-->


အရှေ့တောင်အာရှတွင် ဒေါ်လာဘီလီယံချီ TikTok ရင်းနှီးမြှုပ်နှံမည်

အရှေ့တောင်အာရှတွင် ဒေါ်လာဘီလီယံချီ TikTok ရင်းနှီးမြှုပ်နှံမည် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံမှ ByteDance ပိုင်ဆိုင်သည့် TikTok ဗီဒီယိုအတိုအက်ပ်သည် လာမည့်နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှတွင် အမေရိကန် ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြာသပတေးနေ့(ဇွန် ၁၅)တွင် ပြောကြားသည်။

.

စုစုပေါင်း လူဦးရေ သန်း ၆၃၀ ရှိသော အရှေ့တောင်အာရှ ဒေသတွင် ၎င်းလူဦးရေ  ထက်ဝက်သည် အသက် ၃၀ နှစ်အောက်ဖြစ်သည်။ ၎င်းအသက်အပိုင်းအခြားသည် TikTok အတွက် အရေးပါသည်။ လစဉ် TikTok သုံးသူဦးရေ ၃၂၅ သန်းကျော် ရှိနေစေသည့် အသက်အပိုင်းအခြား ဖြစ်သည်။

.

TikTok ၏ TikTok Shop သည် အရှေ့တောင်အာရှ e-commerce တွင် Sea ၏ Shopee ၊ Alibaba ၏ Lazada ၊  GoTo ၏ Tokopedia တို့ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

.

 “လာမယ့်နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှမှာ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံသွားမှာပါ” ဟု TikTok CEO Shou Zi Chew က ပြောကြားခဲ့သည်။

 TikTok သည် အသုံးစရိတ် အစီအစဉ် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။ 

.

၎င်း၏ e-commerce ပလက်ဖောင်း TikTok Shop တွင် ပါဝင်လိုသော အသေးစား ရောင်းချသူများကို လေ့ကျင့်ရေး၊ ကြော်ငြာခြင်းနှင့် ပံ့ပိုးပေးခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်ဟု ပြောကြားသည်။

တစ်စိတ်တစ်ပိုင်းအနေဖြင့် လာမည့်သုံးနှစ်အတွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ 

 စွန့်ဦးတီထွင်သူများနှင့် လူငယ်များ စုစုပေါင်း ၁၂၀,၀၀၀ ကျော်ကို ပံ့ပိုးပေးမည့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂.၃ သန်း ပါဝင်ဟု ပြောကြားသည်။

 .

လွန်ခဲ့သော ငါးနှစ်က ဖျော်ဖြေရေး ရည်ရွယ်ချက်အတွက် အဓိက အသုံးပြုခဲ့သော TikTok ပလက်ဖောင်းပေါ်တွင် ယခုအခါ အကြောင်းအရာများ ပိုမိုစုံလင်လာပြီး အသုံးပြုသူ ပိုများလာသည့်အလျောက် ကြော်ငြာခြင်းသက်သက်အပြင် e-commerce သို့ ချဲ့ထွင်လုိက်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း သုံးစွဲသူများသည် အက်ပ်ပေါ်ရှိ လင့်ခ်များမှတစ်ဆင့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ကြောင်း Chew မှ ပြောကြားခဲ့ပါသည်။

.

TikTok တွင် အရှေ့တောင်အာရှတွင် ဝန်ထမ်း ၈၀၀၀ ရှိကြောင်း၊ အရှေ့တောင်အာရှ အကြီးဆုံး စီးပွားရေးတစ်ရပ်ဖြစ်သော အင်ဒိုနီးရှားတွင် ကုန်ပစ္စည်းများကို TikTok ပလက်ဖောင်းပေါ်မှာ ရောင်းချသည့် အသေးစား စျေးရောင်းသူ ၂ သန်းရှိကြောင်း ၎င်းက ပြောကြားသည်။

.

ဒေသအတွင်း e-commerce အရောင်းအ၀ယ်များသည် ယမန်နှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးအထိ ရောက်ရှိခဲ့သည်။ အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၅၂ ဘီလီယံရှိသည်။

.

TikTok သည် အရှေ့တောင်အာရှတွင် အရောင်းအဝယ်ပမာဏ ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၆၀၀ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၄.၄ ဘီလီယံသို့ ခုန်တက်သွားခဲ့သည်။

Shopee က ကန်ဒေါ်လာ ၄၈ ဘီလီယံဖြင့် ပထမနေရာတွင် ရှိနေပြီး TikTok က နောက်မှာ ကပ်လိုက်နေသည်။

.

အရှေ့တောင်အာရှတွင် အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် အစိုးရတို့က TikTok ကို ပိတ်ပင်ခြင်း မရှိသော်လည်း တင်ပြသည့် အကြောင်းအရာအပေါ် စိစစ်မှုများ ရှိနေသည်။

.

၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားအာဏာပိုင်များသည် "ညစ်ညမ်းရုပ်ပုံစာပေ၊ မသင့်လျော်သောအကြောင်းအရာနှင့် ဘာသာရေး ပုတ်ခတ်စော်ကားမှု" ပါရှိသော ပို့စ်များအတွက် TikTok ကို ခေတ္တပိတ်ပင်ခဲ့သည်။

.

ဗီယက်နမ်တွင် စည်းကမ်းထိန်းသိမ်းရေးအရာရှိများက ပလက်ဖောင်းပေါ်ရှိ "အဆိပ်သင့်သော" အကြောင်းအရာသည် ၎င်း၏ "လူငယ်၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ခြိမ်းခြောက်နေသောကြောင့် နိုင်ငံတွင်း TikTok ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဗီယက်နမ်ရှိ TikTok ရုံးတွင် စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

.

TikTok သည် အစီရင်ခံစာအသစ်ကို ထုတ်ပြန်ခဲ့သည်။

TikTok သည် ဒေသတွင်း နိုင်ငံကိုးနိုင်ငံတွင် TikTok အက်ပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ၁၀ ဦးလျှင် ပျမ်းမျှ ၆ ဦးသည် ၎င်းတို့၏ နိုင်ငံများတွင် အနိမ့်ဆုံးလုပ်ခထက် ဝင်ငွေ ပိုမိုရရှိနေကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

.

လာအိုသည် ထိပ်ဆုံးမှာ ရပ်တည်နေသည်။ TikTok တွင် အကြောင်းအရာ ဖန်တီးတင်ပြသူ  ၁၀ ဦးတွင် ၉ဦးနီးပါးသည် အနိမ့်ဆုံးလုပ်ခထက် ပို‌သော ဝင်ငွေကို ရရှိကြသည်။

Source straitstimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)