-->


လန်ဒန်မြေအောက်ရထားဘူတာရုံ ၂ ပတ်တာ လမ်းညွှန်မြေပုံ ကြော်ငြာခ ဒေါ်လာ ၁ သန်းကျော် ဆမ်ဆောင်း သုံးစွဲ

လန်ဒန်မြေအောက်ရထားဘူတာရုံ ၂ ပတ်တာ လမ်းညွှန်မြေပုံ ကြော်ငြာခ ဒေါ်လာ ၁ သန်းကျော် ဆမ်ဆောင်း သုံးစွဲ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ယူကေ မြို့တော် လန်ဒန်၏ ကျယ်ပြောလှသော မြေအောက်ရထားလမ်းများမှ အဓိကကျသည့် ဘူတာရုံ ၆ ခုတွင် ဆမ်ဆောင်းက နံရံကပ်ကြော်ငြာ အသုံးပြုရန် ကြော်ငြာခ ကန်ဒေါ်လာ ၁ သန်းကျော် သုံးစွဲခဲ့သည်။

မြေအောက်ဘူတာရုံများ၏ အာဏာပိုင် အဖွဲ့အစည်း TFL (Transport for London) နှင့် ဆမ်ဆောင်းတို့အကြား သဘောတူညီချက်များအရ ကြော်ငြာခ ပေါင် ၈၃၀,၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ သုည ၄ သန်း) ပေးချေခဲ့ပါသည်။

 

ကြော်ငြာဒီဇိုင်းမှာ မြေအောက်ရထားလမ်း လမ်းညွှန်မြေပုံကို စတုဂံပုံအစား စက်ဝိုင်းပုံဖြင့် ရေးဆွဲဖော်ပြထားသည်။

 

photo_2024-02-17_23-34-01.jpg

 

ဂန္ထဝင်မြောက် စတုဂံပုံ လန်ဒန် မြေအောက်ရထား လမ်းညွှန်မြေပုံ ဒီဇိုင်းကို ၁၉၃၃ ခုနှစ်တွင် Harry Beck က ရေးဆွဲပေးခဲ့ပါသည်။

 

photo_2024-02-17_23-34-08.jpg

 

ဆမ်ဆောင်း ကြော်ငြာဒီဇိုင်းသည် ဆမ်ဆောင်း နောက်ဆုံးထုတ် AI စွမ်းရည်ပါသည့် စမတ်ဖုန်း Galaxy S24 စီးရီးတွင် ပါသည့် အင်တာနက်တွင် ရှာဖွေပုံ နည်းလမ်းအသစ် "Circle to Search" "ဝိုင်းပြပြီး ရှာပါ" နည်းလမ်းကို ထင်ဟပ်ရန် မြေပုံကို အဝိုင်းပုံဖြင့် ရေးဆွဲထားပါသည်။

 

 

 

 

အဆိုပါ နံရံကပ်ကြော်ငြာကို အဓိက ဘူတာရုံ ၆ ခုဖြစ်သည့် 

• King’s Cross

• Paddington

• Blackfriars

• Westminster

• Victoria

• Liverpool Street

တို့တွင် ကြော်ငြာခဲ့ပါသည်။

 

စတုဂံပုံ နံရံကပ်မြေပုံ ပြသခဲ့သည့်နေရာတွင် ဆမ်ဆောင်ကြော်ငြာ အဝိုင်းပုံ မြေပုံကို ယာယီအားဖြင့်အစားထိုး ပြသခဲ့ပါသည်။

ဗစ်တိုရီးယား Victoria ဘူတာရုံတွင် ယခင်က စတုဂံပုံ မြေပုံ ပြသထားခြင်း မရှိဘဲ ကျန်သည့် ဘူတာရုံ ၅ ခုတွင်သာ ပြသခဲ့ပါသည်။ ဆမ်ဆောင်းကြော်ငြာအတွက် ဗစ်တိုရီးယား ဘူတာရုံကို ထပ်တိုးပေးခဲ့ခြင်း ဖြစ်ပါသည်။ 

 

အဝိုင်းပုံ မြေပုံကို ဆမ်ဆောင်းမှ ဒီဇိုင်း မထုတ်ပါ။ Transport for London မှ စက်ဝိုင်းပုံ ဖြစ်အောင် ရေးဆွဲပေးခဲ့ပါသည်။ စက်ဝိုင်းပုံ ဖြစ်သွားသော်လည်း အသုံးပြု၍ ရနေဆဲ ဖြစ်နေအောင် ဖန်တီးဖို့ အထာကျွမ်းပြီးသား TFL က ရေးဆွဲပေးခဲ့ခြင်း ဖြစ်ပါသည်။ 

 

ရထားလိုင်းများ ရှာရန် စက်ဝိုင်း Circle to Search line ဟု စာသားဖော်ပြပြီး ပညာသားပါပါဖြင့် Circle to Search စာလုံးများကို သုံးစွဲထားပါသည်။

 

ဘူတာရုံ ၆ ခုတွင် ဆမ်ဆောင်း နံရံကပ် မြေပုံကို ၂ ပတ်ကြာ ပြသခဲ့ပါသည်။ မြေပုံ ထုတ်လုပ်စရိတ်၊ နံရံမှ စတုဂံပုံ မြေပုံကို ဖြုတ်ချပြီး စက်ဝိုင်းပုံ မြေပုံ တပ်ဆင်ခြင်း၊ နှစ်ပတ်အကြာတွင် စက်ဝိုင်းပုံ မြေပုံ ပြန်ဖြုတ်ချပြီး မူရင်းမူလ စတုဂံပုံ မြေပုံကို ပြန်တပ်ဆင်ခြင်း အစရှိသည့် ကိစ္စအဝဝအတွက် ကုန်ကျစရိတ်များကိုလည်း ဆမ်ဆောင်းက ပေးချေပါသည်။

 

၎င်းစက်ဝိုင်းပုံ မြေပုံဒီဇိုင်း မူပိုင်ရှင်မှာ TFL ဖြစ်ပြီး ဆမ်ဆောင်းသည် ထုတ်ဝေခွင့် မရရှိပါ။

 

Source Samsung mobile 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)