-->


ဝန်ဆောင်မှုမားကက်တင်းရဲ့ ပထမဆုံးအဆင့်

ဝန်ဆောင်မှုမားကက်တင်းရဲ့ ပထမဆုံးအဆင့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဝန်ဆောင်မှု မားကက်တင်းရဲ့ ပထမဆုံးအဆင့်ဟာ ဝန်ဆောင်မှု ဖြစ်ပါတယ်။ 

.

မားကက်တင်းကို အသားကုန် လုပ်နေပေမဲ့ ဝန်ဆောင်မှုက ညံ့ဖျင်းနေတဲ့အခါ ကျဆုံးနေရင်း မားကက်တင်းကို ဆက်ပြီး ဖိလုပ်နေတဲ့အဖြစ်သို့ ရောက်သွားတတ်တယ်။ 

.

အင်တာနက် ဝန်ဆောင်မှု ပေးတယ်။ ဝန်ဆောင်မှုကို မားကက်တင်း လုပ်တယ်။ ဝန်ဆောင်မှုက ညံ့ဖျင်းနေတယ်။ လိုင်းပျက်နေလို့ ဖုန်းဆက် အကြောင်းကြားတယ်။ ဖုန်းက မြန်မာလို ဆိုရင် တစ်ကို နှိပ်ပါ အင်္ဂလိပ်ဆိုရင် နှစ်ကို နှိပ်ပါ ဆိုလို့ တစ်ကို နှိပ်လိုက်တယ်။ လိုရင်းကို မရောက်သေးဘူး။ တစ်ကို နှိပ်ပါ နှစ်ကို နှိပ်ပါတွေ နားထောင်ရတယ်။ လိုင်းပျက်နေကြောင်း တိုင်တန်းရမယ့် နံပါတ်ကို နှိပ်လိုက်တယ်။ တီးလုံးသံ ကြားနေရတယ်။ ဘယ်အချိန်ကိုင်မလဲ စောင့်နေတုန်း လိုင်းမအားသေးကြောင်း အသိပေးတယ်။ ဖုန်းပြန်ချလိုက်ရတယ်။ ဖုန်းဘေ ကုန်သွားတာ အဖတ်တင်တယ်။ အကြောင်းကြားတဲ့အဆင့်ကို မရောက်လိုက်ဘူး။

အင်တာနက်ပျက်လို့ အကြောင်းကြား အသိပေးဖို့ကို အင်တာနက် တက်ပြီး ဖောင်ဖြည့်တဲ့ နည်းလမ်းကို သုံးဖို့ အကြံပြုတယ်။ 

ဒီတော့ ပြိုင်ဘက်ဝန်ဆောင်မှု လုပ်ငန်းရဲ့ အင်တာနက်ကို သုံးရတယ်။ သူ ဝင်ငွေ တိုးတယ်။ ကိုယ် နာမည်ပျက်တယ်။ 

မားကက်တင်းကို ဖိလုပ်နေတယ်။ သုံးလက်စ နှစ်ကြာနေတဲ့သူတွေ လိုင်းမကောင်းတာ အရေးမလုပ်တော့ ပြိုင်ဘက်ဝန်ဆောင်မှုတွေဆီကို ရောက်သွားတယ်။ ပလိုင်းပေါက် ဖားကောက် မားကက်တင်း ဖြစ်နေတယ်။ 

.

မားကက်တင်း လုပ်နေကြပေမဲ့ များသောအားဖြင့် ဝန်ဆောင်မှုတွေက အားရစရာ မကောင်းကြဘူး။ 

ဝန်ဆောင်မှု အရည်အသွေးက အတော်နိမ့်နေတယ်။ စကားမပြောချင်လောက်အောင်ကို  နိမ့်နေတယ်။ ဒီတော့ ပြောမနေတော့ဘူး။

.

လုပ်ငန်းကြီးတွေ ဖြစ်နေပါလျက် ဝန်ဆောင်မှု ညံ့ဖျင်းနေတာတွေ ရှိနေတာ ဘာလို့လဲ။ 

ဝန်ဆောင်မှု မားကက်တင်းရဲ့ ပထမဆုံးအဆင့်ဟာ ဝန်ဆောင်မှု ဖြစ်ပါတယ်ဆိုတဲ့ ဥပဒေသကို မလိုက်နာကြလို့ ဖြစ်ပါတယ်။  ဘာလို့ မလိုက်နာကြတာလဲ။

ဝန်ဆောင်မှု တိုးတက်ကောင်းမွန်အောင် ရင်းနှီးမြှုပ်နှံဖို့ လိုတယ်။ ဝန်ထမ်းတွေကို သင်တန်းပေးရမယ်။ လခတွေပေးရမယ်။ ယူနီဖောင်းတွေ ပေးရမယ်။ ဝန်ထမ်းဦးရေ တိုးရမယ်။ ကုန်ကျစရိတ်များပြီး အကျိုးမထူးဘူးလို့ ရှုမြင်တယ်။ 

ဝန်ဆောင်မှု ကောင်းတာကြောင့် ဝင်ငွေတိုးတာထက် ကုန်ကျစရိတ်ကြောင့် ရမယ့်အမြတ် လျော့တယ်လို့ပဲ ရှုမြင်ကြတယ်။ အမြတ်ပိုရအောင် ဝန်ဆောင်မှု ကုန်ကျစရိတ်ကို လျှော့ချကြတယ်။

.

စဉ်းစားကြည့်ရအောင်။

ကုမ္ပဏီတစ်ခုက ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်တဲ့အတွက် ဝင်ငွေတိုးလိမ့်မယ်ဆိုတာ အတိအကျ မသိနိုင်ဘူး။

ဝတ်ကြေတန်းကြေထက်ပိုတဲ့ ဝန်ဆောင်မှုကို ရလိုက်တဲ့ အခါမျိုးကို ခင်ဗျား ကြုံရတဲ့အခါမှာ  ခင်ဗျား ဘယ်လောက်အထိ အဲဒီကုမ္ပဏီမှာ ပိုသုံးလိုက်သလဲ။ ခင်ဗျား ရလိုက်တဲ့ ဝန်ဆောင်မှု အတွေ့အကြုံကို လူဘယ်နှယောက်ကို ပြန်ပြောပြဖြစ်သလဲ။ အဲဒီလူတွေက ခင်ဗျား ညွှန်းလိုက်တာကြောင့် အဲဒီကုမ္ပဏီမှာ ဘယ်လောက် သုံးလိုက်ကြသလဲ။ ခင်ဗျား ကိန်းဂဏန်း အတိအကျဖြင့် အဖြေမပေးနိုင်ဘူး။ ဒါပေမဲ့ နည်းတာတော့ မနည်းဘူးဆိုတာ ခင်ဗျား သိတယ်။ ကုမ္ပဏီက ရလိုက်ပါတယ်။ 

ဝန်ဆောင်မှု ကောင်းအောင် လုပ်တာအတွက် အကျိုးမယုတ်ပါဘူး။

ဒီတော့ ကြော်ငြာတာတွေ၊ အရောင်းမြှင့်တင်တာတွေ မလုပ်ခင် ဝန်ဆောင်မှုကို အရင်ဆန်းစစ်ပါ။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)