-->


ဆိုရှယ်မီဒီယာပေါ် ကုန်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ်ခြင်း အင်ဒိုနီးရှား တားမြစ်မည်

ဆိုရှယ်မီဒီယာပေါ် ကုန်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ်ခြင်း အင်ဒိုနီးရှား တားမြစ်မည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အင်ဒိုနီးရှားသည် ကုန်သွယ်မှုစည်းမျဉ်းအသစ် ပြဋ္ဌာန်းပြီး ဆိုရှယ်မီဒီယာပေါ်တွင် ကုန်စည်ရောင်းဝယ်ခြင်းများကို တားမြစ်ရန် စီစဉ်နေကြောင်း ကုန်သွယ်ရေးဒုတိယဝန်ကြီး Jerry Sambuaga က အင်္ဂါနေ့ (စက်တင်ဘာ ၁၂)မှာ လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် မတော်မတရားစျေးနှုန်းများကို အသုံးပြုနေသည့် e-commerce ရောင်းချသူများသည် အင်ဒိုနီးရှားရှိ အော့ဖ်လိုင်းစျေးရောင်းသူများကို နှောက်ယှက်နေသည်ဟု ဝန်ကြီးများက ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြသည်။

 

လက်ရှိကုန်သွယ်မှုစည်းမျဉ်းများသည် ဆိုရှယ်မီဒီယာပေါ်တွင် တိုက်ရိုက်အရောင်းအဝယ်များ အကျုံးမဝင်ပါ။ သို့ဖြစ်ရာ ပြင်ဆင်ပြဋ္ဌာန်းရန် စီစဉ်နေခြင်း ဖြစ်ပါသည်။ 

"လူမှုမီဒီယာနဲ့ လူမှုကူးသန်းရောင်းဝယ်ရေးကို ပေါင်းစပ်လို့ မဖြစ်ပါဘူး" ဟု ၎င်းက ပြောကြားသည်။ 

ဗီဒီယိုအတို TikTok ပလက်ဖောင်းပေါ်မှာ "live" လွှင့်ပြီး ကုန်ပစ္စည်းများ ဈေးရောင်းနေကြသည်ဟု ၎င်းက ဥပမာပေးသည်။

"လက်ရှိဆောင်ရွက်နေတဲ့ ကုန်သွယ်မှုစည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ခြင်းမှာ ဒီကိစ္စကို ခိုင်မာပြတ်သားစွာ တားမြစ်လိမ့်မယ်" ဟု Sambuaga က ပြောကြားသည်။

 

 ဆိုရှယ်မီဒီယာနှင့် e-commerce ကို ပလက်ဖောင်း တစ်ခုစီ သီးခြား ခွဲထုတ်ပါက ဆန်းသစ်တီထွင်မှုကို ဟန့်တားရာ ရောက်မည်ဟု TikTok က တုံ့ပြန်ပြောကြားသည်။

အစိုးရက TikTok အတွက် တန်းတူယှဉ်ပြိုင်ခွင့် ပေးဖို့ မျှော်လင့်ကြောင်း TikTok က ပြောကြားသည်။

 

“အင်ဒိုနီးရှား ကုန်သည်တွေနဲ့ စားသုံးသူတွေကို အကျိုးယုတ်စေလိမ့်မယ်"ဟု TikTok Indonesia မှ ပြောရေးဆိုရေး တာဝန်ခံ  Anggini Setiawan က ဗုဒ္ဓဟူးနေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

TikTok သည် အင်ဒိုနီးရှားတွင် အွန်လိုင်းရောင်းချသူ ၂ သန်းရရှိထားသည်

TikTok ၏ e-commerce သည် တရုတ်ထုတ်ကုန်များဖြင့် အင်ဒိုနီးရှားနိုင်ငံကိုလွှမ်းမိုးလာမည်ကို  စိုးရိမ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုပြီးနောက် အင်ဒိုနီးရှားတွင် နယ်စပ်ဖြတ်ကျော်စီးပွားရေးလုပ်ငန်းကို စတင်ရန် အစီအစဉ်မရှိကြောင်း TikTok က ပြောကြားခဲ့သည်။


TikTok က အင်ဒိုနီးရှားတွင် တရုတ်ကုန်ပစ္စည်းများ ရောင်းချမည်မဟုတ်ဟု ပြောကြား

https://www.industrialdirectory.com.mm/article/tiktok-cross-border-e-commerce.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


TikTok ကို တရုတ်နည်းပညာကုမ္ပဏီကြီး ByteDance က ပိုင်ဆိုင်သည်။

၎င်း၏ အက်ပ်လီကေးရှင်းသည် အရှေ့တောင်အာရှတွင် လစဉ် သုံးစွဲသူ ၃၂၅ သန်းရှိပြီး ၎င်းတို့အနက် ၁၂၅ သန်းသည် အင်ဒိုနီးရှားတွင် ရှိနေသည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားတွင် TikTok Shop မှာဈေးရောင်းသည့်  အသေးစားလုပ်ငန်း ၂ သန်းရှိသည်။

 

အင်ဒိုနီးရှားတွင် လူဦးရေ သန်း ၂၇၀ ကျော်ရှိသည်။

ပြီးခဲ့သောနှစ်တွင် အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံနီးပါးတန်ဖိုးရှိသော e-commerce အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြပြီး ၅% သည် TikTok မှာ  အဓိကအားဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းချခဲ့ကြခြင်းဖြစ်သည်ဟု အတိုင်ပင်ခံလုပ်ငန်း Momentum Works က အချက်အလက် ထုတ်ပြန်ခဲ့သည်။

 

 Alphabet ၏ Google၊ Temasek Holdings နှင့် Bain & Company တို့၏ ၂၀၂၂  e-commerce လုပ်ငန်းကဏ္ဍ အစီရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၏ e-commerce ကဏ္ဍသည် ၂၀၂၅ ခုနှစ်တွင် ကန်ဒေါ်လာ ၈၅ ဘီလီယံအထိ တိုးလာမည်ဟု မျှော်လင့်ရသည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)