-->


Facebook ကြော်ငြာချွတ်ချော်မှု အကြီးစားအတွက် ငွေပြန်အမ်းမအမ်း ကြော်ငြာရှင်များ သိလို

Facebook ကြော်ငြာချွတ်ချော်မှု အကြီးစားအတွက် ငွေပြန်အမ်းမအမ်း ကြော်ငြာရှင်များ သိလို

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Meta သည် ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံး Facebook ကြော်ငြာဆိုင်ရာ ချို့ယွင်းချက်တစ်ခု ကြုံတွေ့ခဲ့ရကြောင်း ကြော်ငြာကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

.

အဆိုပါ ချို့ယွင်းချက်ကြောင့် ကုမ္ပဏီအများအပြားသည် Facebook ကြော်ငြာကမ်ပိန်းများကို ငွေကုန်ခံ သုံးစွဲခြင်းသည်  ထိရောက်မှု ကင်းမဲ့စေခဲ့သည်။

.

ကြော်ငြာသူများက အဓိက သိလိုသည်မှာ ချွတ်‌ချော်မှု အကြီးစားအတွက်  Meta မှ ငွေ ပြန်အမ်းခြင်း ပြု မပြု ဖြစ်သည်။

 

facebookadglitch1.jpg

.

သီတင်းပတ်အကုန်တွင် Alex Gorlick သည် ဒစ်ဂျစ်တယ်ကြော်ငြာတွင် သူလုပ်ကိုင်ခဲ့သည့် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး Facebook ချို့ယွင်းမှုဟု ခေါ်ဆိုနိုင်သည့် အဖြစ်ကို ကြုံတွေ့ခဲ့ရသည်။

.

စျေးကွက်ရှာဖွေရေးအေဂျင်စီ Intensify ၏ စီအီးအို Gorlick သည် တနင်္ဂနွေနေ့(ဧပြီ ၂၃)တွင် ၎င်းထံ အလုပ်အပ်နှံထားသည့် ဖောက်သည်တစ်ဦး၏ Facebook အကောင့်သို့ ဝင်ရောက်ပြီး ကြော်ငြာအခြေအနေကို ကြည့်ရှုခဲ့သည်။

.

နေ့စဉ်  တစ်ရက်တာအတွက် Facebook ကြော်ငြာဘတ်ဂျက်၏ ၉၀% ကို နံနက် ၉ နာရီတွင် သုံးစွဲထားပြီးဖြစ်ကြောင်း သတိပြုမိခဲ့သည်။ တစ်ရက်တာ၏ ကျန်သည့် ၁၅ နာရီအတွက် ၁၀% သာ ကျန်တော့သည်။ 

.

၎င်းပြဿနာသည် အခြားဖောက်သည်များ၏ အကောင့်များ အားလုံးတွင်လည်း အလားတူ ဖြစ်ပွားနေကြောင်း Gorlick တွေ့ရသည်။

 

Gorlick က 'အဲဒီကြော်ငြာတွေအားလုံးဟာ တစ်နေ့တာအတွက် သူတို့ရဲ့ပိုက်ဆံအများစုကို အလဟဿ ဖြစ်သွားခဲ့ကြပါတယ်" ဟု ပြောကြားသည်။

ကြော်ငြာအကျိုးသက်ရောက်မှု ရလဒ်အတွက် ခါတိုင်း အကုန်ခံနေကျထက် သုံးဆ ပိုကုန်သွားကြသည်။ အထူ’သဖြင့် တစ်ရက်တာ သုံးစွဲမှု ပမာဏကို ကန့်သတ်ပေးထားခြင်း မရှိပါက ပိုအထိနာကြသည်။

.

"ရလိုက်တာနဲ့ ကုန်လိုက်ရတာက မကာမိဘူး။ အတော်ဆိုးဝါးပါတယ်။ ဒါဟာ Facebook ကြော်ငြာတွေမှာ ကျွန်တော် မြင်ဖူးသမျှ အကြီးမားဆုံး ချွတ်ယွင်းချက်ပဲ"ဟု Gorlick က CNBC သတင်းမီဒီယာသို့ ပြောကြားသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းနေသဖြင့် ကြော်ငြာ အသုံးစရိတ်ကို brand များက လျှော့ချထားကြပြီးပြီ ဖြစ်သည်။ 

မိုဘိုင်းကြော်ငြာစျေးကွက်အဖို့ သုံးစွဲသူဒေတာကို အခြေခံ၍ ပစ်မှတ်ထားခြင်းကို ခွင့်မပြုတော့ချေ။

ထိုအခြေအနေတွင် ယခုလို ချှတ်ချော်မှု အကြီးစား ဖြစ်ပွားနေခြင်းသည် Facebook ၏ ကြော်ငြာစနစ်များအပေါ် ယုံကြည်စိတ်ချရမှုဆိုင်ရာ မေးခွန်းများ ထွက်ပေါ်လာ‌စေသည်။

.

Facebook မိခင်လုပ်ငန်း Meta မှ ပြောရေးဆိုရေးတာဝန်ခံက  ကြော်ငြာချို့ယွင်းချက်တစ်ခုရှိနေခဲ့ကြောင်း ဝန်ခံအသိအမှတ်ပြုသော်လည်း ၎င်းသည် အဘယ်ကြောင့် ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ အသေးစိတ် ပြောပြခြင်း မပြုပါ။ 

 ရှင်းလင်းချက်ပေးရန်လည်း ငြင်းဆိုခဲ့သည်။

.

"ယခုအခါ ဖြေရှင်းပြီးပြီဖြစ်သော နည်းပညာဆိုင်ရာပြဿနာတစ်ခုသည် ကြော်ငြာသူအချို့အတွက် ကြော်ငြာပြသပေးရာ၌ ပြဿနာများကို ပေါ်ပေါက်စေခဲ့သည်" ဟု ၎င်းပြောရေးဆိုရေးတာဝန်ခံက ပြောကြားသည်။

.

ချွတ်ချော်မှု အကြီးစားကြောင့် မနက်ပိုင်းတွင် CPM (cost per thousand impression) အတွက် ပေးလိုက်ရသည့် ကြော်ငြာခများ မြင့်တက်သွားသည်။ Facebook က ခါတိုင်းထက် ပိုယူလိုက်သည်။

တစ်ရက်တာ၏ ကျန်ရှိသည့် နာရီများတွင် ကြော်ငြာပြသပေးသည့် ကြိမ်ရေ အရမ်းနည်းသွားသည်။

.

ကုမ္ပဏီပေါင်း ၁၀၈ ခုအတွက် လုပ်ကိုင်ပေးလျက်ရှိသော ကြော်ငြာနည်းပညာကုမ္ပဏီ Proxima က အဆိုပါကုမ္ပဏီများသည် ၎င်းတို့၏ "တစ်ရက်တာ ဘတ်ဂျက်ကို မနက်ပိုင်း ပထမနာရီအနည်းငယ်အတွင်း" သုံးစွဲခဲ့ကြောင်း အချက်အလက်များ ထုတ်ပြန်ခဲ့သည်။

.

ကြော်ငြာသူများအတွက် အဓိကသိလိုကြသညါမှာ ချွတ်ယွင်းချက်ကြောင့် Meta မှ ငွေပြန်အမ်းခြင်းရှိ၊ မရှိ၊ ဖြစ်သည်။

ကုမ္ပဏီသည် "ပြန်အမ်းငွေများအတွက် အကဲဖြတ်သည့် အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှုတစ်ခု ပြုလုပ်နေသည်" ဟု Meta မှ ပြောရေးဆိုရေးတာဝန်ခံက ပြောကြားသည်။

ထုတ်ပြန်ကြေညာချက်တွင် ပြန်အမ်းငွေနှင့် ပတ်သက်သော သတင်းအချက်အလက်များ ဖတ်ရှုရန် အောက်ပါလင့်ကို ချပေးထားသည်။

 

https://www.facebook.com/business/help/626428078224265?id=1468738389987593

 

Source cnbc

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)