-->


အမေရိကန်တွင် ပိတ်ပင်ခံရနိုင်ဖွယ်ရှိနေသော်လည်း TikTok ကြော်ငြာဝင်ငွေ ကောင်းနေဆဲ

အမေရိကန်တွင် ပိတ်ပင်ခံရနိုင်ဖွယ်ရှိနေသော်လည်း TikTok ကြော်ငြာဝင်ငွေ ကောင်းနေဆဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အမေရိကန်တွင် ပိတ်ပင်ခံရနိုင်ဖွယ်ရှိနေသော်လည်း သုံးစွဲသူများအကြား ကြီးမားသောရေပန်းစားမှုကြောင့် TikTok ကြော်ငြာရှင်များသည် TikTok မှာ ဆက်လက်ကြော်ငြာကြနေဆဲ ဖြစ်ကြောင်း ကြော်ငြာရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

 

တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင်ဆိုင်သည့် TikTok သည်  အမေရိကန်တွင် တားမြစ်ပိတ်ပင်ခံရမည့် အရေးကို ခုခံကာကွယ်နေချိန်တွင် ကြော်ငြာများ နောက်ဆုတ်သွားခြင်း မရှိချေ။

 

ဗီဒီယို အတိုအက်ပ်ကို နိုင်ငံအများအပြားရှိ အစိုးရထုတ်ဖုန်းများ၊ ကိရိယာများမှာ သုံးစွဲခြင်း မပြုရန် တားမြစ်ထားပြီးဖြစ်သည်။

 

TikTok ၏ ကြော်ငြာစီးပွားကဏ္ဍသည် ယခုနှစ်တွင် ဝင်ငွေ ကန်ဒေါ်လာ ၆.၈၃ ဘီလီယံ ရရှိခဲ့သည်။ ယမန်နှစ်ထက် ၃၆% ပိုများသည်။

 Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)