-->


Samsung ပွဲအတွက် ကမ္ဘာတစ်ဝှမ်း ဒစ်ဂျစ်တယ် ဆိုင်းဘုတ်ကြီးများဖြင့် ကြော်ငြာ

Samsung  ပွဲအတွက် ကမ္ဘာတစ်ဝှမ်း ဒစ်ဂျစ်တယ် ဆိုင်းဘုတ်ကြီးများဖြင့် ကြော်ငြာ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

Samsung သည် ကမ္ဘာတစ်ဝှမ်း အထင်ကရနေရာများတွင် Galaxy Flip ကို မိတ်ဆက်ပြသမည့်ပွဲအတွက် ဒစ်ဂျစ်တယ် ဆိုင်းဘုတ်ကြီးများဖြင့် ကြော်ငြာထားသည်။

 

 optimize.jpg

 

Samsung Electronics ၏ ဇူလိုင် ၂၆ ရက် Galaxy Unpacked ပွဲကို ကြော်ငြာထားသည့် ကြော်ငြာဆိုင်းဘုတ်တစ်ခုအား ဆိုးလ်မြို့တောင်ပိုင်းရှိ Gangnam ဘူတာအနီးရှိ လမ်းတစ်ခုတွင် မြင်တွေ့ရပုံ။

 

Samsung Electronics သည် လာမည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြုလုပ်မည့် အွန်လိုင်း  Galaxy Unpacked ပွဲအတွက် မြေပြင်ကြော်ငြာများ အကြီးအကျယ် သုံးစွဲထားသည်။ ကမ္ဘာတဝှမ်းရှိ မြို့ကြီးများမှ အထင်ကရနေရာများတွင် ကြော်ငြာဆိုင်းဘုတ် အကြီးစားကြီးများဖြင့် ကြော်ငြာထားသည်။ 

 

2H-Unpacked-Invitation_Thumb728.jpg

 

၎င်းအွန်လိုင်းပွဲတွင် ကုမ္ပဏီသည် ခေါက်စမတ်ဖုန်း၊ ချိုးစမတ်ဖုန်း မော်ဒယ်အသစ်များကို မိတ်ဆက်ရန် စီစဉ်ထားသည်။

 ခေါက်စမတ်ဖုန်း၊ ချိုးစမတ်ဖုန်း  ကမ္ဘာ့ရောင်းအား ဆက်လက်ကြီးထွားနေသောကြောင့် ခေါက်စမတ်ဖုန်း၊ ချိုးစမတ်ဖုန်း မော်ဒယ်အသစ်များ မိတ်ဆက်မည့်  အွန်လိုင်း  Galaxy Unpacked ပွဲကို ထိထိရောက်ရောက် ကျင်းပလိုသဖြင့် မြေပြင်မှာ ကြော်ငြာများ ပြသနေသည်။ 

546392c66eee4e6a9934e3a6cf163672.jpg

 

 

Samsung Electronics ၏ ဇူလိုင် ၂၆ ရက် Galaxy Unpacked ပွဲကို ကြော်ငြာသည့် ဆိုင်းဘုတ်တစ်ခုကို New York Times Square တွင် မြင်တွေ့ရပုံ

 

 "Join the flip side"  ဒစ်ဂျစ်တယ်ဆိုင်းဘုတ် ကြော်ငြာများကို ကမ္ဘာ့မြို့ကြီးများ၏ လူအသွားအလာ များသော နေရာများတွင် ပြသထားသည်။ 

ဒစ်ဂျစ်တယ်ဆိုင်းဘုတ် ကြော်ငြာ ပြသသည့် နေရာများတွင် ဆိုးလ်ရှိ Gangnam ဘူတာရုံဧရိယာ၊ နယူးယောက်ရှိ Times Square၊ လန်ဒန်ရှိ Piccadilly Circus၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ CentralWorld နှင့် တရုတ်နိုင်ငံ ချန်ဒူးမြို့ ရှိ Taikoo Li တို့ ပါဝင်သည်။ 

 'Join the flip side' ခေါင်းစဉ်ဖြင့် ခေါက်ဖုန်းရှိသည့်လောကထဲ လာကြဖို့ ဖိတ်ခေါ်တိုက်တွန်းထားသည်ဟု Samsung က ပြောကြားသည်။ 

 

Samsung Electronics  သည် ဇူလိုင် ၂၆ ရက်တွင် ဆိုးလ်မြို့ရှိ Coex ကွန်ဗင်းရှင်းစင်တာတွင် Galaxy Unpacked ပွဲကို ကျင်းပမည်ဖြစ်သည်။  Galaxy Z Fold နှင့် the Galaxy Z Flip မော်ဒယ်အသစ်တို့ကို ပြသမိတ်ဆက်မည် ဖြစ်သည်။ 

 

2c7b6eefefbc4cb39f01a96f9975e695.jpg

 

Samsung Electronics ၏ ဇူလိုင် ၂၆ ရက် Galaxy Unpacked ပွဲအား ကြော်ငြာဆိုင်းဘုတ်တစ်ခုအား တရုတ်နိုင်ငံ ချန်ဒူးမြို့ ရှိ Taikoo Li တွင် မြင်တွေ့ရပုံ

 

ယခုနှစ်  Galaxy Unpacked ပွဲသည် ယခင်နှစ်ကထက် ၂ ပတ်စောသည်။ ၂၆ ဇူလိုင်တွင် မိတ်ဆက်ပြသပြီး ဩဂုတ်လဆန်းတွင် စတင်ရောင်းချမည်ဟု မျှော်လင့်ရသည်။ 

 

11d1665512dd4c56a8bd721de22e8546.jpg

 

Samsung Electronics ၏ Galaxy Unpacked ကြော်ငြာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ CentralWorld တွင် မြင်တွေ့ရပုံ။

 

 

photo_2023-07-16_19-11-53.jpg

 

photo_2023-07-16_19-11-47.jpg

 

 

photo_2023-07-16_19-11-43.jpg

 

 

photo_2023-07-16_19-11-38.jpg

 

 

photo_2023-07-16_19-11-34.jpg

 

 

 

 

Source korestimes

TO GET INSTANT UPDATE 
https://t.me/Guid4U

Join Telegram Channel

Read times
Rate this item
(0 votes)