-->


ထိုင်းကြော်ငြာဈေးကွက် ကမ္ဘာ့ဖလားကြော်ငြာဝင်ငွေ ကျဆင်းခဲ့

ထိုင်းကြော်ငြာဈေးကွက် ကမ္ဘာ့ဖလားကြော်ငြာဝင်ငွေ ကျဆင်းခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းကြော်ငြာဈေးကွက် ယခုနှစ် ကမ္ဘာ့ဖလားအတွက် ကြော်ငြာဝင်ငွေ ကျဆင်းခဲ့ပါသည်။ ကြော်ငြာဝင်ငွေ ဘတ် ၁၃၆ သန်းမျှသာ ရရှိခဲ့သည်။ ပုံမှန်အားဖြင့် ဘတ်သန်း ၅၀၀ ကျော် ဝင်ငွေ ရရှိနေကျ ဖြစ်သည်ဟု Media Intelligence ၏ ဒါရိုက်တာနှင့် စီအီးအို Pawat Ruangdejworachai က ပြောကြားသည်။ 

 

ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲများသည် ထိုင်းနိုင်ငံရှိ ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်ပြီး ကုန်အမှတ်တံဆိပ်များနှင့် ကုမ္ပဏီများက ၎င်းပရိသတ်တို့ထံ ကြော်ငြာများ ရောက်ရှိရန် ကြော်ငြာအတွက် ငွေအမြောက်အမြား သုံးစွဲကြောင်း Pawat က ပြောကြားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်မီက ကမ္ဘာ့ဖလားနှင့် အခြားကမ္ဘာ့အားကစားပွဲများတွင် ကြော်ငြာခ ဘတ်သန်း ၅၀၀ ကျော် သုံးစွဲခဲ့ကြောင်း Pawat က ပြောသည်။ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသည် ၎င်းပမာဏ၏ လေးပုံတစ်ပုံခန့်သာ ရရှိခဲ့သည်။

Pawat က ကြည့်ရှုသူ အနည်းအများ အဆင့်သတ်မှတ်မှု အမြင့်ဆုံးပွဲသည် ဂျာမနီနဲ့ ဂျပန်တို့၏ ပွဲဖြစ်သည်ဟု ပြောကြားသည်။

အုပ်စုအဆင့်ပွဲစဉ်ဖြစ်သော်ငြားလည်း ၎င်းကို ချန်နယ်တစ်ခုတည်းတွင် ည ၈ နာရီတွင် ထုတ်လွှင့်သောကြောင့် ပရိသတ်အားပေးမှု မြင့်မားခဲ့သည်။

အာဂျင်တီးနားနှင့် ပြင်သစ် ဗိုလ်လုပွဲမှာ ဒုတိယနေရာမှာ ရှိနေပါသည်။ ည ၁၀ နာရီတွင် စတင်ခဲ့ပြီး True4U နှင့် Channel 7 ရုပ်သံလိုင်းနှစ်ခုတွင် တစ်ပြိုင်နက် ထုတ်လွှင့်ခဲ့သည်။

 

True4U သည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ကြော်ငြာဝင်ငွေ ဘတ် ၉၃ သန်းကျော် ရရှိပြီး အများဆုံးရရှိသူ ဖြစ်သည်။

 

Channel 7 သည် နောက်ဆုံးပွဲစဉ် ဗိုလ်လုပွဲတွင် ကြော်ငြာအတွက် တစ်မိနစ်လျှင် ဘတ် ၃၅၀,၀၀၀ ရရှိခဲ့သည်။ သို့သော် အခြားပွဲအများစုတွင် တစ်မိနစ်လျှင် ဂဏန်းငါးလုံး ကြော်ငြာခသာ ရရှိခဲ့သည်။

ကြော်ငြာအများစုသည် ရုပ်သံထုတ်လွှင့်ခွင့်ကို ဝယ်ယူရန် ထောက်ပံ့ ကူညီသူများထံမှ လာသည်ဟု Pawat က ပြောကြားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲများကို ထုတ်လွှင့်နေစဉ်အတွင်း ကြော်ငြာအတွက် အမှန်တကယ် ငွေပေးဆောင်ရသည့် အမှတ်တံဆိပ်အနည်းငယ်သာရှိသည်။ Euro Cake နှင့် Pepsi တို့သည် ကြော်ငြာခများ သုံးစွဲမှု အများဆုံး ဖြစ်သည်။

 

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၎င်း၏ ကြော်ငြာဝင်ငွေ စံချိန်နှင့် လိုက်လျောညီထွေမဖြစ်ဘဲ ကြော်ငြာလုပ်ငန်းကို မြှင့်တင်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း Pawat က ပြောကြားခဲ့သည်။

Source nationthailand

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)