-->


ကြော်ငြာကို ထိခိုက်နိုင်သော အကြောင်းအရာနှင့် အတူမပြသသည့် အစီအစဉ် Meta စတင်

ကြော်ငြာကို ထိခိုက်နိုင်သော အကြောင်းအရာနှင့် အတူမပြသသည့် အစီအစဉ် Meta စတင် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Meta Platforms Inc မှ ကြော်ငြာရှင်များသည် ၎င်းတို့၏ ကြော်ငြာများကို ပြသမည့်နေရာအား ဆုံးဖြတ်ရန် ကြော်ငြာသူများအတွက် အထူးတလည် စီစဉ်ပေးမည်ဟု   ကတိပြုထားသည်မှာ နှစ်ရှည်လများ ကြာနေပြီဖြစ်သော 

 စနစ်တစ်ခုကို စတင်လိုက်ပြီဖြစ်ပါသည်။

 .

Facebook နှင့် Instagram ပေါ်ရှိ အငြင်းပွားဖွယ်ရာပို့စ်များနှင့် ကြော်ငြာ ဝေးကွာစေရန် စီစဉ်နိုင်ပြီ ဖြစ်သည်။

.

၎င်းစနစ်သည် ကြော်ငြာရှင်များအား ၎င်းတို့၏ ကြော်ငြာကို နေရာချထားမှုအတွက် ရွေးချယ်နိုင်ရန် ထိခိုက်နိုင်သော  အဆင့်သုံးဆင့်ကို သတ်မှတ်ပေးထားသည်။ 

 .

လက်နက်ကိုင် တိုက်ခိုက်မှု၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုနှင့် နိုင်ငံရေးငြင်းခုံမှုများကဲ့သို့သော ပို့စ်များနှင့်  အထက် သို့မဟုတ် အောက်တွင်  ကြော်ငြာကို ပြသခြင်းမှ ကင်းဝေးမည် ဖြစ်သည်။ အမုန်းစကားများ၊ သတင်းအတုများနှင့် အခြားစော်ကားသည့် အကြောင်းအရာများနှင့် အထက် သို့မဟုတ် အောက် ကပ်လျက်နှင့် အနီးအနား ကြော်ငြာ နေရာချထားခြင်းကို ရှေင်ရှား နိုင်မည် ဖြစ်သည်။

ကြော်ငြာပြသသည့်နေရာကို ထိန်းချုပ်သည့် အစီအစဉ်ကို အင်္ဂလိပ်နှင့် စပိန်စကားပြောစျေးကွက်များတွင် စတင်မည်။ ထို့နောက် အခြားဒေသများသို့ ချဲ့ထွင်သွားမည်။ Reels, Stories, video ad formats တို့တွင် ယခုနှစ် နောက်ပိုင်းတွင် စတင်မည်။

Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)