-->


အဓိက ကြော်ငြာရှင်များ X မှ ထွက်ခွာ

အဓိက ကြော်ငြာရှင်များ X မှ ထွက်ခွာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

X ပိုင်ရှင် အီလွန်မတ်စ်သည် လူဖြူအထွဋ်အမြတ်ထားသည့် အစွန်းရောက်သူများကြားတွင် ရေပန်းစားနေသည့် ဂျူးလူမျိုးအသိုင်းအဝိုင်းက "လူဖြူများအပေါ် မုန်းတီးခြင်းကုိတွန်းအားပေးသည့် ပူးပေါင်းကြံစည်မှုကို ပြုနေကြသည်" ဟူသော ယူဆစွပ်စွဲချက်ကို လူသိရှင်ကြား ထောက်ခံသည့် ပို့စ်ကို X မှာ တင်ပြလိုက်ရာ ပွဲဆူပြီး ဂယက် အကြီးအကျယ်ထသည်။ 

ထင်ရှားသောအမှတ်တံဆိပ်များသည် X တွင် ၎င်းတို့၏ကြော်ငြာများကို သောကြာနေ့တွင် ရပ်တန့်လိုက်ကြသည်။

 

အီလွန်မတ်စ်၏ သဘောထားအမြင်ကို ဆန့်ကျင်ကြောင်း ပြသကြသည့် ထင်ရှားကျော်ကြားသော ကြော်ငြာရှင်များတွင်  Disney၊ Paramount၊ NBCUniversal၊ Comcast၊ Lionsgate နှင့် Warner Bros ကဲ့သို့သော ကမ္ဘာ့အကြီးဆုံး မီဒီယာကုမ္ပဏီအချို့ ပါဝင်သည်။  ထို့ပြင် CNN ၏မိခင်လုပ်ငန်း Discovery လည်း ပါဝင်သည်။

Apple သည် အစောကတည်းက တစုံတရာ မကြေညာဘဲ X မှာ ကြော်ငြာခြင်း မပြုတော့ချေ။

 

ကြော်ငြာဝင်ငွေများ အကြီးအကျယ် ဆုံးရှုံးပြီ ဖြစ်သဖြင့် Musk နှင့် X စီအီးအို Linda Yaccarino တို့က လာမည့်နှစ်အစောပိုင်းတွင် အမြတ်ငွေများ ထပ်မံရရှိလာမည်ဟု ကတိပြုခဲ့ကြသည်မှာ လက်တွေ့တွင် တကယ်ဖြစ်လာဖို့ ခဲယဉ်းသွားပြီ ဖြစ်သည်။ 

 

IBM သည်လည်း အခြားအကြောင်းကိစ္စတခုကြောင့် X မှာ ကြော်ငြာတော့မည် မဟုဆ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 X တွင် IBM ၏ ကြော်ငြာကို နာဇီလိုလားသော အကြောင်းအရာများနှင့်အတူ ဖော်ပြခဲ့သည်။

"လုံးဝ လက်မခံနိုင်သည့် အခြေအနေ"ဟု IBM ကြေညာချက်တွင် ဆိုထားသည်။

 

IBM အပြင် Apple၊ Comcast၊ NBC နှင့် Oracle တို့၏ ကြော်ငြာများသည် အလားတူ အကြောင်းအရာများနှင့်အတူ ဖော်ပြခဲ့သည်။

 

ဩဂုတ်လတွင် အခြား ထင်ရှားအမှတ်တံဆိပ်နှစ်ခုဖြစ်သည့် အင်တာနက်နှင့် ရုပ်မြင်သံကြားအသင်း Internet and Television Association NCTA နှင့် Gilead Sciences တို့သည် ၎င်းတို့၏ကြော်ငြာများကို နာဇီလိုလားသောအကြောင်းအရာများနှင့်အတူ ဖော်ပြခံရပြီးနောက်  X အတွက် ၎င်းတို့၏ ကြော်ငြာအသုံးစရိတ်ကို ခေတ္တရပ်ထားခဲ့ကြပါသည်။

Source cnbc


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)