-->


လူမှုကွန်ရက်တွင် ဈေးမရောင်းရန် အင်ဒိုနီးရှား ပိတ်ပင်

လူမှုကွန်ရက်တွင် ဈေးမရောင်းရန် အင်ဒိုနီးရှား ပိတ်ပင်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၂၇)တွင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒူဒူ အစိုးရအဖွဲ့သည် ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် e-commerce အရောင်းအ၀ယ်များကို ပိတ်ပင်သည့် အမိန့်စာကို ထုတ်ပြန်ခဲ့သည်။

 

ByteDance ၏ ဗီဒီယိုအတို လူမှုကွန်ယက်ပလက်ဖောင်း TikTok အက်ပ်တွင် အွန်လိုင်းဈေးရောင်းသည့်ကဏ္ဍကို အဓိကပစ်မှတ်ထားသည်ဟု ယူဆရသည်။

 

အဆိုပါ စည်းမျဉ်းသည် ချက်ချင်းအသက်ဝင် သက်ရောက်မည်ဟု ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က သတင်းထောက်များကို ပြောကြားသည်။

"တရားမျှတသော" စီးပွားရေးပြိုင်ဆိုင်မှု ရှိသည်မှာ သေချာစေရန်နှင့် သုံးစွဲသူများ၏ ဒေတာကို ကာကွယ်ရန် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်ဟု ၎င်းက ပြောကြားသည်။

TikTok မှ ထုတ်ပြန်ချက်တွင်  နိုင်ငံအတွင်း TikTok Shop ကို အသုံးပြုသည့် ရောင်းချသူ ၆ သန်းနှင့် ဆက်စပ်ဖန်တီးသူ ၇ သန်းနီးပါး၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်မည် ဖြစ်သဖြင့်  “အလွန်စိုးရိမ်ပူပန်မိသည်” ဟု ဖော်ပြထားသည်။

 

အင်ဒိုနီးရှားတွင် TikTok အွန်လိုင်း ဈေးရောင်းခြင်းသည် စန်းထပြီး ရောင်းအားတက်နေသည်။ သို့သော် အင်ဒိုနီးရှားတွင် အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများ ခုရေ ၆၄ သန်း ရှိနေပြီး အများစုသည် အကြောင်းကြောင်းကြောင့် အွန်လိုင်းတွင် ဈေးရောင်းခြင်း မပြုကြချေ။ သို့ဖြစ်ရာ အွန်လိုင်းတွင် ဈေးရောင်းသူတို့က ဈေးအနိမ့်ဖြင့် ရောင်းချနိုင်ကြသဖြင့် အွန်လိုင်းတွင် ဈေးရောင်းခြင်း မပြုကြသည့် လုပ်ငန်း အများအပြား စီးပွားရေး ထိခိုက်နေသည်။ ထိုသူတို့ထံမှ ရရှိမည့် ထောက်ခံမဲ အရေအတွက်သည့် များပြားသဖြင့် နိုင်ငံရေးသမားများ အနေဖြင့် အရေးမလုပ်ဘဲ လျစ်လျူပြုဖို့ မဖြစ်နိုင်ပေ။ 

လာမည့် ၅ လအတွင်း ရွေးကောက်ပွဲ လာတော့မည် ဖြစ်ပြီး ဂျိုကို ဝီဒူဒူသည် သမ္မတသက်တမ်း ပြည့်နေပြီ ဖြစ်သဖြင့် ထပ်မံ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့သဖြင့် သမ္မတအသစ် ရွေးကောက်တင်မြှောက်ရမည် ဖြစ်ပေရာ အရေးကြီးသော ရွေးကောက်ပွဲ ဖြစ်နေသည်။

 

e-commerce တွင် ပြည်ပမှ ပစ္စည်းမှာယူသည်ကို တင်သွင်းသည့် ပစ္စည်းတခု၏ တန်ဖိုးသည် အနည်းဆုံး ကန်ဒေါ်လာ ၁၀၀ ဖြစ်ရမည်ဟု စည်းမျဉ်းအသစ်တွင် ဖော်ပြထားသည်။

ထိုအချက်သည် အင်ဒိုနီးရှားမှ လမ်းသစ်ထွင်သည့် GoTo ၏ Tokopedia ပလက်ဖောင်း၊ စင်ကာပူအခြေစိုက် Sea ၏ Shopee ပလက်ဖောင်း အစရှိသည့် e-commerce ပလက်ဖောင်း အားလုံး အကျုံးဝင်သည်။ 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)