-->


YouTube ကြော်ငြာပိတ်ဆို့ခြင်း ‌နှိပ်ကွပ်ရေး ကမ်ပိန်း ပြင်းထန်တင်းကျပ်

YouTube ကြော်ငြာပိတ်ဆို့ခြင်း ‌နှိပ်ကွပ်ရေး ကမ်ပိန်း ပြင်းထန်တင်းကျပ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

YouTube သည် ကြော်ငြာပြသခြင်းကို ၂၀၀၇ တွင် စမ်းသပ်ကာလအဖြစ် စတင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် စီးပွားဖြစ် စတင်သည်။

ဗီဒီယို မလာခင် ကြော်ငြာအတိုအထွာကို အရင်ပြသသည်။ ကြည့်ရှုသူသည် ကြော်ငြာဗီဒီယိုကို အရင်ကြည့်ပြီးမှ ဗီဒီယိုကို ကြည့်ရသည့် preroll ad ကြော်ငြာများဖြင့် ဝင်ငွေရှာဖွေသည်။

နောက်တဆင့်တွင် ဗီဒီယို ပြသနေစဉ်မှာလည်း ကြော်ငြာဝင်သည်။ ကြော်ငြာပြသနေသည်ကို ပျော်ကြည့်၍ မရသဖြင့် သည်းခံစောင့်ဆိုင်းရသည်။

 

YouTube က ကြော်ငြာမကြည့်လိုပါက ပရီမီယံ လစဉ်ကြေးပေးပြီး ကြော်ငြာမဝင် ဗီဒီယိုကို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နိုင်အောင် စီစဉ်ပေးထားသည်။

 

လစဉ်ကြေး မပေး၊ ကြော်ငြာလည်း မကြည့်လိုသဖြင့်  ad blocker သုံးပြီး ကြော်ငြာ ဝင်မလာအောင် ပိတ်ဆို့ထားပြီး ဗီဒီယို ကြည့်ရှုသူများ ရှိလာသည်။ 

ဇွန်လတွင် YouTube သည် ဗီဒီယို  ကြည့်ရှုလိုပါက ၎င်းတို့အား ကြော်ငြာပိတ်ဆို့သည့် ad blocker ကို ပိတ်ထားရန် တိုက်တွန်းသည့် လုပ်ဆောင်ချက်ကို စမ်းသပ်မှု အသေးစားတခု အဖြစ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုစဉ်က ad blocker သုံးစွဲသူ အနည်းငယ်ကိုသာ သက်ရောက်ခဲ့သည်။

ယခုအခါ ကမ္ဘာတဝှမ်း ad blocker သုံးစွဲပြီး YouTube တွင် ဗီဒီယို ကြည့်ရှုသူတိုင်းကို ad blocker မသုံးဖို့ တားမြစ်နေပြီ ဖြစ်သည်။

 

YouTube တွင် ဗီဒီယို ပြသသည့်အခါ ကြော်ငြာဝင်သည်ကို မလိုလားပါက ကြည့်ရှုသူအနေဖြင့် YouTube Premium လစဉ်ကြေး ပေးသွင်းပြီး ဗီဒီယိုများကို ကြည့်ရှုနိုင်သည်။ ပရီမီယံဆိုပါက YouTube က ကြော်ငြာ မပြသချေ။ ပရီမီယံကြေးမှာ အနည်းဆုံး တလ $13.99 ဖြစ်ပါသည်။

ပရီမီယံ မယူပါက YouTube မှ ပြသသည့် ကြော်ငြာများကို သည်းခံရမည် ဖြစ်သည်။

 

 photo_2023-11-13_09-38-15.jpg

 

သို့ဖြစ်ရာ ရွေးချယ်စရာ နည်းလမ်း ၂ မျိုးသာ ပေးထားမည်။ ကြော်ငြာများ ပြသခြင်းကို ခွင့်ပြုထားရန် နှင့် YouTube Premium ကို အစမ်းသုံးကြည့်ရန် တို့ ဖြစ်ပါသည်။

တနည်းဆိုရသော် ကြော်ငြာများကို block ပေးသည့်  ad blocker ကို YouTube က ပြန် block လိုက် ခြင်း ဖြစ်ပါသည်။

 

photo_2023-11-13_09-40-18.jpg

 

Source gsmarena


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)