စပွန်ဆာကြေးအတွက် လေယာဉ် တမင်ပျက်ကျသည့် YouTuber ထောင်ဒဏ် နှစ် ၂၀ အထိ ကျနိုင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ချန်နယ်တွင် ကြည့်ရှုမှုအရေအတွက် များစေရန် လေယာဉ်ကို တမင်ပျက်ကျစေခဲ့သည့် YouTuber လေယာဉ်မှူးအား ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်း အမေရိကန် အာဏာပိုင်များက ကြာသပတေးနေ့(မေ ၁၁)တွင် ပြောကြားခဲ့သည်။ Jacob က အပြစ်ရှိကြောင်း ဝန်ခံရန် သဘောတူခဲ့သည်။
"I crashed my airplane" ခေါင်းစဉ်ဖြင့် Trevor Jacob က ၂၀၂၁ နိုတင်ဘာလတွင် အင်ဂျင်ပျက်သဖြင့် လေယာဉ်ပျက်ကျသည်ကို YouTube တွင် ဗီဒီယို တင်ပြခဲ့သည်။
အခင်းဖြစ်ပွားပြီး သီတင်းပတ် အနည်းငယ်အတွင်း National Transportation Safety Board နှင့် the Federal Aviation Administration (FAA) တို့မှ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး Jacob ကို လေယာဉ်ပျက်ကို ထိန်းသိမ်းထားရန် အမိန့်ထုတ်ခဲ့သည်။
အခင်းဖြစ်ပွားပြီး ၂ ပတ်အကြာတွင် Jacob နှင့် အပေါင်းပါ ၁ ဦးတို့သည် ရဟတ်ယာဉ်ဖြင့် လေယာဉ်ပျက်ကို သယ်ယူခဲ့ကြသည်။ လေယာဉ်ပေါ်မှ ကင်မရာဒေတာများကို ရယူခဲ့သည်။
ပိုက်ဆံအိတ်ကုမ္ပဏီတစ်ခုထံမှ စပွန်ဆာကြေးဖြင့် ငွေရှာရန် ဗီဒီယိုကို ဖန်တီးပြီး YouTube မှာ တင်ခဲ့သည်။
လေယာဉ်ကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပြီး အမှိုက်ပုံးများတွင် လိုက်လံစွန့်ပစ်ကာ အစဖျောက်လိုက်ကြသည်။
.
FAA က Jacob ၏ လေယာဉ်မှူးလိုင်စင်ကို ၂၀၂၂ ဧပြီလတွင် ဖျက်သိမ်းခဲ့သည်။
.
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U