-->


ကျော်ကြားနေသည့် ဖိလစ်ပိုင်သူ Taylor Sheesh

ကျော်ကြားနေသည့် ဖိလစ်ပိုင်သူ Taylor Sheesh

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Taylor Swift ရဲ့ အမာခံပရိသတ်ကို “Swiftie" ဟု ခေါ်ဝေါ်ကြပါတယ်။

ဖိလစ်ပိုင်မှာ “Swiftie" အများအပြား ရှိနေပါတယ်။

အသက် ၃၃ နှစ်အရွယ် အဆိုတော် Taylor Swift ရဲ့ “The Eras Tour” ဂီတခရီးစဉ် ၂၀၂၄ ခုနှစ် အာရှအစီအစဉ်မှာ ဖိလစ်ပိုင် မပါဝင်ပါ။ Taylor Swift ကို ဖိလစ်ပိုင် Swiftie တို့ တောင့်တနေချိန်မှာ  ပြည်တွင်းဖြစ် Taylor Swift ပေါ်ပေါက်လာခဲ့တယ်။ Taylor Sheesh အမည်ဖြင့် ရှော့ပင်းမောလ်တွေမှာ ဖျော်ဖြေပေးပါတယ်။

Sheesh က Taylor Swift ပုံတူ ဝတ်စားဆင်ယင်ပြီး Swift ရဲ့သီချင်းတွေကို Taylor Swift ရဲ့ ကိုယ်ဟန်အမူအရာများဖြင့် တင်ဆက်ပါတယ်။ Swift ရဲ့ မူရင်းသီချင်းကို ဖွင့်ထားပြီး  Swift ရဲ့ အကလှုပ်ရှားမှုများနှင့်အတူ နှုတ်ခမ်းများက သီချင်း သီဆိုဟန်ဆောင်ပါတယ်။

 

photo_2023-07-09_13-31-10.jpg

 

call-centre တစ်ခုရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး အမည်ရင်း Mac Coronel ဖြစ်တဲ့ Taylor  Sheesh က ၂၀၁၇ ခုနှစ်မှာ Swift အဖြစ် စတင်အယောင်ဆောင်ခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီလစ်ပိုင်သူ Sheesh ရဲ့  မေလ The Eras Tour ဖျော်ဖြေပွဲ  ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့ ရေပန်းစားလာပြီးနောက် ဖိလစ်ပိုင်မှာ ကျော်ကြားလာခဲ့ပါတယ်။

 

 

.

Sheesh က Swift ရဲ့ စင်ကာပူပွဲ လက်မှတ်ကို စင်ကာပူမှ ဝမ်းကွဲတာ်စပ်သူတစ်ဦးရဲ့ အကူအညီဖြင့် ဝယ်ယူထားပါတယ်။ 

Sheesh က Swift ကို စင်ကာပူပွဲမှာ ကြည့်ပြီးရင် သူ သေပျော်ပါပြီလို့ ဆိုပါတယ်။

 

photo_2023-07-09_13-31-13.jpg

 

.

Sheesh က ဖိလစ်ပိုင် နိုင်ငံတစ်ဝှမ်းရှိ စျေးဝယ်စင်တာများတွင် သူမရဲ့ ရှိုးပွဲများ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ Taylor Swift ကို တုပသူသာဖြစ်တယ်လို့ ခံယူထားပါတယ်။

.

"ကျွန်မကို Taylor Swift နဲ့ နှိုင်းယှဉ်တာကို မလိုချင်ပါဘူး။ ကျွန်မက အမြဲတမ်း ထာဝရ  Swiftie တစ်ယောက်သာ ဖြစ်ပါတယ်" လို့ Sheesh က ပြောကြားပါတယ်။

  Source AFP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)