ဆမ်ဆောင်း၏ ဒစ်ဂျစ်တယ်ကိုယ်ပွား 'ဆမ်' ပထမဆုံး တေးဂီတ ကြော်ငြာဗီဒီယို တင်ဆက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 
ဆမ်ဆောင်း၏ ဒစ်ဂျစ်တယ်ကိုယ်ပွား ဩဇာရှင် 'ဆမ်' Sam သည် သူမ၏ ဖန်တီးမှုကဏ္ဍအသစ်တမျိုးအဖြစ် တေးဂီတ ကြော်ငြာဗီဒီယိုကို တင်ဆက်လိုက်သည်။ ဂီတ ပေါ့စတားတဦး ဖြစ်လာနိုင်ဖွယ် ရှိသည်။
Samsung သည် ဘရာဇီးတွင် Galaxy Z Flip 5 အတွက် အရောင်းမြှင့်တင်ရေး ကမ်ပိန်းတစ်ခုကို စတင်လိုက်ရာ၌ ဒစ်ဂျစ်တယ်ကိုယ်ပွား ဩဇာရှင် ဆမ်သည် ကမ်ပိန်း၏ အဓိက သရုပ်ဆောင်တဦးအဖြစ် ပါဝင်ထားသည်။
ဆမ်သည် ဘရာဇီးမှာ အအောင်မြင်ဆုံး ဖြစ်ပါသည်။
Sam သည် ဆမ်ဆောင်းမှ ဖန်တီးထားသော ဒစ်ဂျစ်တယ်ကိုယ်ပွား avatar တဦးဖြစ်ပြီး လူမှုကွန်ရက်များတွင် ဆမ်ဆောင်းကို ကိုယ်စားပြုသည့် ဩဇာရှင် influencer တဦးအဖြစ် ဆောင်ရွက်ရာ၌
Galaxy အမှတ်တံဆိပ်ပစ္စည်းများကို ကြော်ငြာပေးသည်။
ဆမ်သည် သက်ဝင်လှုပ်ရှားနေသော ဒစ်ဂျစ်တယ်ကိုယ်ပွားတခုသာ ဖြစ်ပြီး ဉာဏ်ရည်တု မပိုင်ဆိုင်ပါ။ တာဝန်ယူထားသည့်အဖွဲ့က သက်ဝင်လှုပ်ရှားအောင် ဖန်တီးပေးထားခြင်းသာ ဖြစ်ပါသည်။
ဆမ်၏ ပထမဆုံး တေးဂီတ ကြော်ငြာဗီဒီယိုကို YouTube နှင့် Spotify တို့တွင် တင်ပြပေးထားပါသည်။
ဆမ်၏ ပထမဆုံး တေးဂီတသီချင်းသည် Galaxy Z Flip 5 အတွက် ကြော်ငြာသီချင်း Flip Your Way ပမည်ရှိ သီချင်း ဖြစ်ပါသည်။ ဆမ်ဆောင်း ၏ #DoWhatYouCan't မန္တန်ကို ထင်ဟပ်ထားပါသည်။
ဆမ်သည် ရုပ်ပြကာတွန်းသက်သက်သာ ဖြစ်သည်။ ဉာဏ်ရည်တု မပါသဖြင့် သီချင်းသီဆိုရန် ဝေးစွ၊ အသံပြုဖို့ကိုပင်လျှင် မစွမ်းသာပါ။
ဆမ်အတွက် မည်သူက သီဆိုပေးထားကြောင်း ဆမ်ဆောင်းက ထုတ်ဖော်ပြောကြားခြင်း မပြုပါ။
ဩဇာရှင်အဖြစ် ဆမ်က ကြော်ငြာပေးသဖြင့် လက်တင်အမေရိကတွင် Galaxy Z Flip 5, Fold 5, Watch 6, Tab S9 တို့ စတင်ရောင်းချစဉ်ကာလတွင် လူသိပိုများစေခဲ့ပြီး ရောင်းအားကောင်းဖို့ အထောက်အကူ ရရှိခဲ့သည်ဟု ဆမ်ဆောင်းက ဆိုပါသည်။
Source Samsung
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 
 
					
 
		  	


 
 
 
  
  
  
  
  
  
  
  
  
  
  
  
  
  
  
 