-->


တေလာဆွစ်ဖ်ဂီတပွဲ စင်ကာပူတွင်သာ ကျင်းပရန် မက်လုံးကိစ္စ ထိုင်းဝန်ကြီးချုပ် ပြောဆိုချက် သဘောထားအမှန် ရှင်းလင်းပြောကြား

တေလာဆွစ်ဖ်ဂီတပွဲ စင်ကာပူတွင်သာ ကျင်းပရန် မက်လုံးကိစ္စ ထိုင်းဝန်ကြီးချုပ် ပြောဆိုချက် သဘောထားအမှန် ရှင်းလင်းပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အရှေ့တောင်အာရှ ဂီတပွဲ ခရီးစဉ်တွင် စင်ကာပူ တစ်နိုင်ငံတည်းတွင်သာ ပွဲကျင်းပရန် စင်ကာပူနိုင်ငံမှ တေလာ ဆွစ်ဖ်ကို ငွေကြေးပေးပြီး သဘောတူညီချက် ရယူခဲ့ကြောင်း ပြီးခဲ့သည့်လက ထိုင်းဝန်ကြီးချုပ်  ဆရက်သာ သာဝီစင်က ထုတ်ဖော်ပြောကြားခဲ့သည်။

 

ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်ကို ပြစ်တင်ဝေဖန်ခြင်း သို့မဟုတ် စင်ကာပူနိုင်ငံအပေါ်  မနာလိုသည့် ပြောဆိုမှုအဖြစ် မယူဆသင့်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Chai Watcharong က မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

 

ထိုင်းဝန်ကြီးချုပ်  ဆရက်သာက စင်ကာပူ၏ အကွက်မြင်ပုံနှင့် လုပ်ပုံကိုင်ပုံကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း Mr Chai  က ပြောကြားသည်။

 

“စင်ကာပူရဲ့ ကမ်းလှမ်းချက်ဟာ သူတို့ ခပ်ရဲရဲတွေးဆပြီး ခပ်ရဲရဲ လုပ်ဆောင်ကြတယ် ဆိုတာကို ပြသတဲ့ လုပ်နည်းကိုင်ဟန်တခု ဖြစ်ပါတယ်။ 

တေလာဆွစ်ဖ်ရဲ့အဖွဲ့က စင်ကာပူမှာသာ ဖျော်ဖြေပွဲ ပြုလုပ်ရန် သဘောတူညီအောင် လုပ်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ စင်ကာပူ တနိုင်ငံတည်းမှာသာ ပွဲကျင်းပစေခဲ့ပါတယ်။ အဲဒါက တိုင်းပြည်ကို အကျိုးဖြစ်ထွန်းပါတယ်"ဟု Mr Chai က ပြောကြားသည်။

 

ဖေဖော်ဝါရီ ၁၅ ရက်က ဘန်ကောက်တွင် ပြုလုပ်သည့် စီးပွားရေးကွန်ဖရင့်တွင် ပြောကြားခဲ့သည့် Mr Srettha ၏ ပြောကြားချက်သည် အရှေ့တောင်အာရှတွင် ဆွစ်ဖ်သည် စင်ကာပူမှတပါး အခြားနိုင်ငံများတွင် ပွဲကျင်းပမည် မဟုတ်ကြောင်း ကတိကဝတ် ရရှိရန် ငွေကြေးမက်လုံး ပေးထားကြောင်း ပထမဆုံး ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

 စင်ကာပူအစိုးရက အဆိုပါ ငွေကြေးမက်လုံးကို ဖျော်ဖြေပွဲတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂ သန်းမှ ၃ သန်းအထိ ပေးကမ်းထားကြောင်း ဖျော်ဖြေပွဲစီစဉ်သူ AEG က ပြောကြားသည်ဟု Mr Srettha က ထုတ်ဖော်ပြောကြားခဲ့သည်။

 

စင်ကာပူအစိုးရသည် ငွေကြေးမက်လုံး ပေးအပ်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ပမာဏ အတိအကျ ထုတ်ဖော်ပြောကြားခြင်း မပြုချေ။ ထိုပမာဏအထိ မများကြောင်းသာ ပြောဆိုခဲ့သည်။

တေလာဆွစ်ဖ်သည် စင်ကာပူတွင် ၆ ပွဲ ကျင်းပသဖြင့် ငွေကြေးမက်လုံး ၁၂ သန်းမှ ၁၅ သန်းအထိ ရရှိမည်ဟု ယူဆနိုင်သည်။

နောက်ပိုင်း ထွက်ပေါ်သည့် အတည်မပြုနိုင်သော သတင်းများအရ ဘီလျံနာ တေလာဆွစ်ဖ်ကို ၆ ပွဲစလုံးအတွက် ကန်ဒေါ်လာ ၂ သန်းမှ ၃ သန်းအထိ ပေးကမ်းခြင်း ဖြစ်သည်ဟု ဆိုသည်။ 

နောက်ပိုင်းတွင် ဖိလစ်ပိုင် ဥပဒေပြုအမတ်က စင်ကာပူ၏ ၎င်းမက်လုံးသဘောတူညီချက်အတွက် စိတ်မချမ်း‌ေမြ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ "ဒါမျိုးက အိမ်နီးချင်းကောင်းတွေ လုပ်တဲ့ အလုပ်မျိုး မဟုတ်ဘူး"ဟု ၎င်းက ဆိုသည်။

 

၎င်းပြောဆိုချက်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဩစတေးလျနိုင်ငံသို့ ရောက်ရှိနေစဉ် မဲလ်ဘုန်းမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့ရာ၌ အိမ်နီးနားချင်းနိုင်ငံတွေကို "မိတ်ဆွေ မဆန်တဲ့ သဘော"ဟု သူ မရှုမြင်ပါကြောင်း ပြောကြားသည်။

 

 “စင်ကာပူကိုလာပြီး ဖျော်ဖြေဖို့နဲ့ အရှေ့တောင်အာရှမှာ စင်ကာပူ တစ်နိုင်ငံတည်းမှာ ဖျော်ဖြေဖို့  ကျွန်တော်တို့ရဲ့ ဌာနတွေက ညှိနှိုင်းစီစဉ်ခဲ့ပါတယ်”ဟု ၎င်းက ပြောကြားသည်။

"အလွန်အောင်မြင်တဲ့ စီစဉ်မှု ဖြစ်လာပါတယ်” ဟု Mr Lee က မှတ်ချက်ပြုခဲ့ပါသည်။

 

ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Mr Chai က Mr Srettha ဆိုလိုရင်းမှာ "ခရီးသွားလုပ်ငန်းကို မြှင့်တင်လိုသောနိုင်ငံတခုအနေဖြင့် စင်ကာပူ၏ မဟာဗျူဟာကို လေ့လာသင်ယူသင့်သည်"ဟု ဆိုလိုသည်။ သဘောတူညီချက်သည် "ပုံမှန် ပြုနေကျ စီးပွားရေး အလေ့အကျင့်"တခုသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“စင်ကာပူက သူ့ရဲ့လုပ်ရပ်အတွက် ရှက်နေစရာ ဘာအကြောင်းမှ မရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။

 

Source cna


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)