-->


မြန်မာနိုင်ငံက Influencers တွေအနေနဲ့ သူတို့ရဲ့ ပရိသတ်တွေနဲ့ ထိတွေ့ဆက်သွယ်တဲ့ နေရာမှာ ဘာလို့ Viber ကို အဓိက အသုံးပြုလာကြသလဲ?

မြန်မာနိုင်ငံက Influencers တွေအနေနဲ့ သူတို့ရဲ့ ပရိသတ်တွေနဲ့ ထိတွေ့ဆက်သွယ်တဲ့ နေရာမှာ ဘာလို့ Viber ကို အဓိက အသုံးပြုလာကြသလဲ?

မြန်မာနိုင်ငံက နာမည်ကျော် Skincare နဲ့ Beauty Blogger တစ်ဦးဖြစ်သူ Phyodaybyday အနေနဲ့ သူ့ရဲ့ ပရိသတ်တွေနဲ့ ပိုပြီးထိတွေ့ဆက်သွယ်နေနိုင်အောင် Viber ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုအသုံးပြုနေသလဲ? နောက်တစ်ခါ Viber ကနေတဆင့် ပရိသတ်အရေအတွက် ပိုမိုများပြားလာအောင် ဘယ်လိုမျိုးလုပ်ဆောင်နိုင်သလဲဆိုတဲ့ Tips and Tricks တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုထားပါတယ်။

 

နေ့စဉ်နေ့တိုင်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျမယ့်၊ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေကို အမြဲမပြတ် ဖန်တီးနေရတဲ့ Influencers တွေနဲ့ Content Creators တွေအတွက် ကိုယ့်ရဲ့ ပရိသတ်တွေကို အထိရောက်ဆုံး ဆက်သွယ် ပြောဆိုနိုင်မယ့် ဆိုရှယ်ပလက်ဖောင်းတစ်ခုကို ရွေးချယ်နိုင်ဖို့ဆိုတာက အရမ်းကို အရေးကြီးလာပါတယ်။ အခုခေတ်လိုမျိုး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ အရမ်းများပြားလာတဲ့ အချိန်မှာ Influencers တွေအနေနဲ့ ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ပရိသတ်တွေဆီ အထိရောက်ဆုံး ပို့ဆောင်ပေးနိုင်ဖို့ ဘယ်လို ပလက်ဖောင်းကို ရွေးချယ်မလဲဆိုတာက စိတ်ဝင်စားစရာ မေးခွန်း တစ်ခု ဖြစ်လာပါတယ်။

 

 IMG_1.jpg

 

Influencer တစ်ယောက်၊ Content Creator တစ်ယောက်အနေနဲ့ အသုံးပြုမယ့် ဆိုရှယ်ပလက်ဖောင်းကို မရွေးချယ်ခင်မှာ အဓိက လုပ်ဆောင်ရမှာကတော့ ကိုယ်က ဘယ်လိုမျိုး Contents တွေကို ဖန်တီးချင်တာလဲ? နောက်တစ်ခါ ကိုယ့်ရဲ့ Contents တွေကရော ဘယ်လို ပရိသတ်မျိုးနဲ့ ကိုက်ညီမှု ရှိသလဲ? ဆိုတာတွေကို သေချာအောင် စဉ်းစားသင့်ပါတယ်။ ဆိုရှယ် မီဒီယာ ပလက်ဖောင်းတစ်ခုချင်းစီမှာလည်း သူ့ရဲ့ အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိတတ်ပါတယ်။ ကိုယ် ဖန်တီးလိုက်တဲ့ Contents တွေက ကိုယ် ပစ်မှတ်ထားတဲ့ ပရိသတ်တွေရဲ့ ရင်ထဲ ရောက်၊ မရောက်ဆိုတာက ကိုယ်အသုံးပြုတဲ့ ဆိုရှယ်မီဒီယာတွေကို ဘယ်လိုလူတွေက အသုံးပြုလဲ? နောက်တစ်ခါ ကိုယ်ကရော အဲဒီ ပလက်ဖောင်းကို ဘယ်လိုမျိုး အသုံးပြုပြီး ပရိသတ်တွေနဲ့ ဆက်သွယ်မလဲ? ဆိုတာတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ Influencer တစ်ယောက်အနေနဲ့ ကိုယ်နဲ့ ကိုက်ညီမှုအရှိဆုံး၊ ကိုယ့်အတွက် အသင့်တော်ဆုံး ပလက်ဖောင်းတစ်ခုကို ဘယ်လိုရွေးချယ်လဲ ဆိုတာကို ပိုပြီးနားလည်နိုင်ဖို့အတွက် မကြာသေးခင်ကမှ ကိုယ်ပိုင် Viber Channel တစ်ခုကို တည်ထောင်ခဲ့ပြီး အချိန်တို အတွင်းမှာပဲ Subscribers ပေါင်း ၃ သိန်း ၇ သောင်းကျော် ရရှိထားတဲ့ မြန်မာနိုင်ငံက နာမည်ကျော် Skincare နဲ့ Beauty Blogger တစ်ဦးဖြစ်တဲ့ Phyodaybyday နဲ့ အခုလိုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

"ဖြိုးရေးသားမျှဝေချင်တဲ့အကြောင်းအရာတွေကို ချစ်ခင်ရတဲ့ ပရိသတ်တွေဆီ ထိထိရောက်ရောက်၊ လျှင်လျှင်မြန်မြန်နဲ့ လွယ်လွယ်ကူကူ ရောက်ရှိစေနိုင်မယ့် ပလက်ဖောင်းတစ်ခုလို ဖြိုးထင်မြင်မိတဲ့အတွက် Viber ပလက်ဖောင်းကို ရွေးချယ်အသုံးပြုဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာဆိုရင် Viber က လူသိအများဆုံးနဲ့ လူသုံးအများဆုံး အက်ပလီကေးရှင်း တစ်ခုလို့ ပြောလို့ရပါတယ်။ ပြောရမယ်ဆိုရင် လူတော်တော်များများက Viber အက်ပလီကေးရှင်းနဲ့ စိမ်းမနေဘူးပေါ့။ ဖြိုးကိုယ်တိုင်လည်း Viber သုံးတာနဲ့ ရင်းနှီးနေပြီးသားဖြစ်တော့ Viber Channel ဖွင့်တာရော၊  ပရိသတ်တွေကို ဖြိုးရဲ့ Viber Channel ကို Follow လုပ်လာဖို့အတွက် လုပ်ဆောင်တဲ့အခါမှာရော အခက်အခဲအများကြီး မရှိခဲ့ပါဘူး။" ဆိုပြီး Phyodaybyday က သူ့ရဲ့ ဖန်တီးမှုတွေ၊ ဗီဒီယိုတွေကို ပရိသတ်တွေဆီ ပို့ဆောင်ပေးနိုင်ဖို့အတွက် Viber ပလက်ဖောင်းကို ဘာလို့ အဓိက အသုံးပြုဖြစ်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

အခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကိုလည်း အသုံးပြုနေတဲ့ Phyodaybyday က Viber မှာ သူ့ရဲ့ ကိုယ်ပိုင် Channel ကို ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကမှ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ Subscribers ပေါင်း ၃ သိန်း ၇ သောင်းကျော်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ပိုပြီး လူသိများ အောင်မြင်လာအောင်၊ Viber ပလက်ဖောင်းမှာ ဘယ်လိုမျိုး လုပ်ဆောင်ချက်တွေကို အသုံးပြုပြီး ပရိသတ်တွေနဲ့ ပိုပြီး နီးကပ်အောင် ထိထိရောက်ရောက် လုပ်ဆောင်ခဲ့လဲ ဆိုတာ ကိုလည်း အခုလို မျှဝေခဲ့ပါတယ်။

 

IMG_2 (1).jpg

"Viber Channel မှာ ကိုယ်တင်ချင်တဲ့အကြောင်းအရာကို ကိုယ်ကြိုက်တဲ့အချိန်မှာ အလွယ်တကူ တင်နိုင်ဖို့အတွက် ကြိုသတ်မှတ်ထားလို့ရတဲ့ (Scheduled Message) ဆိုတဲ့ လုပ်ဆောင်ချက် ပါဝင်တာကြောင့် ဖြိုးအနေနဲ့ နောက်ရက်အနည်းငယ်အတွက် ဒါမှမဟုတ် တစ်ပတ်စာလောက်အတွက် တင်ချင်တဲ့ Post တွေ၊ ဗီဒီယိုတွေကို ကြိုပြီး စီစဥ်ထားလို့ရတာက တော်တော်လေး အဆင်ပြေတယ်။ ဖြိုးတင်ဖြစ်တဲ့ အကြောင်းအရာတွေက များသောအားဖြင့် လူမှုကွန်ယက်မှာ ရေပန်းစားနေတဲ့ အကြောင်းအရာတွေနဲ့ ဖြိုးရဲ့ လတ်တလော လှုပ်ရှားမှုလေးတွေကို တင်ဖြစ်တာ များပါတယ်။ နောက်တစ်ခါ ဖြိုးရဲ့ ပရိသတ်တွေကို အိပ်ရေးမပျက်စေချင်တာကြောင့် ညဖက်နောက်ကျမှ post တင်တာမျိုးမလုပ်ဘဲ နေ့လည််ပိုင်းတွေ၊ ညနေပိုင်းတွေလောက်မှာပဲ တင်ဖြစ်ပါတယ်။" ဆိုပြီး Phyodaybyday က မျှဝေပေးခဲ့ပါတယ်။ နောက်ပြီးတော့လည်း "ဖြိုးတင်တဲ့ အကြောင်းအရာအများစုက ဗီဒီယိုပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ် အရမ်းမရှည်ပဲ အတိုလေးတွေများတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို တိုတိုရှင်းရှင်း Content တွေက ပရိသတ်တွေ အတွက်လည်း အချိန်အရမ်းမကုန်ပဲ စိတ်ဝင်စားမှု ပိုမိုရရှိစေလို့ပါ။ ပြီးတော့ Viber မှာ ဖြိုး အကြိုက်ဆုံး လုပ်ဆောင်ချက်တွေကတော့ Polls နဲ့ Quizzes တွေပါပဲ။ ဒီလုပ်ဆောင်ချက်တွေက ဖြိုးရဲ့ ပရိသတ်တွေလည်း ကိုယ်တိုင် ပါဝင်နိုင်တယ်ဆိုတော့ သူတို့နဲ့လည်း ပိုပြီး နီးကပ်မှုရှိစေတယ်။ အခုလက်ရှိမှာလည်း ဖြိုးရဲ့လူကြိုက်အများဆုံး Content အများစုက ပရိသတ်တွေနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်တဲ့ အကြောင်းအရာတွေ၊ သူတို့နဲ့ တစ်နည်းမဟုတ် တစ်နည်း ကိုက်ညီမှုရှိတဲ့ အကြောင်းအရာတွေနဲ့ နောက်တစ်ခါ Giveaway Post တွေရယ် အများဆုံးပါပဲ။” ဆိုပြီး ဆက်လက် ပြောကြားခဲ့ပါတယ်။

Phyodaybyday အနေနဲ့ ပရိသတ်တွေနဲ့ ပိုပြီးကိုက်ညီမှုရှိအောင် သူ့နည်းသူ့ဟန်နဲ့ Viber ရဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုတာကို ဆွေးနွေးခဲ့ရုံသာမကပဲ Viber Channel ကို စတင်ခဲ့ခြင်းက သူ့အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု တွေ ရှိစေခဲ့သလဲဆိုတာကိုလည်း အခုလို ပြောကြားခဲ့ပါတယ်။

"Content Creator တစ်ယောက်အနေနဲ့ Viber က Channel ပိုင်ရှင်ကိုယ်တိုင်အတွက်ရော၊ ပရိသတ်တွေအတွက်ပါ ‌ဒေတာလုံခြုံမှုပိုင်းမှာလည်း စိတ်လုံခြုံမှုပေးနိုင်တယ်လို့ ဖြိုးယုံကြည်ပါတယ်။ ဖြိုးကိုယ်တိုင်လည်း Viber ရဲ့ Privacy နဲ့ Security ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို သေချာလေ့လာပြီးတော့မှ ဖြိုးရဲ့ Viber Channel ကို စတင်ခဲ့တာပါ။ ဖြိုး အနေနဲ့လည်း တစ်ခြား အသုံးပြုဖူးတဲ့ ပလက်ဖောင်းတွေနဲ့ နှိုင်းယှဉ်ရင် Viber က Algorithm အတားအဆီး မရှိတာကြောင့် အကြောင်းအရာတွေ၊ Posts တွေကို Viber မှာ ပိုတင်ဖြစ်ပါတယ်။ နောက်တစ်ခါ တစ်ခုခုလိုအပ်လို့ Viber ကိုဆက်သွယ်ရင်လည်း အရမ်းလွယ်ကူပြီး အချိန်တိုအတွင်း ကူညီပေးတဲ့အတွက် ဖြိုးအတွက် အကူအညီ အရမ်း ဖြစ်ပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

Viber Channel ကို အသုံးပြုနေတဲ့ Phyodaybyday ရဲ့ အတွေ့အကြုံတွေအရ အနှစ်ချုပ် ပြောဆိုရမယ် ဆိုရင် ကိုယ်ဖန်တီးလိုက်တဲ့ အကြောင်းအရာတွေကို ကြိုက်နှစ်သက်အားပေးမယ့် ပရိသတ်တွေရှိတဲ့၊ နောက်တစ်ခါ ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ပရိသတ်တွေဆီ ပိုမိုရောက်ရှိအောင် ကူညီပေးနိုင်မယ့် လုပ်ဆောင်ချက်တွေလည်း ရှိတဲ့ ဆိုရှယ်ပလက်ဖောင်းကို ရွေးချယ်အသုံးပြုဖို့က တစ်ကယ့်ကို အရေးကြီးလှပါတယ်။ ဒါအပြင် ကိုယ့်ရဲ့ဖန်တီးမှုတွေ ပရိသတ်တွေဆီကို ရောက်ရှိ‌အောင် အထိရောက်ဆုံး ကူညီပေးနိုင်မည့် လုပ်ဆောင်ချက်တွေ၊ နည်းဗျူဟာ တွေကို အသင့်တော်ဆုံး အသုံးပြုတတ်ဖို့ကလည်း အရေးပါလှပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သင့်တော် ထိရောက်မှုရှိတဲ့ နည်းဗျူဟာတွေကို အသုံးပြုခြင်းက ရေရှည်အောင်မြင်မှုအတွက် အရေးကြီးတဲ့ အချက်တစ်ခုပါ။ ဒါတင်မကသေးပါဘူး နာမည်ကျော် Content Creator တစ်ဦးအနေနဲ့ ကိုယ်ရွေးချယ်လိုက်တဲ့ ပလက်ဖောင်းက ကိုယ်ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ရဲ့ ပရိသတ်တွေအတွက်ပါ Privacy နဲ့ Security ပိုင်းမှာလည်း လုံခြုံ စိတ်ချမှု အပြည့်အဝရှိရပါမယ်။  

 

About Rakuten Viber

 

Rakuten Viber သည် မည်သည့်အချိန်၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း (one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေး စကားပြောခြင်းများအား လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Group Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။

Why Viber has been the preferred messaging app by Myanmar top’s influencers to connect with their followers

Myanmar’s aspiring Skincare and Beauty Blogger; Phyodaybyday shares how she has been utilizing Viber’s tools and features to expand the reach and engagement as well as some tips and tricks on how to grow the audience through Viber

Being an aspiring influencer and content creator who makes interesting contents everyday that caters to your audience, picking the right social platform that effectively reaches your target audience to inspire them is utmost crucial. In this day and age where social media platforms are abundant, how does an influencer properly choose the platform that is the most suitable for their content with the most audience pool?

Before choosing a platform, you need to first define what kind of contents you aspire to create and identify your target audience. Each platform has its pros and cons. The outcomes of your influencer campaign are largely dependent on the platform’s demographics and use cases. To dive further into the thinking process behind choosing your ultimate platform as an influencer, here are what we have learned from the Myanmar’s well known Skincare and Beauty Blogger with over 370K Viber subscribers, Phyodaybyday who recently created her own prospering Viber channel with remarkable engagement.

“I chose Viber as my go-to platform because I see it as a bridge between connecting me and my followers efficiently, in a very lighthearted and natural way and at the same time, an effective courier in terms of updating my followers of my fresh contents. Amongst other messaging apps in Myanmar, Viber, I believe, has the highest user base and the most well known messaging app in Myanmar. As everyone is really familiar with the Viber application, it was very easy for me to create a channel and get my followers to follow me in my Viber channel journey without difficulties.” remarked Phyodaybyday when asked about her reason behind choosing Viber as her ultimate platform.

Already established and well known in other platforms, Phyodaybyday has garnered more awareness and popularity through Viber only a few months ago and after creating her Viber channel, gaining over 370K Subscribers in a short span of time. She then shared her experiences on how to properly utilize Viber features unique to her own ways to cater to the needs of her audience.

“As we can schedule messages on Viber channels, I schedule a few days or a week worth of messages to post. I usually base my contents on the recent social media trends and my recent activities. I tend to avoid posting late nights as I don’t want to annoy my followers so most of my contents are usually posted around afternoon time.” shared Phyodaybyday. “Most of my contents are in the form of short messages and videos since those kinds of content can attract the audience in a short frame of time. And, I have to say the most engaging features in Viber for me would be polls and quizzes. So far, my most popular contents would be kinds of content which people find very relatable, interactive contents and Giveaway posts.”

Apart from how she utilizes Viber features unique to her own way to make it relevant to her audience, she also shared her experience on how creating a Viber channel has impacted her so far.

“As a content creator, I believe Viber can give the sense of security not only to the channel owner but also to the followers. I only created my Viber channel after I made sure that I could trust the Privacy and Security features of Viber. Personally I’m more motivated to create and post more contents on Viber than other platforms as there are no algorithm disturbances in comparison to other platforms I have used. Also, I find it very helpful as it is very easy for me to reach out to Viber for help and advice whenever I need.

Through Phyodaybyday’s experience by choosing Viber Channels, choosing the platform which has the most suitable audience base and features that allows your content to thrive is important. And, it is more important to properly utilize the features that the platform offers to devise a perfect strategy in terms of content creation to maximize your awareness among your target audience. Beginning with the proper steps and strategies can set your contents up for sustained success. It is also important to make sure that the platform of your choice has strict privacy and security measures to protect your data as a popular content creator.

  

About Rakuten Viber

Rakuten Viber connects people. No matter who they are, or where they are from. The global user base has access to a range of features like one-on-one chats, video calls, group messaging, and updates and discussions with their favorite brands and celebrities. Viber ensures users have a secure and free environment to share their emotions. Rakuten Viber is part of Rakuten Group, Inc., a world leader in e-commerce and financial services. It is the official instant messaging and calling app partner of the NBA’s Golden State Warriors.

Read times
Rate this item
(0 votes)