-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်ချင်လား?

သင့်လုပ်ငန်းနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်ချင်လား? google.com

မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်း တွေ လုပ်ကြတဲ့အခါ အသေးစား၊ အလတ်စား၊ အကြီးစားအစရှိ သဖြင့် သုံးမျိုးရှိပါတယ်။

များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် အသေးစားစီးပွားရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာသာ ခံယူထားတယ်။

ကျွန်တော် သိတဲ့ မိတ်ဆွေလုပ်ငန်းအတော် များများဆိုရင် စလုပ်ကတည်းက အသေးစား လို့ခံယူထားပြီး ရှစ်နှစ်ကြာသွားလည်းအသေး စားခေါင်းစဉ်ကနေ မထွက်နိုင်ကြ ပါဘူး။

ဒီတော့ သူတို့ဘာကြောင့် မကြီးထွားနိုင်ကြ တာလဲဆိုတော့ ဒီအချက်တွေကြောင့် ပဲ ဖြစ်ပါတယ်။

 

ရောင့်ရဲမှု

ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်းရှိ သလို ကိုယ့်မိသားစု တစ်ခုစာဖူလုံတဲ့ စီးပွားရေးသမားလည်းရှိပါတယ်။ ရောင့်ရဲ တင်းတိမ် မှုဟာ မြန်မာနိုင်ငံက စီးပွားရေးသမား အတော်များများမှာရှိတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

တစ်လ သိန်းငါးရာရှာနိုင်ရင် ပြီးရောပေါ့ အစရှိတဲ့ ခံယူချက် မျိုးဖြစ်ပါတယ်။ အဲဒီလို ခံယူချက်မျိုး ရှိနေတဲ့သူတွေဟာ ပြောင်းလဲမှာ မဟုတ်တာကြောင့် သူတို့စီးပွားရေးလည်း တိုးတက်လာမှာမဟုတ်ပါဘူး။

 

ထက်မြက်တဲ့ ဝန်ထမ်းနဲ့ လုပ်ဖော်ကိုင်ဖက်

ထက်မြက်တဲ့ဝန်ထမ်းနဲ့ လုပ်ဖော်ကိုင်ဖက် မရှိရင် စီးပွားရေးကိုချဲ့ထွင်ဖို့မဖြစ် နိုင်ပါဘူး။ ဘာကြောင့် လဲဆို ကိုယ်ကချဲ့ထွင် ဖို့ကြိုးစားပြီဆိုရင် လိုက်လုပ်ရမယ့် သူတွေက လူတွေဖြစ်ပါတယ်။

လူတွေကပါမလာရင် နည်းပညာနဲ့ပဲ လုပ်နိုင် လားပေါ့။ မရပါ။ လူ ကိုယ်တိုင်ဝင်ရောက်ဆောင်ရွက်မှု၊ ထုတ်လုပ်မှု၊ စီမံ ခန့်ခွဲမှုတွေ လိုအပ်ပါတယ်။

ဒါကြောင့် ဒီအချက်ဟာလည်း မြန်မာပြည်မှာ အားနည်း နေတဲ့အချက်တစ်ခုဖြစ်ပါတယ်။

 

နည်းစနစ် မကျမှု

အိမ်တစ်အိမ်ဆောက်တဲ့အခါ အခြေခံအုတ်မြစ်မကောင်းရင် အဲဒီအပေါ်မှာ ထပ်ကွန့်ပြီး ပြင်ဆင်မွမ်းမံ အဆင့်မြှင့်တင်ဖို့ ဆိုတာမလွယ်ပါဘူး။

အဲဒီအခြေခံ အုတ်မြစ် ကိုပြန်ပြင် ရပါတယ်။ ဒီလိုပဲ စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်တဲ့ အခါစကတည်းက နည်းစနစ်မကျ၊ Document နဲ့ Information တွေကို

စနစ်တကျ မသိမ်းဆည်း၊ Organization Structure ကိုလည်း စနစ် တကျ မဖွဲ့စည်းထား။ အဲဒီလိုတွေဖြစ် နေရင်တော့ လုပ်ငန်းကို တိုးချဲ့လို့ မရနိုင်ပါဘူး။ နည်းစနစ်မကျတဲ့ လုပ်ဆောင်မှုကြောင့် လုပ်ငန်းဟာ ရှေ့မတက်နိုင်ဘဲ အရှုံးပေါ်နိုင် ပါတယ်။

နည်းစနစ်မကျတာ ဟာလည်း မြန်မာကုမ္ပဏီ အများစုမှာ ရှိနေတဲ့ အားနည်းချက် တစ်ခုဖြစ်ပါတယ်။

 

စားသုံးသူပေါ်ထားတဲ့ စိတ်ဓာတ်

မြန်မာပြည်မှာ နာမည်ရ အင်တာနက်ဝန်ဆောင်မှု အတော်များများရှိခဲ့ပါတယ်။ အဲဒီထဲမှာ အောင်မြင်သွားသူတွေရှိသလို ကျရှုံးသွားသူတွေလည်း ရှိပါတယ်။

ကျရှုံးသွားသူတွေကို ကြည့်လိုက်ရင် စားသုံးသူ အပေါ် ထားရှိခဲ့တဲ့ သူတို့ရဲ့ စိတ်ဓာတ်ဟာ လိုအပ်ချက်ရှိနေပါတယ်။ ဒီစားသုံးသူတွေ ဒီလောက်ပဲပေးပြီး ဒီလောက်လာတောင်းဆို နေတယ်လို့မြင်ရင် ကိုယ့်ခံယူချက်ဟာ အတော်လေး မှားနေပါပြီ။

အဲဒီလုပ်ငန်းဟာ Customer ကို လေးစား မှုမရှိတာကြောင့် ဈေးကွက်ကိုချဲ့ထွင်ဖို့ ခံယူချက်လည်း ယုံ ကြည်ချက်ရှိမှာ မဟုတ်ပါဘူး။

စားသုံးသူ အယောက်တစ်ရာကို ပျော်ရွှင်အောင်မလုပ်နိုင်သူဟာ နောက်စား သုံးသူ အယောက်တစ် ထောင်ရှာဖို့ ယုံကြည်ချက်မရှိသလိုပေါ့။

ဒီအချက်ဟာ မြန်မာ ပြည်က ဝန်ဆောင်မှု လုပ်ငန်းရှင်တချို့တွေမှာ ရှိနေတာကြောင့် တိုးချဲ့ဖို့ မလွယ်ပါဘူး။

 

နည်းပညာ

နည်းပညာကို ကောင်းကောင်းမသုံးနိုင်ရင် ကုမ္ပဏီတွေ သေတော့မယ့် အခြေ အနေ အထိကို ရောက်နေပါပြီ။ ဒါတောင် နည်းပညာကို အသုံးမချရဲသေးတဲ့ ကုမ္ပဏီတွေ အများကြီးမှ အများကြီးပါ။

အီးမေးမသိ၊ ဝက်ဘ်ဆိုက်မသိ၊ ဖေ့စ်ဘွတ်ခ်မှာ ဘယ်လို ကြော်ငြာရမယ်မသိ အစရှိသဖြင့် နည်းပညာ နဲ့ ပတ်သက်လို့ အခြေခံအသေးလေးတွေက စလို့ ဘာမှမသိဘဲနေရလိုက်ရင် နောင်လေး နှစ်အတွင်း ကုမ္ပဏီရှင်သန်ဖို့ ခဲယဉ်းသွားပါ ပြီ။

နည်းပညာကို အသုံးချတဲ့အခါ Internal Management နဲ့ Work Flow ကို အထောက် အကူ ပြုဖို့ အသုံးချခြင်းနဲ့ Consumer Experience အတွက် အသုံးချခြင်း ဆိုပြီးတော့ နှစ်မျိုးခွဲနိုင်ပါတယ်။

အဲဒီနှစ်မျိုးလုံးကို တိုးတက်အောင်လုပ်ထားနိုင်မှ ကိုယ့် လုပ်ငန်းဟာ ၂၁ ရာစုမှာ အသက်ရှင်မှာပါ။

 

မားကက်တင်း

မားကက်တင်းမလုပ်ဘဲ ဈေးရောင်းနေတာဟာ အမှောင်ထဲမှာ ကျွန်တော်ချော လားလို့မေး နေသလိုပါပဲ။

ကိုယ့်ပစ္စည်းကို လူမသိနိုင်ပါဘူး။ မားကက်တင်း လုပ်တဲ့ ကုမ္ပဏီတွေဟာ ပိုတော်တဲ့ကုမ္ပဏီ တွေထက် စားသုံးသူ အများကြီး ပိုရတယ်ဆိုတာ သက် သေသာဓက တွေ ပြစရာမလိုအောင် ရှင်း လင်းနေပါ တယ်။

မားကက်တင်းထဲမှာတောင် မှ နည်းပညာကို အသုံးချပြီးလုပ်တဲ့ ဒစ်ဂျစ် တယ်မားကက်တင်းကို ချန်ထားလို့မရတဲ့ ခေတ်ထဲကိုပါ ရောက်ရှိလာပြီဖြစ် ပါတယ်။

 

မပြောင်းလဲတဲ့ Product နဲ့ Service

ခေတ်တွေက ပြောင်းလာတယ်။ Taste က မတိုးတက်၊ Packaging က မတိုး တက်ရင် နောက်မှာ ကျန်ခဲ့တတ်တယ်ဆိုတာကို လက်ရှိစားသောက်ကုန် အတော်များများ မှာမြင်နေရ ပါတယ်။

ဒါကြောင့် စားသုံးကုန် ကုမ္ပဏီကြီးတွေဟာ Innovation တွေလုပ်ဖို့ နိုင်ငံတကာ ပညာရှင်တွေကို Consultant အနေနဲ့ ခေါ်ပြီး ပြောင်းလဲမှုတွေ လုပ်နေတာကိုမြင်ရမှာပါ။

ဝန်ဆောင်မှု လုပ်ငန်းလည်း ထိုနည်းတူစွာပါပဲ။ ခေတ်စနစ်နဲ့အညီ တိုး တက်ပြောင်းလဲ လာဖို့ လိုအပ်ပါတယ်။ တခြား ကားလိုင်းတွေက အဲယားကွန်းအပြင် တီဗီပါ တပ်လာပေးရင် တီဗီမပါတဲ့ ကိုယ့်ကားကိုစီး မယ့်သူတွေနည်းလာမယ့် သဘောတရားပါပဲ။

 

ရင်းနှီးမြှုပ်နှံမှု အားနည်းခြင်း

စီးပွားရေး လုပ်ငန်းတချို့ဟာ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ပြီး ချဲ့လို့ရပေမဲ့ တချို့ လုပ်ငန်းတွေ ဟာဆိုရင် ငွေအသစ် အလုံးလိုက်၊ အရင်းလိုက် လိုအပ်ပါ တယ်။ တိုးချဲ့ဖို့ကိုပြောတာပါ။

အမေရိကန်ဒေါ်လာ တစ်သန်း၊ နှစ်သန်းဆိုတာ ဟပ်ချလောင်းဆို ပြီး လက်ထဲမှာ ပေါ်မလာနိုင်တာကြောင့်လည်း လုပ်ငန်း တချို့ဟာ အသေးစားဘဝကနေ တက် မလာနိုင်ကြသေးပါဘူး။

အဲဒီအချိန် ငွေသုံးနိုင်တဲ့သူတွေဝင်တဲ့အခါ ကိုယ့်လုပ်ငန်း ဟာ ငုပ်သွားတတ်ပါတယ်။

 

ခေါင်းမာသူများ

မြန်မာမှာ ဆိုရိုးရှိပါတယ်။ သုံးယောက်ရှိရင် လေးဖွဲ့ကွဲတယ်တဲ့။ ကိုယ့်လုပ်ငန်းဟာ လူ ၂၀ နဲ့လုပ်နေတာအကောင်း၊ လူ ၅၀ လည်းဖြစ်ရော လုပ်ငန်းတိုးတက် အောင်ဆွေးနွေး ကြတဲ့ အခါ ဒီမိုကရေစီဆန်တဲ့ စီမံခန့်ခွဲစနစ်ကိုကျင့်သုံးရင် ငြင်း မယ့်သူ တွေများပါတယ်။

ဒါလည်း မကြိုက်၊ ဟိုဟာ လည်းမကြိုက်နဲ့ နောက် ဆုံးတော့ ကိုယ်ပဲကျန် ခဲ့တာမျိုးပါ။ စတိဗ်ဂျော့စ် တောင် သူထောင် တဲ့ Apple ကနေ သူကိုယ်တိုင် အလုပ်ထုတ် ခံရပါတယ်။

ခေါင်းမာ သူတွေဟာ ကင်မရာနဲ့ တခြားအီလက်ထရွန်နစ်တွေ အင်မတန်ထုတ် ချင်နေတာကြောင့် ဖြစ်ပါတယ်။ ခေါင်းမာသူ တွေကို စီမံခန့်ခွဲတတ်မှုဟာလည်း အင်မတန် အရေးကြီးပါတယ်။

 

ခေါင်းဆောင်မှုစွမ်းရည် လိုအပ်ချက်ရှိမှု

ခေါင်းဆောင်ကောင်းဆိုတာ နေရာ တိုင်းမှာလိုအပ်ပါတယ်။ တိုင်းပြည်တိုးတက် ဖို့ ခေါင်းဆောင်ကောင်းလိုအပ်သလို ကုမ္ပဏီ လုပ်ငန်းတစ်ခုတိုးတက်ဖို့ ခေါင်းဆောင် ကောင်းတွေလိုအပ်ပါတယ်။

ရှေ့ကိုကြိုမြင်နိုင် သူ၊ ဝန်ထမ်းတွေကို အားတက်စေသူ၊ အား ပေးသူ၊ အကောင်းမြင်သူ၊ EQ ၊ IQ မျှတစွာ ရှိနေသူတွေ ဟာ ခေါင်းဆောင်ကောင်းဖြစ်ပါ တယ်။

တကယ်တမ်းကျ ခေါင်းဆောင်ကောင်း ကို အဓိပ္ပာယ်ဖွင့်ဖို့အတွက် အကြောင်းချက် များစွာ လိုအပ်ပါတယ်။ ဒီလောက်နဲ့ မပြည့် စုံပါဘူး။

အထက်ပါ အချက်တွေကတော့ စီးပွားရေး လုပ်ငန်းတစ်ခုကို အသေးစားဘဝ ကနေ မကြီး ထွားနိုင်အောင် ကာဆီးနေတဲ့ အချက်တွေဖြစ်ပါတယ်။

ဒီအချက်လေးတွေကို ပြင်လိုက်မယ်ဆိုရင်တော့ သင့်လုပ်ငန်း ဟာ ကမ္ဘာကြီးကို သိမ်းပိုက်နိုင်လောက်အောင် ကြီးထွားလာမှာပါ။

Recommended for you-အစောင့်တင်းကုပ်လေး ဘ၀မှ ကမ္ဘာကျော် လုပ်ငန်းကြီး သို့

Source ; Myanmar B2B

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

Read times
Rate this item
(2 votes)