-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒစ်ဂျစ်တယ်မားကက်တင်းအကြောင်း သိထားသင့်တဲ့အချက်များ

ဒစ်ဂျစ်တယ်မားကက်တင်းအကြောင်း သိထားသင့်တဲ့အချက်များ google

Digital Marketing အကောင်းစားဖြစ်ဖို့ သိထားသင့်တာလေးတွေ တင်ပြပေးထားပါတယ်။

 

 

တော်တော်များများဟာ Digital Marketing လို့ပြောလိုက်တာနဲ့ Facebook ကိုပဲ ပြေးမြင်ကြပါတော့တယ်။

 

ဒါလည်းမှန်ပါတယ် Facebook ဟာ Digital Marketing အတွက် တစ်ကယ့်ကို ကောင်းမွန်တဲ့နေရာ တစ်ခုပါပဲ။ သို့ပေမယ့် Digital Marketing ဆိုတာ အဲ့တာထက် အများကြီးကို ကျယ်ပြန့်ပါသေးတယ်။

 

 

အဓိက အပိုင်းနှစ်ပိုင်းခွဲထုတ်လိုက်မယ်ဆိုရင် Internet ပါဝင်တဲ့ Digital Marketing နဲ့ Internet မပါတဲ့ Digital Marketing ဆိုပြီးကွဲပြားပါတယ်။

 

Internet ပါဝင်တဲ့ အသုံးပြုတဲ့ Digital Marketing ကဘာတွေလဲ ဆိုရင် အားလုံးသိပြီးဖြစ်တဲ့ Facebook အပါအဝင် Website တွေ ဖန်တီးပြီး ကိုယ့်လုပ်ငန်းကို ဖော်ပြတာ။ Email လိပ်စာတွေ စုဆောင်းထားပြီး Re-target အဖြစ်နဲ့ သက်ဆိုင်ရာ Email တွေကို ကိုယ့်လုပ်ငန်းကြော်ငြာခြင်းဟာလဲ Digital Marketing ရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။

 

Internet မပါဝင်တဲ့ Digital Marketing တွေကတော့ ဖုန်းနဲ့ဆက်သွယ်ပြီး ကိုယ့်ရဲ့မားကက်ကို ချဲ့ထွင်တာ SMS ပို့တာ ကစလို့ TV Program တွေမှာ ထည့်သွင်းကြော်ငြာတာအဆုံး Digital Marketing ပဲ ဖြစ်ပါတယ်။

 

Digital Marketing ကို 2000 ခုနှစ်လောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်။ အခြားသော မားကက်ထိုးဖောက်နည်းတွေထက် အချိန်ကုန် ငွေကုန်များစွာ သက်သာပြီး ထိရောက်တဲ့ နည်းလမ်းဖြစ်လို့ ယခုအခါမှာတော့ အလွန်တွင်တွင်ကျယ်ကျယ်ကြီးကို သုံးစွဲလာကြတော့တာပဲ ဖြစ်ပါတယ်။

 

Digital Marketing အတွက် လိုအပ်မယ့် အချက်အချို့ကို တင်ပြပေးသွားပါမယ်။

 

Traffic - Digital Marketing ရဲ့ အသက်ဟာ Traffic ပဲ ဖြစ်ပါတယ်။ ကိုယ်ဘယ်လောက်ကောင်းအောင် ရေးသားကြော်ငြာထားပေမယ့် Traffic မရှိရင် အလုပ်မဖြစ်ပါဘူး။ Analytic ပထမတစ်ချက်ဖြစ်တဲ့ Traffic ကောင်းကောင်းရနိုင်ဖို့ ကိုယ့် ဝက်ဆိုက် ကိုယ့် ပေ့ခ်ျကို ဘယ်သူတွေလာသွားလဲ ဘယ်သူတွေကတော့ ဘယ်ပို့စ်ကို ကြာကြာစိတ်ဝင်စားသွားလဲ စသဖြင့် Analytic လုပ်နေဖို့ လိုပါတယ် အဲ့အတွက်လဲ မခဲယဉ်းလှပါဘူး Google ကနေပြီးတော့ Analytic ဆိုပြီး free service ပေးထားတာရှိပါတယ်။ ကိုယ့် ပရိတ်သတ်က ဘယ်အသက်အရွယ်အပိုင်းအခြားလဲ ကျားလား၊မလား စတာတွေသိထားဖို့အတွက် Analytic က အရေးပါပါတယ်။ ဒါမှလဲ ကျွန်တော်တို့ Target ကို ထိရောက်အောင် ပို့ပေးနိုင်မှာပါ။

 

Paid and Organic Traffic - Traffic တော့ရနေပါရဲ့ အမြဲတမ်းကြော်ငြာအားကိုသုံးနေပြီးရတဲ့ Paid traffic လား????

 

ဒီလိုဆိုရင်တော့ မိတ်ဆွေတို့ရဲ့ Digital Marketing System ကြီးက အမှားကြီးမှားနေသေးတယ်လို့ဆိုရပါမယ်။

 

ဘာလို့လဲ ဆိုတော့ ကိုယ်ရှာသမျှ Facebook လို social platform တွေကို လုပ်ကျွေးနေသလိုပဲ ဖြစ်မှာပါ။

 

Organic traffic ရဖို့အတွက်မှာ အချက် နှစ်ချက် ပြန်ခွဲပေးပါမယ်။

 

နံပတ်တစ် ကိုယ့်ဝက်ဆိုက် (Or) ပေ့စ်မှာ တင်တာတွေက ကိုယ့်ပရိတ်သတ်အတွက် အကျိုးရှိတာတွေ ဖြစ်ရပါမယ်။ အလကားနေရင်း ကိုယ့် ကုန်ပစ္စည်း ကိုယ့် ဆားဗစ်တွေပဲ အမြဲကြော်ငြာနေမယ်ဆိုရင် Organic traffic ရဖို့ ခဲယဉ်းမှာပါ။ အဲ့ဒီတော့ လိုရင်းကတော့ ကိုယ့်ပရိတ်သတ် အကျိုးရှိမှာတွေလဲ ဝက်ဆိုက်ထဲမှာ ရှိနေပါစေ။

 

နံပတ်နှစ်အချက် မှတ်မိလွယ်မယ့် နာမည်မျိုးဖြစ်ဖို့လိုပါတယ်။ လာတော့လာချင်တယ် ကိုယ့်လူတို့ရဲ့ ဝက်ဆိုက်နာမည်က မှတ်ရခက် ဘာမှန်းမသိရင် အလကားနေရင်း ဆုံးရှုံးပါတယ်။ ဆိုလိုရင်းက ဝက်ဆိုက်နာမည် မှတ်မိလွယ်ပါစေ။

 

Digital Marketing မှာ လူတန်းစားကလဲ နှစ်မျိုးရှိပါတယ်။

 

Publisher ကြော်ငြာလက်ခံပြီး ပိုက်ဆံယူတဲ့သူ ဥပမာ ဇူကာဘတ်လိုမျိုးကို ဆိုလိုပါတယ်။

 

Advertiser ကိုယ့် ဆားဗစ် ကိုယ့် လုပ်ငန်းအတွက် ပိုက်ဆံပေးပြီး ကြော်ငြာနေတဲ့သူတွေပါ ဥပမာ online shop လုပ်နေတဲ့ သူတွေ။

 

Digital Marketing ဟာကျယ်ပြန့်လှပါတယ် အကျယ်ချဲ့ရင် ချဲ့သလောက် ရတာမို့ ဒီလောက်နဲ့ပဲကျေနပ်ကြပါလို့။

 

 

Credit: Zephyr Chann

Read times
Rate this item
(1 Vote)