မားကက်တင်းအတွက် ပိန်ရှည်ရှည်ဘူးတွေ သုံးကြတဲ့ အကြောင်းရင်း
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
ဆလင်ဒါပုံ အချိုရည်သံဘူးတွေကို အရင်က ပုတိုတို ပုံသဏ္ဍာန်ဖြင့် ထုတ်လုပ်ခဲ့ကြရာက ယခုအခါ ပိန်ရှည်ရှည်ဘူးတွေကို သုံးလာကြတယ်။ ဘူးတွေက အရပ် ပိုရှည်သွားတယ်။ ပိန်သွယ်သွယ် slim body ဖြစ်နေကြတယ်။
.
အဖျော်ယမကာအမှတ်တံဆိပ်များသည် သောက်သုံးသူများကို ဆွဲဆောင်ရန် ထုပ်ပိုးမှုပုံစံနှင့် ဒီဇိုင်းအပေါ် အားကိုးကြပါတယ်။
ယခုအခါ ပိန်ပိန်ရှည်ရှည် အလူမီနီယံဘူးအသစ် ပုံစံဖြင့် ထည့်ပြီး ရောင်းချကြတယ်။
သူတို့ရဲံ ဖျော်ရည်က brand မပြောင်းပေမဲ့ ဖော်မြူလာ ပြောင်းထားတယ်။ ကျန်းမာရေးကို ထည့်စဉ်းစားပြီး ထုတ်လုပ်ပေးထားတဲ့ ဖျော်ရည်အသစ် ဖြစ်ကြောင်း ထင်ရှားစေချင်လို့ "နောက်ထုတ်တဲ့ အချိုရည်"ဆိုတာကို ကွဲပြားအောင် ဘူးပုံစံအသစ်ကို သုံးကြတယ်။
ဘူးပုံစံအသစ်က အချိုရည်ကို သောက်လို့ ဝဖိုင့်ဖိုင့် ဖြစ်မလာဘူးဆိုတာ မက်ဆေ့ပေးတဲ့အနေဖြင့် ဘူးကို ပိန်သွယ်သွယ် ပုံစံ သုံးလိုက်ကြတယ်။ အထဲမှာ ထည့်ပေးထားတဲ့ ပမာဏကတော့ ယခင်အတိုင်း 12 oz. ထည့်ပေးထားပါတယ်။
.

"စားသုံးသူများသည် ပိန်သွယ်သွယ်ဘူးများကို ပိုမိုခေတ်မီသည်ဟု မြင်ကြပြီး ၎င်းတို့ကို ပိုမို ဆန်းပြားသည်ဟု စိတ်ထဲ ခံစားရစေသည်" လို့ Beverage Digest အယ်ဒီတာ Duane Stanford က မှတ်ချက်ပြုခဲ့ပါတယ်။
Source cnn
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
					
		  	


 