-->


Meta က ဥရောပ ကြော်ငြာစည်းမျဉ်းများကို လစဉ်ကြေး ကောက်ခံခြင်းဖြင့် တုံ့ပြန်

 Meta က ဥရောပ ကြော်ငြာစည်းမျဉ်းများကို လစဉ်ကြေး ကောက်ခံခြင်းဖြင့် တုံ့ပြန်

https://t.me/Guid4U
JOIN THE CHANNEL 

Meta သည် ဥရောပရှိ Facebook နှင့် Instagram အသုံးပြုသူများအတွက် လစဉ်ကြေး ပေးသွင်းပြီး သုံးစွဲသည့် နည်းလမ်းကို ရွေးချယ်စရာ အသစ်တစ်ခုအဖြစ် စတင်သည်။

ကြော်ငြာများ ပြသသည့် အခမဲ့ သုံးစွဲခြင်း နည်းလမ်းနှင့် ကြော်ငြာ လုံးဝမပြ လစဉ်ကြေး ပေးသွင်းပြီး သုံးစွဲသည့်နည်းလမ်း ဟူ၍ ရွေးစရာ ၂ မျိုးကို စီစဉ်ပေးထားမည်။ 

လစဉ်ကြေး ပေးသွင်းသူများ၏ အချက်အလက်များကို ကြော်ငြာပြသရန်အတွက် လုံးဝ သုံးစွဲခြင်းမပြုဟု Meta ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဥရောပသမဂ္ဂ၊ ဥရောပစီးပွားရေးနယ်မြေနှင့် ဆွစ်ဇာလန်တို့တွင် လစဉ်ကြေး ပေးသွင်းပြီး သုံးစွဲနိုင်မည်။ တလ ၉.၉၉ ယူရို($11) ကို ဝဘ်အတွက် ကောက်ခံမည်။ iOS နှင့် Android အတွက် တလ ၁၂.၉၉ ယူရို ကောက်ခံမည်။

 

ယခုလို လစဉ်ကြေး အစီအစဉ် စတင်သည်မှာ General Data Protection Regulation (GDPR), Digital Markets Act (DMA) တို့ အပါအဝင် ဉရောပ စည်းမျဉ်းများကို တုံ့ပြန်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းစည်းမျဉ်းများက သုံးစွဲသူ၏ အချက်အလက်များကို ကြော်ငြာကိစ္စအတွက် အသုံးမပြုရန် တားမြစ်ထားသည်ကို လစဉ်ကြေး အစီအစဉ်ဖြင့် လိုက်နာ စောင့်ထိန်းခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် ကြော်ငြာဝင်ငွေ ကျောထောက်နောက်ခံဖြင့် အခမဲ့ ဝန်ဆောင်မှု ပေးသည့် နည်းလမ်းကိုလည်း ရွေးချယ်နိုင်မည် ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

 

Meta က ၎င်းသည် ကြော်ငြာဝင်‌ငွေဖြင့် ပံ့ပိုးထားသော အခမဲ့ ဝန်ဆောင်မှုကို ဆက်လက် အားပေးထောက်ခံသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုံးစွဲသူ တဦးချင်းအရ ကြော်ငြာ ပြသပေးခြင်းဖြင့် ဝယ်ယူဖို့ အလားအလာ ရှိသူများကို လုပ်ငန်းငယ်များ ထိထိမိမိ လက်လှမ်းမီစေသည်ဟု ၎င်းက ဆိုသည်။

 

"ဒါပေမဲ့ ကျွန်တော်တို့ဟာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ ဥရောပစည်းမျဉ်းတွေရဲ့ စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်ကို လေးစားပြီး အဲဒါတွေကို လိုက်နာဖို့ သန္နိဋ္ဌာန်ချထားပါတယ်"ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

လစဉ်ကြေးသည်  ၂၀၂၄ ခုနှစ် မတ်လ ၁ရက်အထိ သုံးစွဲသူ၏ Accounts Center တွင် ချိတ်ဆက်ထားသော Facebook နှင့် Instagram အကောင့်အားလုံး  အကျုံးဝင်မည်ဖြစ်သည်။

ထိုရက်နောက်ပိုင်းတွင် မူရင်းမူလ ပင်မအကောင့်အတွက် လစဉ်ကြေးအပြင် အပွားအကောင့်တခုလျှင် ဝဘ်အတွက် တလ ၆ ယူရို($6 ခန့်) ၊ iOS နှင့် Android အတွက် တလ ၈ ယူရို ($8 ခန့်) ထပ်ဆောင်းပေးသွင်းရမည် ဖြစ်သည်။

 

 Facebook နှင့် Instagram ကို အခမဲ့ ဆက်လက်အသုံးပြုရန် ရွေးချယ်သော သုံးစွဲသူများသည် ယခုလက်ရှိအတိုင်း မပြောင်းလဲဘဲ ရှိနေမည်ဖြစ်ပြီး ကြော်ငြာများကို ဆက်လက်ကြုံတွေ့ရမည်ဖြစ်ပါသည်။

Facebook သည် ပြသသည့် ကြော်ငြာများအတွက်

Ad Preferences တွင် စီစဉ်နိုင်အောင် စီမံပေးထားသည်။  Setting & privacy မှတစ်ဆင့် ကြော်ငြာများကို စီမံနိုင်ပါသည်။ 

photo_2023-11-01_09-57-29.jpg

 

 

 

photo_2023-11-01_09-57-11.jpg

 

 

ကြော်ငြာ ဝင်ငွေဖြင့် ပံ့ပိုးပေးသည့် အခမဲ့ အွန်လိုင်းဝန်ဆောင်မှုကို ရွေးချယ်သော သုံးစွဲသူများကို တဦးချင်းအရ ပစ်မှတ်ထား၍ စိတ်ကြိုက်ပြင်ဆင်ထားသော ကြော်ငြာကမ်ပိန်းများကို ကြော်ငြာသူများ ဥရောပတွင် ဆက်လက်လုပ်ဆောင်နိုင်ပါမည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

 

ကြော်ငြာမပြ လစဉ်ကြေးကောက်ခံသည့် နည်းလမ်းကို ဥရောပ ကြော်ငြာစည်းမျဉ်းများအတွက် တုံ့ပြန်ရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သဖြင့် လောလောဆယ်တွင် ဥရောပအတွက်သာ စီစဉ်ထားပါသည်။ အခြားဒေသများသို့လည်း ချဲ့ထွင်မည့် အလားအလာ ရှိပါသည်။ 

 

Source meta


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)