မိမိဘဝ ဖြစ်စေ၊ မိမိလုပ်ကိုင်ပေးလျက်ရှိသော အဖွဲ့အစည်း ဖြစ်စေ

မည်သို့ဖြစ်မည်ကို ကြိုမြင်ကြည့်ခြင်း ဖြစ်သည်။ မည်သို့ မည်ပုံ ပြောင်းလဲသွားလိမ့်မည်ဆိုသည်ကို မျှော်ဆကြည့်ခြင်း ဖြစ် သည်။ တကယ် အောင်မြင်ဖြစ်ထွန်းစေသော မြော်မြင်ခြင်းတစ်ရပ် သည် မိမိ၏ ဘဝကိုဖြစ်စေ၊ မိမိလုပ်ကိုင်ပေးသည့် အဖွဲ့အစည်းကို ဖြစ်စေ ဉာဏ်ကောင်းအကြံကောင်းများ ဖြစ်ပေါ်စေသည်။ ချမှတ်သမျှ သော ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှု ပေးပြီး ကောင်းရာကောင်းကြောင်းသို့ ရောက်ရှိစေလိမ့်မည်။

မြော်မြင်ခြင်း ရှိစေ
===========
အမေရိကန်နိုင်ငံမှ ဝေါလ်မတ် လက်လီစတိုး အရောင်းဆိုင်လုပ်ငန်း သည် ကမ္ဘာပေါ်တွင် ဝင်ငွေအရ ကြည့်မည်ဆိုပါက အကြီးမားဆုံးသော အများပိုင် ကော်ပိုရေးရှင်းကြီးများထဲမှ တစ်ခု ဖြစ်သည်။
ထူထောင်သူ ဆမ် ဝေါလ်တန်က ‘‘တကယ်လို့ ကျွန်တော်တို့ အလုပ်အတူလုပ်ကြပြီး လူတိုင်းရဲ့ နေထိုင်စရိတ်တွေကို ကျွန်တော်တို့ လျော့ကျအောင် လုပ်ပေး နိုင်မယ်ဆိုရင် ကျွန်တော်တို့ လူအများတို့ကို ချွေတာရေးနဲ့အတူ ပိုကောင်းမွန်တဲ့ဘဝမျိုးကို ရနိုင်တဲ့ အခွင့်အလမ်းတစ်ခု ရှိနေပါလား ဆိုတာကို မြင်သွားစေမှာ ဖြစ်ပါတယ်’’
‘‘လူတွေ ငွေချွေတာပြီး ပိုမိုကောင်းမွန်တဲ့ဘဝ ရရှိဖို့ ကူညီပေးရန်’’
သည် ဝေါလ်မတ်၏ မြော်မြင်ခြင်းတစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်။
မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်း၏ မြော်မြင်ခြင်းမှာ
‘‘မိမိတို့၏ လုပ်ကိုင် နိုင်မှု အလားအလာကို အပြည့်အဝ တကယ်အသုံးချရန်အတွက် ကမ္ဘာ တစ်လွားရှိ လူအများတို့နှင့် လုပ်ငန်းများတို့ကို ကူညီရန်’’
ဟူ၍ဖြစ်သည်။
ဂူးဂဲ၏ မြော်မြင်ထားပုံမှာ
‘‘ကမ္ဘာ့သတင်းအချက်အလက်များကို စနစ် တကျ ရှိစေရေးနှင့် တစ်ကမ္ဘာလုံးမှ လက်လှမ်းမီအောင်နှင့် အသုံးတည့် အောင် လုပ်ကိုင်ပေးရေး’’
ဟူ၍ ဖြစ်သည်။
နိုက်ကီ၏ရည်မှန်းချက်မှာ
‘‘ဉာဏ်ကွန့်မြူးခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းများကို ကမ္ဘာပေါ်တွင် ရှိရှိ သမျှ အားကစားသမားတိုင်းထံသို့ ဆောင်ကျဉ်းပေးရန်’’
ဟူ၍ ဖြစ်သည်။

မြော်မြင်ခြင်းတစ်ရပ်သည် လူအများတို့၏ အနာဂတ် ပြုမူပုံကို ထိန်းကျောင်းပေးနိုင်လောက်အောင် ပီပီပြင်ပြင် ရှိရမည်။ သို့သော် ယေဘုယျဆန်နေဖို့လည်း လိုသည်။ သို့မှသာ စိတ်ကူးထားသော မြော် မြင်ခြင်းကို လက်တွေ့လုပ်ကိုင်ရာ၌ ကြုံတွေ့ရသည့် အခြေအနေ အကြောင်းခြင်းရာများအရ ပြောင်းလဲကွေးညွတ်ပေး၍ ရမည်ဖြစ်သည်။ ထို့အပြင် မြော်မြင်ထားသည်ကို လက်ဝယ်ရရှိရန် မည်သို့ အကောင်းဆုံး ဖြစ်အောင် လုပ်ကိုင်ရမည်ကို ပဏာမခြေလှမ်း ဆုံးဖြတ်ရာ၌ အဖွဲ့အစည်း အနေဖြင့် မြော်မြင်ခြင်းကို အခြေပြုပြီး စဉ်းစားချမှတ်ပေးနိုင်မည်ဖြစ် သည်။

အထုပ်ဖြေပြပါ
=====
အချို့မြော်မြင်ခြင်းများသည် အမြင်အားဖြင့် ငုံးတိတိ ဖြစ်နေသည်။ ရိုးရှင်းနေသည်။ သို့ဖြစ်ရာ အထုပ်ဖြေပြရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ အဖွဲ့အစည်း၏ တန်ဖိုးထားပုံများ အကုန်လုံးကို လှစ်ဟပြသ ပေးမည်ဖြစ်သည်။ ထိုသို့ ရှင်းပြသည့်အခါ အကောင်းဆုံး ဥပမာများဖြင့် ၎င်းတန်ဖိုးများ အားလုံးတို့ကို ရိုးရိုးရှင်းရှင်းနှင့် ပြတ်သားသော ဖော်ပြ ချက်တစ်ခုတွင် ထည့်သွင်းပေးထားရမည်။
ဝူရှောင်ဘင်းသည် ဆေးဝါးကုမ္ပဏီ ဝိုင်းရက်သ် ချိုင်းနား၏ ဥက္ကဋ္ဌ နှင့် ဦးဆောင်ညွန်ကြားရေးမှူးချုပ်ဖြစ်သည်။ သူက ပြောပြသည်။
‘‘ကျွန် တော့အဖို့ ခေါင်းဆောင်တစ်ဦးအတွက် အရေးကြီးဆုံးအရာက မြော်မြင် ခြင်းတစ်ရပ်ကို ဖန်တီးဖို့နဲ့ အဲဒီ မြော်မြင်ခြင်းကို စီမံခန့်ခွဲမှုအဖွဲ့မှာ ပါသူတိုင်းက ယုံကြည်မှု ရှိစေဖို့၊ စိတ်ထဲ သေချာနေဖို့၊ စိတ်တက်ကြွမိ ဖို့နဲ့ အဲဒါကို ရဖို့အတွက် လုပ်ကိုင်ဖို့တို့ကို လုပ်ကိုင်ပေးနိုင်ဖို့ ဖြစ်ပါ တယ်။ ဖြစ်ရပ်များ အားလုံးနီးပါးမှာ တကယ်လို့ မြော်မြင်ခြင်းတစ်ရပ် ရှိနေတယ်ဆိုရင် လူအများတို့ အတူတကွ အလုပ်ကြိုးစားကြပြီးအံ့စရာကို ဖန်တီးကြတယ်။ တကယ်လို့ ခင်ဗျားက နေ့စဉ်အလုပ်တွေကိုပဲ လုပ်ကိုင် ပေးနေပြီး နေ့တိုင်း အလုပ်တွေများနေတယ်ဆိုရင် ခင်ဗျား သိပ်ဝေးတဲ့ဆီ ကို ရောက်မှာ မဟုတ်ဘူး။ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။ ခေါင်းဆောင် မှာ ကောင်းမွန်တဲ့မြော်မြင်ခြင်း တစ်ရပ် ရှိရမယ်။ ဒါမှ လူအများဆို့ စိတ် အားထက်သန်ကြမယ်’’
ဝိုင်းရက်သ်၏ ကော်ပိုရိတ် မြော်မြင်ထားသည့် ရည်မှန်းချက်မှာ
‘‘ကမ္ဘာ့အကောင်းဆုံး ဆေးဝါး ကုမ္ပဏီတစ်ခု ဖြစ်ရန်’’
ဟူ၍ ဖြစ်သည်။ ထိုမြော်မြင်ချက်ကို အထုပ်ဖြေကြည့်လိုက်သည့်အခါ
‘‘ဆေးဝါးအသစ်များ တီထွင်ထုတ်လုပ်ရန်၊ ၎င်းဆေးဝါးအသစ်များသည် လူများ၏ အသက်၊ ကျန်းမာရေးနှင့် ဘဝများကို တစ်မူထူးခြားသွားစေ ရမည်ဖြစ်ပြီး ဆေးပညာနှင့် ဆေးဝါးတို့မှ ဖြည့်ဆည်းမပေးနိုင်သေးသော နေရာများကို ထိရောက်စွာ ကိုင်တွယ်ပေးနိုင်သည့် ဆေးဝါးမျိုး ဖြစ်နေ ရမည်’’
ဟူသည့် ပန်းတိုင်များကို တွေ့ရမည်ဖြစ်သည်။

လက်တွေ့ကျကျဖြစ်စေခြင်း
မြော်မြင်ခြင်းတစ်ခုသည် အနာဂတ်အတွက် ရည်မှန်းချက်ဖြစ်သည်။ ထိုရည်မှန်းချက်ကို အဖွဲ့အစည်းက ရရှိအောင် ဦးတည်လုပ်ကိုင်နေ ရမည်။ ၎င်းသည် အဖွဲ့အစည်းမှ ရောက်ရှိဖို့ မျှော်မှန်းထားသည့်နေရာ ဖြစ်သည်။ ဖြစ်စေလိုသည့် ပြင်းပြဆန္ဒဖြစ်သည်။ ထို့အပြင် လူအများ တို့၏ ဘဝများထဲတွင် ကောင်းသောပြောင်းလဲခြင်း ဖြစ်ပေါ်စေရမည်။
မြော်မြင်ချက်သည် ရိုးစင်းရမည်။ ရဲရင့်ရမည်။ အဖွဲ့အစည်း၏ အခန်းကဏ္ဍကို သတ်မှတ်ချက်ပြုပေးခြင်း မဟုတ်ချေ။ အဖွဲ့အစည်း ခံယူထားသည့်တာဝန်တွင် ပါဝင်နေရမည့်အရာ ဖြစ်သည်။
မြော်မြင်ခြင်းသည် အဖွဲ့အစည်းကို တက်ကြွအောင် စေ့ဆော်ပေးနေ မည့်အရာမျိုး ဖြစ်ရမည်။ ရည်ရွယ်ချက် ရှိရမည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရည်ညွန်းရမည့် အချက်အဖြစ်ဖြင့် ထည့်သွင်းစဉ်းစား ပေးရမည်။ ပြောင်းလဲနေသော အခြေအနေများနှင့် အကြောင်းခြင်းရာ များ မလျှော့တမ်း ဆက်လက်ကိုင်စွဲထားရမည်။ မဟာဗျူဟာ အမျိုး မျိုးတွင်လည်း မဆုတ်မနစ် ဆက်လက်တည်တံ့နေ‌စေရမည်။
လုပ်ကိုင်သည်တို့သည် ချမှတ်ထားသေ မြော်မြင်ချက်ဆီသို့ သွားနေခြင်း ဖြစ်အောင်လည်း ကြံစည်လုပ်ကိုင်ရမည် ဖြစ်သည်။ ကြော်ငြာများ၊ ဈေးကွက်ဖော်ထုတ်ခြင်းများသည်လည်း မြော်မြင်ခြင်းကို ထင်ဟပ်ထားသော စိတ်ကူးများ ဖြစ်နေရမည်။ ချမျတ်ထားသော မြော်မြင်ခြင်းများကို တိုက်ရိုက် ပြောမပြဘဲ သိရှိသဘောပေါက်အောင် အသိပေးနေရမည်။

zawgyi

ေျမာ္ျမင္ျခင္း အနာဂတ္၌ မိမိဘဝ ျဖစ္ေစ၊ မိမိလုပ္ကိုင္ေပးလ်က္ရွိေသာ အဖြဲ႕အစည္း ျဖစ္ေစ မည္သို႔ျဖစ္မည္ကို ႀကိဳျမင္ၾကည့္ျခင္း ျဖစ္သည္။ မည္သို႔ မည္ပုံ ေျပာင္းလဲသြားလိမ့္မည္ဆိုသည္ကို ေမွ်ာ္ဆၾကည့္ျခင္း ျဖစ္ သည္။ တကယ္ ေအာင္ျမင္ျဖစ္ထြန္းေစေသာ ေျမာ္ျမင္ျခင္းတစ္ရပ္ သည္ မိမိ၏ ဘဝကိုျဖစ္ေစ၊ မိမိလုပ္ကိုင္ေပးသည့္ အဖြဲ႕အစည္းကို ျဖစ္ေစ ဉာဏ္ေကာင္းအႀကံေကာင္းမ်ား ျဖစ္ေပၚေစသည္။ ခ်မွတ္သမွ် ေသာ ဆုံးျဖတ္ခ်က္မ်ားအေပၚ သက္ေရာက္မႈ ေပးၿပီး ေကာင္းရာေကာင္းေၾကာင္းသို႔ ေရာက္ရွိေစလိမ့္မည္။

ေျမာ္ျမင္ျခင္း ရွိေစ
===========
အေမရိကန္ႏိုင္ငံမွ ေဝါလ္မတ္ လက္လီစတိုး အေရာင္းဆိုင္လုပ္ငန္း သည္ ကမာၻေပၚတြင္ ဝင္ေငြအရ ၾကည့္မည္ဆိုပါက အႀကီးမားဆုံးေသာ အမ်ားပိုင္ ေကာ္ပိုေရးရွင္းႀကီးမ်ားထဲမွ တစ္ခု ျဖစ္သည္။
ထူေထာင္သူ ဆမ္ ေဝါလ္တန္က ‘‘တကယ္လို႔ ကြၽန္ေတာ္တို႔ အလုပ္အတူလုပ္ၾကၿပီး လူတိုင္းရဲ႕ ေနထိုင္စရိတ္ေတြကို ကြၽန္ေတာ္တို႔ ေလ်ာ့က်ေအာင္ လုပ္ေပး ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ လူအမ်ားတို႔ကို ေခြၽတာေရးနဲ႔အတူ ပိုေကာင္းမြန္တဲ့ဘဝမ်ိဳးကို ရႏိုင္တဲ့ အခြင့္အလမ္းတစ္ခု ရွိေနပါလား ဆိုတာကို ျမင္သြားေစမွာ ျဖစ္ပါတယ္’’
‘‘လူေတြ ေငြေခြၽတာၿပီး ပိုမိုေကာင္းမြန္တဲ့ဘဝ ရရွိဖို႔ ကူညီေပးရန္’’
သည္ ေဝါလ္မတ္၏ ေျမာ္ျမင္ျခင္းတစ္ရပ္ ျဖစ္ေနဆဲ ျဖစ္သည္။
မိုက္ခ႐ိုေဆာ့ဖ္ ေကာ္ပိုေရးရွင္း၏ ေျမာ္ျမင္ျခင္းမွာ
‘‘မိမိတို႔၏ လုပ္ကိုင္ ႏိုင္မႈ အလားအလာကို အျပည့္အဝ တကယ္အသုံးခ်ရန္အတြက္ ကမာၻ တစ္လြားရွိ လူအမ်ားတို႔ႏွင့္ လုပ္ငန္းမ်ားတို႔ကို ကူညီရန္’’
ဟူ၍ျဖစ္သည္။
ဂူးဂဲ၏ ေျမာ္ျမင္ထားပုံမွာ
‘‘ကမာၻ႔သတင္းအခ်က္အလက္မ်ားကို စနစ္ တက် ရွိေစေရးႏွင့္ တစ္ကမာၻလုံးမွ လက္လွမ္းမီေအာင္ႏွင့္ အသုံးတည့္ ေအာင္ လုပ္ကိုင္ေပးေရး’’
ဟူ၍ ျဖစ္သည္။
ႏိုက္ကီ၏ရည္မွန္းခ်က္မွာ
‘‘ဉာဏ္ကြန္႔ျမဴးျခင္းႏွင့္ ဆန္းသစ္တီထြင္ျခင္းမ်ားကို ကမာၻေပၚတြင္ ရွိရွိ သမွ် အားကစားသမားတိုင္းထံသို႔ ေဆာင္က်ဥ္းေပးရန္’’
ဟူ၍ ျဖစ္သည္။

ေျမာ္ျမင္ျခင္းတစ္ရပ္သည္ လူအမ်ားတို႔၏ အနာဂတ္ ျပဳမူပုံကို ထိန္းေက်ာင္းေပးႏိုင္ေလာက္ေအာင္ ပီပီျပင္ျပင္ ရွိရမည္။ သို႔ေသာ္ ေယဘုယ်ဆန္ေနဖို႔လည္း လိုသည္။ သို႔မွသာ စိတ္ကူးထားေသာ ေျမာ္ ျမင္ျခင္းကို လက္ေတြ႕လုပ္ကိုင္ရာ၌ ႀကဳံေတြ႕ရသည့္ အေျခအေန အေၾကာင္းျခင္းရာမ်ားအရ ေျပာင္းလဲေကြးၫြတ္ေပး၍ ရမည္ျဖစ္သည္။ ထို႔အျပင္ ေျမာ္ျမင္ထားသည္ကို လက္ဝယ္ရရွိရန္ မည္သို႔ အေကာင္းဆုံး ျဖစ္ေအာင္ လုပ္ကိုင္ရမည္ကို ပဏာမေျခလွမ္း ဆုံးျဖတ္ရာ၌ အဖြဲ႕အစည္း အေနျဖင့္ ေျမာ္ျမင္ျခင္းကို အေျချပဳၿပီး စဥ္းစားခ်မွတ္ေပးႏိုင္မည္ျဖစ္ သည္။

အထုပ္ေျဖျပပါ
=====
အခ်ိဳ႕ေျမာ္ျမင္ျခင္းမ်ားသည္ အျမင္အားျဖင့္ ငုံးတိတိ ျဖစ္ေနသည္။ ႐ိုးရွင္းေနသည္။ သို႔ျဖစ္ရာ အထုပ္ေျဖျပရန္ လိုအပ္မည္ျဖစ္သည္။ သို႔မွသာ အဖြဲ႕အစည္း၏ တန္ဖိုးထားပုံမ်ား အကုန္လုံးကို လွစ္ဟျပသ ေပးမည္ျဖစ္သည္။ ထိုသို႔ ရွင္းျပသည့္အခါ အေကာင္းဆုံး ဥပမာမ်ားျဖင့္ ၎တန္ဖိုးမ်ား အားလုံးတို႔ကို ႐ိုး႐ိုးရွင္းရွင္းႏွင့္ ျပတ္သားေသာ ေဖာ္ျပ ခ်က္တစ္ခုတြင္ ထည့္သြင္းေပးထားရမည္။
ဝူေရွာင္ဘင္းသည္ ေဆးဝါးကုမၸဏီ ဝိုင္းရက္သ္ ခ်ိဳင္းနား၏ ဥကၠ႒ ႏွင့္ ဦးေဆာင္ၫြန္ၾကားေရးမႉးခ်ဳပ္ျဖစ္သည္။ သူက ေျပာျပသည္။
‘‘ကြၽန္ ေတာ့အဖို႔ ေခါင္းေဆာင္တစ္ဦးအတြက္ အေရးႀကီးဆုံးအရာက ေျမာ္ျမင္ ျခင္းတစ္ရပ္ကို ဖန္တီးဖို႔နဲ႔ အဲဒီ ေျမာ္ျမင္ျခင္းကို စီမံခန္႔ခြဲမႈအဖြဲ႕မွာ ပါသူတိုင္းက ယုံၾကည္မႈ ရွိေစဖို႔၊ စိတ္ထဲ ေသခ်ာေနဖို႔၊ စိတ္တက္ႂကြမိ ဖို႔နဲ႔ အဲဒါကို ရဖို႔အတြက္ လုပ္ကိုင္ဖို႔တို႔ကို လုပ္ကိုင္ေပးႏိုင္ဖို႔ ျဖစ္ပါ တယ္။ ျဖစ္ရပ္မ်ား အားလုံးနီးပါးမွာ တကယ္လို႔ ေျမာ္ျမင္ျခင္းတစ္ရပ္ ရွိေနတယ္ဆိုရင္ လူအမ်ားတို႔ အတူတကြ အလုပ္ႀကိဳးစားၾကၿပီးအံ့စရာကို ဖန္တီးၾကတယ္။ တကယ္လို႔ ခင္ဗ်ားက ေန႔စဥ္အလုပ္ေတြကိုပဲ လုပ္ကိုင္ ေပးေနၿပီး ေန႔တိုင္း အလုပ္ေတြမ်ားေနတယ္ဆိုရင္ ခင္ဗ်ား သိပ္ေဝးတဲ့ဆီ ကို ေရာက္မွာ မဟုတ္ဘူး။ ေဖာက္ထြက္ႏိုင္မွာ မဟုတ္ဘူး။ ေခါင္းေဆာင္ မွာ ေကာင္းမြန္တဲ့ေျမာ္ျမင္ျခင္း တစ္ရပ္ ရွိရမယ္။ ဒါမွ လူအမ်ားဆို႔ စိတ္ အားထက္သန္ၾကမယ္’’
ဝိုင္းရက္သ္၏ ေကာ္ပိုရိတ္ ေျမာ္ျမင္ထားသည့္ ရည္မွန္းခ်က္မွာ
‘‘ကမာၻ႔အေကာင္းဆုံး ေဆးဝါး ကုမၸဏီတစ္ခု ျဖစ္ရန္’’
ဟူ၍ ျဖစ္သည္။ ထိုေျမာ္ျမင္ခ်က္ကို အထုပ္ေျဖၾကည့္လိုက္သည့္အခါ
‘‘ေဆးဝါးအသစ္မ်ား တီထြင္ထုတ္လုပ္ရန္၊ ၎ေဆးဝါးအသစ္မ်ားသည္ လူမ်ား၏ အသက္၊ က်န္းမာေရးႏွင့္ ဘဝမ်ားကို တစ္မူထူးျခားသြားေစ ရမည္ျဖစ္ၿပီး ေဆးပညာႏွင့္ ေဆးဝါးတို႔မွ ျဖည့္ဆည္းမေပးႏိုင္ေသးေသာ ေနရာမ်ားကို ထိေရာက္စြာ ကိုင္တြယ္ေပးႏိုင္သည့္ ေဆးဝါးမ်ိဳး ျဖစ္ေန ရမည္’’
ဟူသည့္ ပန္းတိုင္မ်ားကို ေတြ႕ရမည္ျဖစ္သည္။

လက္ေတြ႕က်က်ျဖစ္ေစျခင္း
ေျမာ္ျမင္ျခင္းတစ္ခုသည္ အနာဂတ္အတြက္ ရည္မွန္းခ်က္ျဖစ္သည္။ ထိုရည္မွန္းခ်က္ကို အဖြဲ႕အစည္းက ရရွိေအာင္ ဦးတည္လုပ္ကိုင္ေန ရမည္။ ၎သည္ အဖြဲ႕အစည္းမွ ေရာက္ရွိဖို႔ ေမွ်ာ္မွန္းထားသည့္ေနရာ ျဖစ္သည္။ ျဖစ္ေစလိုသည့္ ျပင္းျပဆႏၵျဖစ္သည္။ ထို႔အျပင္ လူအမ်ား တို႔၏ ဘဝမ်ားထဲတြင္ ေကာင္းေသာေျပာင္းလဲျခင္း ျဖစ္ေပၚေစရမည္။
ေျမာ္ျမင္ခ်က္သည္ ႐ိုးစင္းရမည္။ ရဲရင့္ရမည္။ အဖြဲ႕အစည္း၏ အခန္းက႑ကို သတ္မွတ္ခ်က္ျပဳေပးျခင္း မဟုတ္ေခ်။ အဖြဲ႕အစည္း ခံယူထားသည့္တာဝန္တြင္ ပါဝင္ေနရမည့္အရာ ျဖစ္သည္။
ေျမာ္ျမင္ျခင္းသည္ အဖြဲ႕အစည္းကို တက္ႂကြေအာင္ ေစ့ေဆာ္ေပးေန မည့္အရာမ်ိဳး ျဖစ္ရမည္။ ရည္႐ြယ္ခ်က္ ရွိရမည္။ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရာတြင္ ရည္ၫြန္းရမည့္ အခ်က္အျဖစ္ျဖင့္ ထည့္သြင္းစဥ္းစား ေပးရမည္။ ေျပာင္းလဲေနေသာ အေျခအေနမ်ားႏွင့္ အေၾကာင္းျခင္းရာ မ်ား မေလွ်ာ့တမ္း ဆက္လက္ကိုင္စြဲထားရမည္။ မဟာဗ်ဴဟာ အမ်ိဳး မ်ိဳးတြင္လည္း မဆုတ္မနစ္ ဆက္လက္တည္တံ့ေန‌ေစရမည္။
လုပ္ကိုင္သည္တို႔သည္ ခ်မွတ္ထားေသ ေျမာ္ျမင္ခ်က္ဆီသို႔ သြားေနျခင္း ျဖစ္ေအာင္လည္း ႀကံစည္လုပ္ကိုင္ရမည္ ျဖစ္သည္။ ေၾကာ္ျငာမ်ား၊ ေဈးကြက္ေဖာ္ထုတ္ျခင္းမ်ားသည္လည္း ေျမာ္ျမင္ျခင္းကို ထင္ဟပ္ထားေသာ စိတ္ကူးမ်ား ျဖစ္ေနရမည္။ ခ်မ်တ္ထားေသာ ေျမာ္ျမင္ျခင္းမ်ားကို တိုက္႐ိုက္ ေျပာမျပဘဲ သိရွိသေဘာေပါက္ေအာင္ အသိေပးေနရမည္။

 

Read times
Rate this item
(1 Vote)