-->


Twitter တွင် အမျိုးသမီး စီအီးအိုအသစ် ခန့်အပ်တော့မည်

Twitter တွင် အမျိုးသမီး စီအီးအိုအသစ် ခန့်အပ်တော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Elon Musk သည် Twitter ကို ၂၀၂၂  အောက်တိုဘာလက ကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

ကုမ္ပဏီ ကြီးပွားတိုးတက်ရန် လိုအပ်သည်ဟု သူယူဆသော  ပြုပြင်မွမ်းမံမှုများ လုပ်‌ေဆာင်ရန် အချိန် အတိုင်းအတာ တစ်ခုအထိသာ သူ တာဝန်ယူမည်ဟု Musk က ပြောကြားခဲ့ဖူးသည်။

.

ပိုင်ရှင် Elon Musk က တွစ်တာ လူမှုကွန်ရက်အတွက် ခေါင်းဆောင်သစ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း တွစ်တာတွင် ကြေညာခဲ့သည်။

စီးအီးအို အသစ် ခန့်အပ်ပြီးသည့်အခါ Musk သည် နည်းပညာအရာရှိချုပ် chief technologist တာဝန်ကို ထမ်းဆောင်မည်။

 .

photo_2023-05-12_14-34-20.jpg

 

ကြာသပတေးနေ့ (မေ ၁၁)တွင် တွစ်တာမှာ Musk က ကုမ္ပဏီ၏ စီအီးအို အသစ်သည်  ခြောက်ပတ်ခန့်အတွင်း စတင်မည်ဟု ပြောကြားခဲ့သည်။ မည်သူမည်ဝါဆိုသည်ကို မပြောကြားပါ။ 

.

NBCUniversal ၏ ကြော်ငြာအရောင်းဌာနမှူး Linda Yaccarino သည် Twitter ၏ အမှုဆောင်အရာရှိချုပ် ဖြစ်လာရန် ဆွေးနွေးနေကြောင်း Wall Street Journal က သတင်းဖော်ပြခဲ့ပါသည်။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)