-->


ပရိသတ်နှင့် ပိုမိုထိ‌ရောက်စွာ ဆက်သွယ်ချိတ်ဆက်နိုင်စေရန် နာမည်ကျော် အနုပညာရှင် ပန်းရောင်ခြယ်မှ သူမ၏ ကိုယ်ပိုင် Viber Channel အား စတင်

ပရိသတ်နှင့် ပိုမိုထိ‌ရောက်စွာ ဆက်သွယ်ချိတ်ဆက်နိုင်စေရန် နာမည်ကျော် အနုပညာရှင် ပန်းရောင်ခြယ်မှ သူမ၏ ကိုယ်ပိုင် Viber Channel အား စတင်

ပရိသတ်တွေနဲ့ ပိုပြီးထိထိရောက်ရောက် ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ ဘယ်လို ဆိုရှယ်ပလက်ဖောင်းမျိုးက သင့်တော်မှု အရှိဆုံးလဲ ဆိုတာကို နာမည်ကျော် အနုပညာရှင် ပန်းရောင်ခြယ်က ဆွေးနွေးပြောပြခဲ့ပါတယ်

.

Influencer တစ်ယောက်ရဲ့နေ့စဉ်ဘဝမှာ ဆိုရှယ်မီဒီယာက အရေးအကြီးဆုံး အခန်းကဏ္ဍတစ်ခုက အမြဲတမ်း ပါဝင်နေပါတယ်။ ပရိသတ်တွေနဲ့ အမြဲတမ်း ဆက်သွယ် ချိတ်ဆက်ဖို့ အတွက် နေ့စဉ်ဘဝမှာ ဘာတွေလုပ်နေလဲ၊ ဘယ်လိုဖန်တီးမှုတွေ လုပ်သွားဖို့ရှိလဲ ဆိုတာကနေ စပြီး ရိုက်ကူးရေး နောက်ကွယ်က အမှတ်တရတွေ အထိ ဘယ်လိုမျိုး အကြောင်းအရာတွေကို ဆိုရှယ်ပလက်ဖောင်း ကနေ မျှဝေသွားမလဲဆိုတာကို Influencer‌ တွေ၊ Digital Creator တွေအနေနဲ့ အမြဲမပြတ် စဉ်းစားလုပ်ဆောင် နေရတာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကနေ စပြီး ကမ္ဘာတစ်ဝန်း က Influencer တော်တော်များများဟာ သူတို့ရဲ့ ပရိသတ်တွေနဲ့ ပိုပြီးချိတ်ဆက်နိုင်ဖို့ မတူညီတဲ့ ပလက်ဖောင်းတွေ၊ Apps တွေကို အသုံးပြုလာကြပြီး ဒီထဲမှာ အထင်ရှားဆုံးကတော့ Viber ပလက်ဖောင်းလို့ ဆိုနိုင်ပါတယ်။ Influencers တွေ အနေနဲ့ Viber မှာ သူတို့ရဲ့ ကိုယ်ပိုင် Channel တွေကို ပိုင်ဆိုင်လာကြပြီး တစ်ခြား App တွေနဲ့ မတူညီတဲ့ လုပ်ဆောင်ချက်တွေ၊ Tools တွေကို အသုံးပြုရင်း သူတို့ရဲ့ ပရိသတ်တွေနဲ့ ဆက်သွယ်ချိတ်ဆက် လာကြတာကို တွေ့ရပါတယ်။ 

.

ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော် အနုပညာရှင် ပန်းရောင်ခြယ်ကလည်း မကြာ‌သေးခင်ကမှ သူ့ ကိုယ်ပိုင် Viber Channel ကို တည်ထောင်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ Subscribers ပေါင်း ၃ သိန်းနီးပါးကို ရရှိပိုင်ဆိုင်ထားသူပါ။ “ပန်းရောင်ရဲ့ Viber Channel ကနေ ပရိသတ်တွေနဲ့ ဆက်သွယ်ရတာ ပိုပြီး နီးနီးကပ်ကပ်ရှိတယ် လို့ ခံစားရတယ်။ ပုံမှန် ပန်းရောင်ဘာတွေ လုပ်နေလဲ၊ ဘယ်တွေ ရောက်နေလဲ ဆိုတာမျိုး တွေကို Viber Channel ကနေ ပန်းရောင်ရဲ့ ပရိသတ်တွေကို အမြဲတမ်း မျှဝေဖြစ်ပါတယ်။” ဆိုပြီး Viber Channel ကိုအသုံးပြုရတဲ့ အကြောင်းရင်းကို မျှဝေပေးခဲ့ ပါတယ်။

.

PYC Viber Channel - Image 1.jpg

 

 

ပန်းရောင်အနေနဲ့ သူ့ရဲ့ Viber Channel ကို စတင်တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး ဗီဒီယိုအတိုလေးတွေ၊ ဓာတ်ပုံ တွေအပြင် ပန်းရောင်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ပြောစကားတွေနဲ့ လတ်တလော နားထောင်ဖြစ်နေတဲ့ သီချင်းတွေစတဲ့ မတူညီတဲ့ အကြောင်းအရာမျိုးစုံကို သူ့ရဲ့ပရိသတ်တွေနဲ့ မျှဝေခဲ့ပြီး အချိန် ခဏအတွင်းမှာပဲ ဒီ Content တွေကို ပျှမ်းမျှ Interaction ပြုလုပ်မှုပေါင်း ၁ သိန်းခွဲအထိ ရှိလာခဲ့ပါတယ်။ ပန်းရောင် အနေနဲ့ သူရဲ့ ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ ပွဲတက်ရောက်မှုတွေရဲ့ နောက်ကွယ်က Behind-the-Scenes ပြင်ဆင်မှု ဗီဒီယိုလေးတွေကိုပါ Viber Channel မှာမျှဝေမှုတွေပြုလုပ်ပေးတဲ့အတွက် ပရိသတ်တွေနဲ့လည်း ပိုပြီး နီးနီးကပ်ကပ်ရှိသလို ခံစားရရှိစေပါတယ်။ ဒီလိုမျိုး မတူညီတဲ့ အကြောင်းအရာတွေကို မျှဝေပေးနေတဲ့အပြင် တစ်ခါတစ်လေမှာလည်း ပရိသတ်တွေကို Viber ရဲ့ Polls တွေ Quizzes တွေကနေတဆင့် မေးခွန်းတွေ မေးမြန်းလေ့ ရှိတာကြောင့် အခုဆိုရင် သူ့ရဲ့  Pan Yaung Chel Colors Channel ဟာ ပန်းရောင်ကို ချစ်ခင် နှစ်သက်တဲ့ ပရိသတ်တွေ အမြဲတမ်း ဝင်ရောက်ကြည့်ရှုနေကြ Channel တစ်ခုဖြစ်နေပါပြီ။

.

Viber Channel မှာ ဘယ်လိုမျိုးလုပ်ဆောင်ချက်တွေကို အကြိုက်နှစ်သက်ဆုံးလဲလို့ မေးမြန်းတဲ့အခါမှာတော့ ပန်းရောင်က Viber Channel ရဲ့ Scheduled Messages (မိမိမျှဝေချင်တဲ့ အကြောင်းအရာတွေကို သတ်မှတ် ထားတဲ့အချိန်မှာ အလိုအလျောက် မျှဝေနိုင်ဖို့ ကြိုတင်အချိန်သတ်မှတ်ထားနိုင်သော လုပ်ဆောင်ချက်) နဲ့ Polls လုပ်ဆောင်ချက်တွေက အရမ်းအလုပ်များတဲ့အချိန်မျိုးနဲ့ ပရိသတ်တွေဆီက ထင်မြင်ချက် တစ်စုံတစ်ရာ လိုချင်တဲ့ အချိန်မျိုးတွေမှာ တစ်ကယ့်ကို ထိထိရောက်ရောက် အသုံးဝင်စေတယ်လို့ ဖြေကြားခဲ့ပါတယ်။ နောက်ပြီး ပန်းရောင်က သူ့ရဲ့ Viber Channel ကို ပရိသတ်တွေ Subscribe လုပ်လိုက်တဲ့အခါမှာ တစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို တစ်ယောက်က မမြင်နိုင်အောင် လုပ်ဆောင်ပေးထားတာကလည်း လုံခြုံရေးအရ အရမ်းကို ကောင်းမွန်လှတဲ့ လုပ်ဆောင်ချက်တစ်ခုပါ ဆိုပြီး Viber ရဲ့ end-to-end encryption လုံခြုံရေးစနစ်နဲ့ ပတ်သက် ပြီးတော့ ပြောကြားခဲ့ပါတယ်။ 

.

PYC Viber Channel - Image 2.JPG

 

 

နောက်ပြီး ပန်းရောင်က Viber က ဖန်တီးပေးထားတဲ့ သူ့ရဲ့ Viber Stickers တွေကိုလည်း တော်တော်လေး ကြိုက် နှစ်သက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ပန်းရောင်ရဲ့ ချစ်စရာ ဟန်ပန်အမူအရာတွေနဲ့ စကားပြောဆိုသံတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ Stickers တွေကို ၂၀၁၉ ခုနှစ်ကတည်းက Viber ကမိတ်ဆက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ကြားထဲမှာ လူကြိုက်များ ရေပန်းစားမှုများစွာကို အခုအချိန်ထိ ရရှိနေဆဲပါ။ ဒါကြောင့် ပန်းရောင်က Viber နဲ့ ပူးပေါင်းပြီး Sticker Pack အသစ်တစ်ခုကို လက်ရှိမှာ လုပ်ဆောင်နေပြီး စတင်မိတ်ဆက်တဲ့အချိန်မှာလည်း ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ကံစမ်းမဲ Giveaway အစီအစဉ်တွေနဲ့အတူ မိတ်ဆက်သွားဖို့ရှိတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

.

 

“ပိုမိုခိုင်မြဲတဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေကို တည်ဆောက်ပေးနိုင်ဖို့ဆိုတာက ကျွန်တော်တို့ Viber ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုပါ။ ဒါကြောင့်လည်း အခုလိုမျိုး Viber ပလက်ဖောင်းကို အသုံးပြုလာတဲ့ Influencers တွေ ပိုမိုများပြားလာတဲ့အပေါ်မှာ တစ်ကယ့်ကို ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ Viber Channel တွေဟာ Influencers တွေရဲ့ Engagement ပိုမိုကောင်းမွန်လာစေဖို့တင်မကပဲ သူတို့နဲ့ ပရိသတ်တွေရဲ့ ကြားထဲမှာ ပိုပြီး အဓိပ္ပာယ်ရှိတဲ့၊ ပိုပြီး ခိုင်မြဲတဲ့ ဆက်သွယ်ချိတ်ဆက်မှုတစ်ရပ်ကို တည်ဆောက်သွားနိုင်ဖို့ အတွက်ပါ ထိရောက်မှု အရှိဆုံး ကူညီပေးသွားမှာပါ” ဆိုပြီးတော့ Rakuten Viber ရဲ့ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားခဲ့ပါတယ်။

.

 

ရှေ့ဆက်ပြီးတော့လည်း ပန်း‌ရောင်ရဲ့ ပရိသတ်တွေ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အခါမှာ အသုံးပြုနိုင်မယ့် Viber Lenses လုပ်ဆောင်ချက်ကိုလည်း မိတ်ဆက်သွားဖို့ Viber နဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီ စိတ်လှုပ်ရှားစရာ Viber Lenses လုပ်ဆောင်ချက်ဟာ သူမရဲ့ ပရိသတ်တွေအတွက် မတူညီတဲ့ အတွေ့အကြုံသစ်တစ်ခု ဖြစ်လာနိုင်မယ်လို့ ပန်းရောင်က မျှော်မှန်းထားပြီး သူမရဲ့  Viber Channel ကိုလည်း ပိုမိုလူကြိုက်များလာစေဖို့ ကူညီပေးသွားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

.

 

ပန်းရောင်ခြယ်လိုပဲ Viber Channel ကနေတဆင့် ပရိသတ်တွေနဲ့ ဆက်သွယ်ချိတ်ဆက်နေပြီး အောင်မြင်မှုတွေ၊ အားပေးမှုတွေ ပိုမိုမြင့်မားလာတဲ့ Influencers တွေအများကြီး ရှိပါသေးတယ်။ Viber ရဲ့ ဆန်းသစ်တဲ့ Tools တွေနဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုပြီး Influencers တွေ၊ Digital Creators တွေအနေနဲ့ သူတို့ရဲ့ ပရိသတ်အင်အား ပိုမိုတိုးများလာစေဖို့အပြင် သူတို့ဖန်တီးလိုက်တဲ့ အကြောင်းအရာတွေကို ပိုမိုများပြား ကျယ်ပြန့်တဲ့ ပရိသတ်တွေဆီ ရောက်ရှိနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

.

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သည့်အချိန်၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက် ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း (one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေး စကားပြောခြင်းများအား လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Group Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။

Read times
Rate this item
(0 votes)