Facebook အကောင့်မလိုဘဲ Facebook နှင့် Instagram တွင် ကြော်ငြာဖန်တီးနိုင်မည်ဟု စီအီးအို အသိပေး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
သုံးစွဲသူ ဦးရေ သန်း ၂၀၀ ကျော် ရှိသည့် WhatsApp Business app တွင် Facebook နှင့် Instagram တို့တွင် ကြော်ငြာရန် ကြော်ငြာများကို များမကြာခင်မှာ ဖန်တီးနိုင်တော့မည်ဟု WhatsApp, Facebook နှင့် Instagram တို့၏ မိခင်လုပ်ငန်း Meta ၏ စီအီးအို Mark Zuckerberg က ၎င်း၏ Facebook အကောင့်နှင့် တွင် ဇွန်လ ၂၇ ရက်တွင် အသိပေး တင်ပြထားပါသည်။
ထိုသို့ WhatsApp Business အက်ပ်ဖြင့် ၎င်းကြော်ငြာများ ဖန်တီးပြီး ကြော်ငြာရန်အတွက် Facebook အကောင့်နှင့် Instagram အကောင့်တို့ လိုအပ်မည် မဟုတ်ဘဲ WhatsApp Business အကောင့်ဖြင့် လုပ်ကိုင်နိုင်မည်ဟု ၎င်းက ဆိုပါသည်။
ထို့ပြင် အခကြေး ပေးပြီး မက်ဆေ့များ ဖြန့်ဝေသည့် လုပ်ဆောင်ချက်အသစ်ကိုလည်း သုံးစွဲနိုင်မည်ဟု ၎င်းက အသိပေးကြေညာပါသည်။
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U