-->


ကမ္ဘာ့မြို့ကြီးများတွင် ဆမ်ဆောင်း ပွဲအကြို ဗီဒီယို ဒစ်ဂျစ်တယ် ကြော်ငြာ‌ဘေဘုတ်ကြီးများ ပြသ

ကမ္ဘာ့မြို့ကြီးများတွင် ဆမ်ဆောင်း ပွဲအကြို ဗီဒီယို ဒစ်ဂျစ်တယ် ကြော်ငြာ‌ဘေဘုတ်ကြီးများ ပြသ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဆမ်ဆောင်းသည် များမကြာမီ ကျင်းပတော့မည့်  Unpacked 2024 ပွဲအတွက် ပရိုမိုးရှင်း ကမ်ပိန်းတစ်ခုကို စတင်လိုက်သည်။

တောင်ကိုရီးယား နည်းပညာ မဟာလုပ်ငန်းကြီး ဆမ်ဆောင်းသည် အသစ်ထွက်မည့်  Galaxy S24 စမတ်ဖုန်းစီးရီးအတွက် ဇန်နဝါရီလ ၁၇ ရက်တွင် ကျင်းပမည့်ပွဲအတွက်  ကမ္ဘာတစ်လွှား ‌ ပွဲအကြို ဗီဒီယို ဒစ်ဂျစ်တယ် ကြော်ငြာ‌ဘေဘုတ်ကြီးများ ပြသထားသည်။ 

ကြော်ငြာမှာ  အချိန် ၅ စက္ကန့်ကြာမြင့်သည့် အဖြူအမည်း ဗီဒီယို ကြော်ငြာဖြစ်သည်။

 

ပွဲကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် စန်ဟိုစေးမြို့တွင် ကျင်းပမည်ဖြစ်ပြီး အွန်လိုင်း တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်သည်။

 

Galaxy S24 စမတ်ဖုန်းသည် ဆမ်ဆောင်း၏ ပခမဆုံး အေအိုင်ဖုန်း ဖြစ်လာမည်။

သို့ဖြစ်ရာ ကြော်ငြာတွင် ဉာဏ်ရည်တု artificial intelligence AI ကို အသားပေးထားသည်။ 

 

“အသုံးပြုသူများ၏ နေထိုင်ပုံ၊ ချိတ်ဆက်ပုံနှင့် ဖန်တီးပုံတို့ကို မကြာမီ ထာဝရ ပြောင်းလဲပေးမည့် ‘Galaxy AI' ဟု ဆမ်ဆောင်းက ဆိုသည်။

 

Unpacked 2024 ပွဲ ဖြစ်သည့် "Galaxy AI at Unpacked"  ပွဲအကြို မြှင့်တင်သည့် ဧရာမ ဒစ်ဂျစ်တယ် ကြော်ငြာဘေဘုတ်ကြီးများကို ဘန်ကောက်၊ ချန်ဒူး၊ လန်ဒန်၊ မီလန်၊ မက်ဒရစ်၊ နယူးယောက်၊ ဆိုးလ်၊ စတော့ဟုမ်း၊ ဝါဆောနှင့် အခြားမြို့ကြီးများတွင် ပြသထားသည်။ 

 

 

၎င်းဒစ်ဂျစ်တယ် ဘေဘုတ်ကြီးများတွင်  ပြသနေသည့် ပရိုမိုးရှင် းဗီဒီယိုသည် "ငြိမ်နေသည့် သတ္တု ကုဗတုံးတခုသည် လှုပ်လှုပ်ရှားရှား ကြယ်ပွင့်များ အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားသည်။ ၎င်းဖြစ်စဉ်သည် Galaxy AI နှင့် Galaxy AI မှ ဆောင်ယူလာမည့် ပြောင်းလဲပေးလိုက်သည့် အတွေ့အကြုံကို ကိုယ်စားပြုသည်"ဟု ဆမ်ဆောင်းက အဓိပ္ပာယ်  ဖွင့်ဆိုသည်။

 

Galaxy S24၊ Galaxy S24+ နှင့် Galaxy S24 Ultra တို့သည် Samsung ၏ ပထမဆုံး AI ဖုန်းများ ဖြစ်လာမည်ဖြစ်သည်။ အတွေ့အကြုံသစ်များ ပေးအပ်ရန် AI လုပ်ဆောင်ချက်များအတွက်  AI နည်းပညာများနှင့် ချစ်ပ်များကို သုံးစွဲထားသည်။ 

အင်တာနက်မှ တဆင့် AI ကို ခေါ်သုံးခြင်း မဟုတ်ဘဲ  ဖုန်းထဲမှာ AI ရှိနေမည်။

 

Unpacked-2024-OOH-Teaser_main4.jpg

Unpacked-2024-OOH-Teaser_main3.jpg

photo_2024-01-10_18-17-02.jpg

photo_2024-01-10_18-20-35.jpg

Source Samsung 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)