-->


အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်

အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အွန်လိုင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁ ရက် ( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် ) ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၅၁/ ၂ဝ၂၃ ကို ပြန်လည်မျှဝေအပ်ပါသည်။


 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၅၁/ ၂ဝ၂၃

၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁ ရက်
 ( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် )

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်လိုက်သည်။ 

၂။ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်။

၃။ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှ စတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်။
 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)