-->
×

Warning

JUser: :_load: Unable to load user with ID: 29


Emirates လေကြောင်းလိုင်း ကြော်ငြာ တာဝါထိပ်ကို တကယ်တက်မတက်

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တော်တွင် တည်ရှိသော ခါလီဖာတာဝါ အမြင့်မှာ ၂,၇၇၂ ပေ ရှိသည်။

မိုင်ဖြင့် ပြောလျှင် မိုင်ဝက် ကျော်သည်။ ထိုတာဝါထိပ်တွင် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်ပြီး ဘုတ်ပြားများကိုင်ထားသည့် ကြော်ငြာကို "We’re on Top of the World" အမည်ဖြင့် တင်ဆက်သည်။ ထိုကြော်ငြာကို ကြည့်ပြီးကြသောအခါ အွန်လိုင်းပေါ်တွင် တာဝါထိပ်ကို အမျိုးသမီး တကယ်မတက်ဘဲ ဆော့ဖ်ဝဲလ်နည်းပညာဖြင့် ဖန်တီးထားသည်ဟု ရေးသားပြောဆိုခြင်းများ ပေါ်ထွက်ခဲ့သည်။ တကယ်ဟု ယူဆသူများလည်း ရှိရာ ထိုကြော်ငြာ အပေါ် စိတ်ဝင်စားမှု ရေချိန် မြင့်တက်သွားခဲ့သည်။

ကြော်ငြာရှင် Emirates က ကင်မရာနောက်ကွယ်မှ မြင်ကွင်းများ ဗီဒီယိုကို တင်ပြပြီး "We’re on Top of the World" ကြော်ငြာစာသားအတိုင်း တကယ်ပင် ထိပ်ခေါင်ဖျားသို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း သက်သေထူခဲ့သည်။

ဒူဘိုင်း အခြေစိုက် လေကြောင်းကုမ္ပဏီက Instagram မှာ Emirates လေယာဉ်မယ် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက မိုင်ဝက်ကျော် မြင့်မားသည့် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ ခါလီဖာတာဝါထိပ်တွင် မတ်တပ်ရပ်က ကြော်ငြာနေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုကို တင်ပြခဲ့သည်။ အမျိုးသမီးက စာရေးထားသည့် ကတ်ပြားကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ကတ်ပြားကို ပြသည်။ “Moving the UAE to the UK amber list has made us feel on top of the world. Fly Emirates. Fly better.” ဟု ရေးသားထားသော ကတ်ပြားများကို ကိုင်ထားသည်။ ကတ်ပြား တစ်ခုပြီး တစ်ခု အစဉ်အတိုင်း ပြသသွားခြင်းဖြင့် စာသား အစမှ အဆုံးသို့ ရောက်ရှိသွားသည်။

အသေအချာကြည့်မည်ဆိုပါက အမျိုးသမီးသည် လက်ထဲမှ ကတ်ပြား လွတ်မထွက်အောင် ဂရုတစိုက်ဖြင့် ကိုင်နေသည်ကို တွေ့ရမည်။ လွတ်သွားပါက အမြင့်တွင် လေတိုက်နေသဖြင့် ကတ်ပြား လွင့်ထွက်သွားမည် ဖြစ်သည်။ အမျိုးသမီးက အပြုံးမပျက်အောင် ကြိုးစားပြီး ပြုံးပြနေသော်လည်း ကတ်ပြား တစ်ချပ်ပြီး တစ်ချပ် လဲလှယ်ပြသရာတွင် အစီအစဉ် မမှားရလေအောင် အထူးဂရုစိုက်နေရသည်။

အနီးကပ်ပြကွက်ဖြင့် ကတ်ပြားမှ စာကို ဖတ်၍ရအောင် ပြသရန် ရိုက်ကူးနေရာမှ အဝေးမှ မြင်ရသည့်အဖြစ်သို့ ရောက်အောင် ပြောင်းလဲသွားရာ အမျိုးသမီးတစ်ဦးတည်း လွန်စွာမြင့်မားသော တာဝါထိပ်တွင် မတ်တတ်ရပ်နေပြီး အောက်ဖက်တွင် ကန္တရမြို့ပြကို အပေါ်စီးမှ မြင်နေရသည် ရိုက်ကွင်းရိုက်ကွက်သို့ ရောက်ရှိသွားသည်။

ကြော်ငြာကို ကြည့်ကြသူတို့တွင် အစိမ်းရောင် နောက်ခံရှေ့တွင် အမျိုးသမီးက ဟန်အမူအရာများ လုပ်ပြပြီး ရိုက်ကူးသည်။ တာဝါမြင်ကွင်ကိုလည်း ရိုက်ကူးသည်။ ထို့နောက် အထူးပြုလုပ်ချက်ဖြင့် ထပ်ယူသည်ဟု ယူဆကြသူများ ရှိသည်။ သူတို့၏ ထင်မြင်ယူဆချက်များကို ဆိုရှယ်ကွန်ရက်များတွင် ရေးသားတင်ပြခဲ့ကြသည်။
သို့ဖြစ်ရာ သံသယ ကင်းရှင်းစေရန် ကင်မရာနောက်ကွယ်မှ မြင်ကွင်းများ ဗီဒီယိုကို Emirates လေကြောင်းလိုင်းက Instagram တွင် မူလကြော်ငြာနောက်ဆက်တွဲအဖြစ် တင်ပြခဲ့သည်။

ထိုကြော်ငြာသည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦထိပ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ကြော်ငြာသရုပ်ဆောင် ကိုယ်တိုင် တာဝါထိပ်သို့ တက်ရောက်ပြီး သရုပ်ဆောင် ပေးခဲ့ခြင်း ဖြစ်ပေရာ ကမ္ဘာ့အမြင့်ဆုံး ကြော်ငြာအဖြစ် မှတ်တမ်းတင်ခံရသည်။
သရုပ်ဆောင်သည့် အမျိုးသမီးမှာ လေယာဉ်မယ် ဝတ်စုံ ဝတ်ဆင်ထားသော်လည်း အကယ်စင်စစ် လေယာဉ်မယ် မဟုတ်ပေ။ ယူကေမှ skydiver ပညာရှင် Nicole Smith-Ludvik ဖြစ်သည်။

 

ကြော်ငြာဗီဒီယိုနှင့် မှတ်တမ်းတင်ဗီဒီယို နှစ်ခုစလုံး ပရိသတ် အားပေးလက်ခံမှုကို ရရှိခဲ့ကြသည်။ ကင်မရာနောက်ကွယ်မှ မြင်ကွင်းများ မှတ်တမ်းဗီဒီယိုကို Instagram တွင် ကြည့်ရှုသည့် ကြိမ်ရေ နှစ်သန်းနီးပါး ရရှိသည်။

Read times
Rate this item
(0 votes)