-->
×

Warning

JUser: :_load: Unable to load user with ID: 29

Christmas ေၾကာ္ျငာဒီဇိုင္းမ်ားႏွင့္ ကာလာ အသံုးျပဳျခင္း

KFC ဟာ ဒီေၾကာ္ျငာ Poster ဒီဇိုင္းကို ၎တို႕ရဲ႕ Christmas edition ၾကက္ေၾကာ္ပံုး ဒီဇိုင္းကို ေနာက္ခံ ကာလာ ခရစ္စမတ္ အေရာင္ျဖစ္တဲ့ အစိမ္းေရာင္ကိုအသံုးျပဳထားကာ Kentucky Fried Chicken စာတန္းကို ခရစ္စမတ္ အေရာင္ျဖစ္တဲ့ အနီေရာင္ကိုအသံုးျပဳထားပါတယ္။

ေၾကာ္ျငာတြင္ အေရးအၾကီးဆံုးက Color အသံုးျပဳမႈ႕ပါ။ရာသီအလိုက္ ေၾကာ္ျငာေတြ ဖန္တီးတဲ့ ေနရာေတြမွာ Valentine အခ်္ိန္ဆို ပန္းေရာင္ အနီေရာင္က အသင့္ေတာ္ဆံုးပါ။

Budweiser ေၾကာ္ျငာကိုလည္း ၾကည့္လိုက္ပါ။ခရစ္စမတ္ ရာသီမို႕ အနီ ၊ အစိမ္း ၊ ေရႊေရာင္ ၊ အျဖဴ ကို အသံုးျပဳထားတာေတြ႕ရပါတယ္။

ယခုလ ထြက္တဲ့ Starbucks ႏွင့္ Dunkin' ေၾကာ္ျငာကိုလည္း တစ္ခ်က္ၾကည့္လိုက္ပါ ခရစ္စမတ္ ရာသီမို႕ အနီ ၊ အစိမ္း ၊ ေရႊေရာင္ လွည့္ သံုးထားတာေတြ႕ရပါတယ္။

ေၾကာ္ျငာဖန္တီးသူမ်ားအတြက္ အေရးအၾကီးဆံုးက Color အသံုးျပဳ မႈ႕ပါ။Graphic Design လုပ္မယ္ဆိုရင္ သိသင့္သိထိုက္တဲ့အခ်က္မ်ားထဲတြင္ color အေၾကာင္းမွာလည္း သိရမည့္အခ်က္တစ္ခုပဲျဖစ္တယ္။

color မ်ားထဲတြင္ CMYK , RGB and Pantone ဆိုၿပီး အမ်ိဳးမ်ိဳးရွိၾကတာကို ဒီဇိုင္းလုပ္သူတိုင္းသိၾကမွာပါ။ ျမန္မာႏိုင္ငံမွာေတာ့ color process ေတြအေနနဲ႕ေတာ့ CMYK နဲ႕ RGB တို႔ကိုပဲ အသံုးမ်ားၾကပါတယ္။ CMYK ကို printing ပိုင္းေတြ အသံုးျပဳၾကၿပီး RGB ကိုေတာ့ webpage နဲ႕ photo printing ပိုင္းေတြမွာ အမ်ားဆံုးအသံုးျပဳၾကတယ္။ Pantone ကိုေတာ့ ေစ်းႀကီးတာေကာ စက္ပစၥည္းအားနည္းတာေကာ ရွိေနတာေၾကာင့္ျမန္မာႏိုင္ငံမွာ အသံုးနည္းပါတယ္။ Pantone ကို ျမန္မာဒီဇိုင္နာေတာ္ေတာ္မ်ားမ်ား မသံုးဖူးေပမယ့္ သံုးတတ္ေအာင္ အနည္းငယ္သိထားဖို႕လိုပါလိမ့္မယ္။

Pantone လို႕ေျပာလိုက္ရင္ မ်ားေသာအားျဖင့္ မွတ္ယူလိုက္တာကေတာ့ graphic, printing ေတြ အတြက္သံုးတယ္လို႕ အမွတ္မ်ားၾကတယ္။ ဒါေပမယ့္ ႏိုင္ငံတကာမွာ Pantone ကုိ graphic အတြက္သာမဟုတ္ပဲ မိတ္ကပ္အေရာင္ကအစ အိမ္ Decoration လုပ္တာကအဆံုး color တြင္ Pantone အသံုးျပဳၾကပါတယ္။ Pantone ဟာ spot color type အမ်ိဳးအစားျဖစ္ၿပီး process color type မ်ားျဖင့္ မတူညီၾကပါဘူး။ Pantone ကိုစတင္အသံုးျပဳေတာ့မယ္ Pantone အေရာင္ကာလာကုုတ္မ်ားကို အရင္ဆံုးေတြ႕ရမွာပါ။ Pantone color code မ်ားျဖစ္သည့္ PANTONE 185 , PANTONE 355 စတဲ့ pantone code ေတြကိုေတြ႕ျမင္ရၿပီဆိုရင္ ထို code ေတြရဲ႕ေနာက္မွာ PANTONE 185 C, PANTONE 355 U စသျဖင့္ C, U မ်ားကိုလည္း တြဲျမင္ရလိမ့္မယ္။ Pantone ေတြရဲ႕ေနာက္က C, U ဆိုတဲ့အဓိပါၸယ္ေလးေတြကို သိၿပီးသူမ်ားရွိေပမယ့္ မသိေသးသူေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

Pantone တြင္ coated and uncoated ဆိုၿပီး ႏွစ္မိ်ဳးရွိပါတယ္။ Coated ကို C လို႕ေခၚၿပီး Pantone coat no ေဘးတြင္ PANTONE 185 C ဆိုၿပီး ေဖာ္ျပေလ့ရွိပါတယ္။ coated ဟုေတြ႕လိုုက္ရင္ျဖင့္ Gloss coated လို႕သိေနရမွာျဖစ္ၿပီး shiny paper လို႕ေခၚတဲ့ Artpaper တို႕Mac paper တို႕မွာ ပံုႏွိပ္ရာတြင္ အဓိကအသံုးျပဳၾကပါတယ္။ coated အေရာင္မ်ားကို မွင္စုပ္ယူမႈနည္းၿပီး ပံုႏွိပ္ရာတြင္ ေကာင္းမြန္တဲ့ေဆးသားကိုရရွိေစတယ္။ Uncoated ကိုေတာ့ ရိုးရိုး Letterhead , wafi, copy machine ေတြမွာ အဓိကထားအသံုးျပဳပါတယ္။ မွင္စုပ္ယူႏိုင္မႈွအားေကာင္းတဲ့ paper ေတြမွာအသံုးျပဳၾကပါတယ္။ Pantone ရဲ႕ coated uncoated ဆိုသည္မွာ CMYK နဲ႕ RGB လိုပဲ ကြာျခားတယ္။ ဒါေပမယ့္ RGB က printing ပိုင္းတြင္ အသံုးျပဳလို႕မရေပမယ့္ Pantone ရဲ႕ coated uncoated ႏွစ္မ်ိဳးလံုးက printing ပိုင္းေတြမွာ ႏွစ္မ်ိဳးလံုးအသံုးျပဳလို႕ရပါတယ္။Pantone တြင္ C , U coated Uncoated ကိုခြဲထားသည့္တိုင္ေအာင္ မွင္အမ်ိဳးအစားမ်ား formula အကုန္လံုးအတူတူျပဳလုပ္ထားပါတယ္။

ဥပမာ Pantone 293 C နဲ႔ Pantone 293 U တို႕ကိုၾကည့္ပါက အေရာင္ကြဲျပားေနတယ္ထင္ရပါေပမယ့္ တကယ္တမ္းမွာ Formula တူတူပဲျဖစ္တယ္။ စာမ်က္ႏွာျပင္တြင္ရုပ္ထြက္ေကာင္းေစၿပီး အသံုးျပဳတဲ့ paper သားကိုမူတည္ကာ မွင္စုပ္ယူမွႈနည္းျခင္းမ်ားျခင္းနဲ႕ စတဲ့အခ်က္ႏွစ္ခ်က္နဲ႕ပဲ coated, uncoated ကို ခြဲျခားထားပါတယ္။ အဓိကအေနျဖင့္ coated နဲ႔ uncoated ကာလာမ်ားတြင္ Printing process တြင္ ကာလာအေဖ်ာ့ဘက္အေရာင္အမ်ားစုမွာ တူညီၾကၿပီး ကြဲၿပားမႈအနည္းငယ္သာရွိပါတယ္။ ဒါေပမယ့္ ကာလာအရင့္မ်ားကေတာ့ လံုးဝကိုမတူညီပဲကြဲျပားျခားနားတယ္လို႔ မွတ္ယူသင့္တယ္။ တစ္ခ်ိဳ႕အေရာင္မ်ားဟာ အျပာေရာင္ျခင္းတူေပမယ့္ လံုးဝကိုကြဲျပားျခားနားသြားတာကိုေတြ႕ျမင္ရတယ္။

ဒါေၾကာင့္ pantone တြင္ ကာလာေပါင္းစပ္ရိုက္ရာတြင္ တိက်မွသာ မွန္ကန္တဲ့ကာလာအေရာင္ရရွိပါတယ္။ Spot ကာလာျဖစ္တဲ့အတြက္ CMYK ကဲ့သို႕ process color အမ်ိဳးအစားကို ေလးေရာင္ထဲမွာကိုယ္ႀကိဳက္တဲ့ ကာလာအလြယ္တကူ မျပဳလုပ္ႏိုင္ပါဘူး။ Pantone ကိုေတာ့ AI မွာဆိုရင္ color swatches ထဲက Open swatch Library > color book ထဲမွာျဖစ္ျဖစ္ PS မွာပဲ ျဖစ္ျဖစ္ color swatches ထဲမွာ ျမင္ဖူးၾကမွာပါ။ မည္သို႕ပင္ coated uncoated ဟုဆိုပါေစ အဓိကမွာ customer လိုအပ္သည့္အေရာင္ကိုရရွိေစရန္ ပထမတစ္ေခါက္ print test ထုတ္ၾကည့္ျခင္းက အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။

 

 

 

 

 

 

 

 

5859799aca7f0cf3008b6d1b.jpg

 

Unicode >>>

 

Christmas ကြော်ငြာဒီဇိုင်းများနှင့် ကာလာ အသုံးပြုခြင်း

KFC ဟာ ဒီကြော်ငြာ Poster ဒီဇိုင်းကို ၎င်းတို့ရဲ့ Christmas edition ကြက်ကြော်ပုံး ဒီဇိုင်းကို နောက်ခံ ကာလာ ခရစ်စမတ် အရောင်ဖြစ်တဲ့ အစိမ်းရောင်ကိုအသုံးပြုထားကာ Kentucky Fried Chicken စာတန်းကို ခရစ်စမတ် အရောင်ဖြစ်တဲ့ အနီရောင်ကိုအသုံးပြုထားပါတယ်။

ကြော်ငြာတွင် အရေးအကြီးဆုံးက Color အသုံးပြုမှု့ပါ။ရာသီအလိုက် ကြော်ငြာတွေ ဖန်တီးတဲ့ နေရာတွေမှာ Valentine အချိန်ဆို ပန်းရောင် အနီရောင်က အသင့်တော်ဆုံးပါ။

Budweiser ကြော်ငြာကိုလည်း ကြည့်လိုက်ပါ။ခရစ်စမတ် ရာသီမို့ အနီ ၊ အစိမ်း ၊ ရွှေရောင် ၊ အဖြူ ကို အသုံးပြုထားတာတွေ့ရပါတယ်။

ယခုလ ထွက်တဲ့ Starbucks နှင့် Dunkin' ကြော်ငြာကိုလည်း တစ်ချက်ကြည့်လိုက်ပါ ခရစ်စမတ် ရာသီမို့ အနီ ၊ အစိမ်း ၊ ရွှေရောင် လှည့် သုံးထားတာတွေ့ရပါတယ်။

ကြော်ငြာဖန်တီးသူများအတွက် အရေးအကြီးဆုံးက Color အသုံးပြု မှု့ပါ။Graphic Design လုပ်မယ်ဆိုရင် သိသင့်သိထိုက်တဲ့အချက်များထဲတွင် color အကြောင်းမှာလည်း သိရမည့်အချက်တစ်ခုပဲဖြစ်တယ်။

color များထဲတွင် CMYK , RGB and Pantone ဆိုပြီး အမျိုးမျိုးရှိကြတာကို ဒီဇိုင်းလုပ်သူတိုင်းသိကြမှာပါ။ မြန်မာနိုင်ငံမှာတော့ color process တွေအနေနဲ့တော့ CMYK နဲ့ RGB တို့ကိုပဲ အသုံးများကြပါတယ်။ CMYK ကို printing ပိုင်းတွေ အသုံးပြုကြပြီး RGB ကိုတော့ webpage နဲ့ photo printing ပိုင်းတွေမှာ အများဆုံးအသုံးပြုကြတယ်။ Pantone ကိုတော့ ဈေးကြီးတာကော စက်ပစ္စည်းအားနည်းတာကော ရှိနေတာကြောင့်မြန်မာနိုင်ငံမှာ အသုံးနည်းပါတယ်။ Pantone ကို မြန်မာဒီဇိုင်နာတော်တော်များများ မသုံးဖူးပေမယ့် သုံးတတ်အောင် အနည်းငယ်သိထားဖို့လိုပါလိမ့်မယ်။

Pantone လို့ပြောလိုက်ရင် များသောအားဖြင့် မှတ်ယူလိုက်တာကတော့ graphic, printing တွေ အတွက်သုံးတယ်လို့ အမှတ်များကြတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ Pantone ကို graphic အတွက်သာမဟုတ်ပဲ မိတ်ကပ်အရောင်ကအစ အိမ် Decoration လုပ်တာကအဆုံး color တွင် Pantone အသုံးပြုကြပါတယ်။ Pantone ဟာ spot color type အမျိုးအစားဖြစ်ပြီး process color type များဖြင့် မတူညီကြပါဘူး။ Pantone ကိုစတင်အသုံးပြုတော့မယ် Pantone အရောင်ကာလာကုတ်များကို အရင်ဆုံးတွေ့ရမှာပါ။ Pantone color code များဖြစ်သည့် PANTONE 185 , PANTONE 355 စတဲ့ pantone code တွေကိုတွေ့မြင်ရပြီဆိုရင် ထို code တွေရဲ့နောက်မှာ PANTONE 185 C, PANTONE 355 U စသဖြင့် C, U များကိုလည်း တွဲမြင်ရလိမ့်မယ်။ Pantone တွေရဲ့နောက်က C, U ဆိုတဲ့အဓိပါ္ပယ်လေးတွေကို သိပြီးသူများရှိပေမယ့် မသိသေးသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Pantone တွင် coated and uncoated ဆိုပြီး နှစ်မျိုးရှိပါတယ်။ Coated ကို C လို့ခေါ်ပြီး Pantone coat no ဘေးတွင် PANTONE 185 C ဆိုပြီး ဖော်ပြလေ့ရှိပါတယ်။ coated ဟုတွေ့လိုက်ရင်ဖြင့် Gloss coated လို့သိနေရမှာဖြစ်ပြီး shiny paper လို့ခေါ်တဲ့ Artpaper တို့Mac paper တို့မှာ ပုံနှိပ်ရာတွင် အဓိကအသုံးပြုကြပါတယ်။ coated အရောင်များကို မှင်စုပ်ယူမှုနည်းပြီး ပုံနှိပ်ရာတွင် ကောင်းမွန်တဲ့ဆေးသားကိုရရှိစေတယ်။ Uncoated ကိုတော့ ရိုးရိုး Letterhead , wafi, copy machine တွေမှာ အဓိကထားအသုံးပြုပါတယ်။ မှင်စုပ်ယူနိုင်မှုှအားကောင်းတဲ့ paper တွေမှာအသုံးပြုကြပါတယ်။ Pantone ရဲ့ coated uncoated ဆိုသည်မှာ CMYK နဲ့ RGB လိုပဲ ကွာခြားတယ်။ ဒါပေမယ့် RGB က printing ပိုင်းတွင် အသုံးပြုလို့မရပေမယ့် Pantone ရဲ့ coated uncoated နှစ်မျိုးလုံးက printing ပိုင်းတွေမှာ နှစ်မျိုးလုံးအသုံးပြုလို့ရပါတယ်။Pantone တွင် C , U coated Uncoated ကိုခွဲထားသည့်တိုင်အောင် မှင်အမျိုးအစားများ formula အကုန်လုံးအတူတူပြုလုပ်ထားပါတယ်။

ဥပမာ Pantone 293 C နဲ့ Pantone 293 U တို့ကိုကြည့်ပါက အရောင်ကွဲပြားနေတယ်ထင်ရပါပေမယ့် တကယ်တမ်းမှာ Formula တူတူပဲဖြစ်တယ်။ စာမျက်နှာပြင်တွင်ရုပ်ထွက်ကောင်းစေပြီး အသုံးပြုတဲ့ paper သားကိုမူတည်ကာ မှင်စုပ်ယူမှှုနည်းခြင်းများခြင်းနဲ့ စတဲ့အချက်နှစ်ချက်နဲ့ပဲ coated, uncoated ကို ခွဲခြားထားပါတယ်။ အဓိကအနေဖြင့် coated နဲ့ uncoated ကာလာများတွင် Printing process တွင် ကာလာအဖျော့ဘက်အရောင်အများစုမှာ တူညီကြပြီး ကွဲပြားမှုအနည်းငယ်သာရှိပါတယ်။ ဒါပေမယ့် ကာလာအရင့်များကတော့ လုံးဝကိုမတူညီပဲကွဲပြားခြားနားတယ်လို့ မှတ်ယူသင့်တယ်။ တစ်ချို့အရောင်များဟာ အပြာရောင်ခြင်းတူပေမယ့် လုံးဝကိုကွဲပြားခြားနားသွားတာကိုတွေ့မြင်ရတယ်။

ဒါကြောင့် pantone တွင် ကာလာပေါင်းစပ်ရိုက်ရာတွင် တိကျမှသာ မှန်ကန်တဲ့ကာလာအရောင်ရရှိပါတယ်။ Spot ကာလာဖြစ်တဲ့အတွက် CMYK ကဲ့သို့ process color အမျိုးအစားကို လေးရောင်ထဲမှာကိုယ်ကြိုက်တဲ့ ကာလာအလွယ်တကူ မပြုလုပ်နိုင်ပါဘူး။ Pantone ကိုတော့ AI မှာဆိုရင် color swatches ထဲက Open swatch Library > color book ထဲမှာဖြစ်ဖြစ် PS မှာပဲ ဖြစ်ဖြစ် color swatches ထဲမှာ မြင်ဖူးကြမှာပါ။ မည်သို့ပင် coated uncoated ဟုဆိုပါစေ အဓိကမှာ customer လိုအပ်သည့်အရောင်ကိုရရှိစေရန် ပထမတစ်ခေါက် print test ထုတ်ကြည့်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

 

Myanmar Advertising Directory

Published in Print Advertising

ေၾကာ္ျငာျခင္းကုိ ေရာမေခတ္ကတည္းကစခဲ့ပါသည္။ ပစၥည္းမ်ားေရာင္းရဖုိ႔ လွည့္လည္ေအာ္ဟစ္ရန္ အသံေကာင္းသူမ်ားကို ငွားရမ္း၍သံုးခဲ့ၾကသည္။

Published in How To