မြန်မာနိုင်ငံမှာ Internet အသုံးပြုသူပေါင်း (၂၁) သန်းထိ ရှိလာပြီဖြစ်ပါတယ်။ ဒီပမာဏဟာ ရန်ကုန်မြို့တစ်မြို့လုံးမှာရှိတဲ့ လူဦးရေရဲ့ (၄.၆) ဆတိတိ များတာဖြစ်ပါတယ်။
လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်တော့မယ်ဆိုရင် လုပ်ကိုင်ခါစမှာတော့ တက်တက်ကြွကြွနဲ့ ဖြစ်နေမှာပါ။ နောက်ပိုင်းကြာလာရင်တော့ ပြဿနာလေးတွေရှိလာတက်ပါတယ်။
ကိုယ်ရောင်းချချင်တဲ့ ထုတ်ကုန်တစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို Facebook ပေါ်မှာ ပေါက်ဖို့အတွက် လုပ်ငန်းရှင်တွေကိုယ်တိုင် အသုံးချနိုင်တဲ့ များပြားလှစွာသော FB promotion အကြံဉာဏ်နဲ့ နည်းလမ်းတွေကို ပြောပြချင်ပါတယ်။
သင်က လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက် ဆိုရင် Customer service ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်က ပါဝင်တယ်ဆိုတာ သိရှိပြီးသားဖြစ်မှာပါ။ သင့်အနေနဲ့ Cusotmer Service ကောင်းအောင် လုပ်ဆောင်သင့်တဲ့ အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စိတ်ရှည်ပါ
Customer Service ပေးတဲ့နေရာမှာ စိတ်ရှည်ဖို့လိုပါတယ်။ Customer တစ်ယောက်ဟာ သင့်လုပ်ငန်းအကြောင်းနဲ့ သင့်ကုန်ပစ္စည်း အကြောင်းကို သေချာမသိနိုင်တာကြောင့် မေခွန်းမေးနိုင်ပါတယ်။ သင့်အနေနဲ့ Customer တွေရဲ့ လိုအပ်ချက်၊ Customer တွေသိချင်တဲ့ အကြောင်းအရာတွေကို စိတ်ရှည်ရှည် ရှင်းပြဖို့လိုအပ်ပါတယ်။
၂။ စိတ်ကို ရှင်းရှင်းလင်းလင်းထားပါ
သင့်အနေနက် Customer Service ပေးတဲ့ နေရာမှာ စိတ်ကိုရှင်းရှင်းလင်းလင်း ထားဖို့လိုပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခဏလောက်မေ့ထားပြီး အလုပ်ကိုအာရုံစိုက်ပြီး ဝန်ဆောင်မှုပေးဖို့လိုပါတယ်။ ဒါ့အပြင် Customer မရှိတဲ့ လုပ်ငန်းဟာလည်း ကြာကြာမရပ်တည်နိုင်တာကြောင့် Customer တွေကို အတက်နိုင်ဆုံး ဂရုစိုက်ဖို့လိုပါတယ်။
၃။ လေးစားယုံကြည်မှုရှိပါ
သင့်အနေနဲ့ သင့်လုပ်ငန်း ဒါမှမဟုတ် သင့်ဆိုင်ကို လာရောက်အားပေးတဲ့ Customer တွေကို လေးစားယုံကြည်မှုရှိဖို့ လိုပါတယ်။ နောက်ပြီး သင့်အနေနဲ့ Cusstomer တွေကို မယုံသလို နောက်ကနေတောက်လျှောက် လိုက်ကြည့်တာမျိုးတွေ ရှောင်ကြဉ်ဖို့လိုပါတယ်။
၎။ ကုန်ပစ္စည်း ဒါမှမဟုတ် service အကြောင်းကို အကုန်သိထားပါ
Customer Service ပေးနေတဲ့ သူတစ်ယောက်ကို သက်ဆိုင်ရာလုပ်ငန်းအကြောင်းကို ဂဃနဏသိထားဖို့လိုပါတယ်။ ဒါမှ Customer လိုအပ်တဲ့အချက်ကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်မှာဖြစ်ပါတယ်။
တောင်ကိုရီးယားဒေတာသုံးသပ်ရေး ကုမ္ပဏီတစ်ခုကို Facebook မှ တရားစွဲဆို
၅။ အာရုံစိုက်မှုရှိပါ
Customer Service လုပ်နေတဲ့သူတစ်ယောက်ဟာ လက်ရှိဝန်ဆောင်မှုပေးနေတဲ့ Customer အပေါ်မှာ အပြည့်အဝ အာရုံစိုက်နိုင်ဖို့လိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ Customer သုံး၊ လေးယောက်ကို ဝန်ဆောင်မှုပေးတာမျိုးကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒီအချက်က Customer အတွက် မနှောက်အယှက် ဖြစ်သွားစေနိုင်ပါတယ်။ နောက်ပြီး Customer အပေါ် အပြည့်အဝ အာရုံမစိုက်နိုင်ဘူးဆိုရင် Customer complaints တက်တာတွေဖြစ်လာနိုင်ပါတယ်။
၆။ ဆက်ဆံရေး ပြေပြစ်ရှင်းလင်းမှုရှိပါ
Customer တစ်ယောက်ကို ဝန်ဆောင်မှုပေးတဲ့အခါမှာ ဆက်ဆံရေးကောင်းမွန်ဖို့လိုပြီး ဖော်ရွေတက်ဖို့လည်းလိုပါတယ်။ Customer တစ်ယောက်ဟာ ဆက်ဆံရေးကောင်းမွန်တဲ့ ဝန်ဆောင်မှုမျိုးကို ပိုပြီး သဘောကျတက်ပါတယ်။ နောက်ပြီး Customer နဲ့ စကားပြောဆိုဆက်ဆံရာမှာလည်း ဖြည်းဖြည်းမှန်မှန် ပြောဆိုပြီး ရှင်းရှင်းလင်းလင်းရှိဖို့လိုပါတယ်။
၇။ Eye Content ရှိပါ
လူတစ်ယောက်နဲ့ တစ်ယောက်စကားပြောတဲ့ နေရာမှာ Eye Content ရှိဖို့လိုပါတယ်။ ဒီလို Eye Content ရှိတာဟာ တစ်ဖက်လူပေါ်အာရုံစိုက်မှုအပြည့်နဲ့ နားထောင်ပေးတယ်၊ ပြောပြတယ်၊ ရှင်းပြတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ တစ်ခါတစ်လေမှာ Customer ရဲ့ မျက်လုံးကိုကြည့်တာကနေ Customer ဘာအခက်အခဲဖြစ်နေလဲ ဘာလိုအပ်နေလဲ ခန့်မှန်းသိရှိနိုင်ပါတယ်။
Myanmar Advertising Directory
Customer တွေကို ဆွဲဆောင်ဖို့ သင့်ရဲ့ ကုမ္ပဏီနာမည်က အရမ်းအရေးကြီးပါတယ်။ လေ့လာမှုတစ်ခုအရ နာမည်ခေါ်ရအဆင်ပြေတဲ့ ကုန်ပစ္စည်းတွေက နာမည်ခေါ်ရခက်တဲ့ ပစ္စည်းတွေထက် ရောင်းရပါသတဲ့။
ကမ္ဘာကျော် Amazon Online Store ကြီးရဲ့ပိုင်ရှင် Jeff Bezos ဟာ ဒေါ်လာဘီလီယံတစ်ရာကျော် ချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။
လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတိုင်းမှာ ပြိုင်ဘက်ဆိုတာရှိကြပါတယ်။ စီးပွားရေးလုပ်ကိုင်နေတဲ့ သူတစ်ယောက်က ဒါကိုကြောက်နေလို့တော့ မရပါဘူး။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်တာ့မယ်ဆိုရင် ကိုယ့်လုပ်ငန်းတည်ထောင်မယ့် နေရာရွေးချယ်ဖို့ကလည်း အဓိကကျတဲ့အချက်ဖြစ်ပါတယ်။
ယခု အချိန်မှာ လူတိုင်းဟာ social media ကို အသုံးပြု လာတာနဲ့အမျှ အကြောင်းအရာ တစ်ခု ခု ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ဖြန့် လိုက် တာ နဲ့ အချိန်တို အတွင်းမှာ လျင်မြန်စွာ ပြန့် နှံ့သွားစေ ပြီဖြစ်ပါတယ်။
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် customerအရေအတွက် များခြင်းဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ ကိုယ်ရဲ့ကုန်ပစ္စည်းတစ်ခုက customerကို ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုမရရှိစေဘူးဆိုလျှင် ကုမ္ပဏီ၊ ဆိုင်အတွက်မကောင်းတဲ့ ပုံရိပ်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဒီလိုcustomer တွေကိုယ့်ရဲ့ကုန်ပစ္စည်းကို သုံးပြီးစိတ်ကျေနပ်ပျော်ရွှင်မှု မရစေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ
သူတို့ဘက်ကပေးတဲ့တန်ဖိုးလောက် ကိုယ့်ရဲ့ကုန်ပစ္စည်းက အရည်အသွေးမကောင်းခြင်း၊ သူတို့မျှော်မှန်းထား သလောက် ၀န်ဆောင်မှုမပေးနိုင်ခြင်း၊ ဈေးကွက်ထဲရှိအခြားပစ္စည်းနဲ့ အရည်အသွေးတူညီသော်လည်း ဈေးနှုန်းမြင့်မားနေခြင်းနဲ့ အခြားသောအကြောင်းအရင်း တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါတွေကို မဖြေရှင်းဘဲထားလိုက်မယ်ဆိုရင် ၀ယ်သူတွေကို ကုမ္ပဏီရဲ့အဝေးရောက်အောင်တွန်းထုတ်နေတာနဲ့ အတူတူပါပဲ။
ဒါကြောင့်ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
♦၀ယ်သူဘက်မှ လိုအပ်ချက်၊မကျေနပ်ချက်တွေကို ပြောလာသည့်အခါ ကြားဖြတ်မပြောဘဲ သေချာဂရုတစိုက်နားထောင်ပေးပါ။
♦အချို့သော customer complain တွေဟာဝယ်သူတွေမပြောခင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ-ကိုယ့်ရဲ့ကုမ္ပဏီက onlineတွေမှာပါ ၀န်ဆောင်မှုပေးတယ်ဆိုရင် website linkအမှားများ၊ register လုပ်ရန်ဝင်လို့မရခြင်း စတဲ့အမှားများကို ကိုယ့်ဘက်ကနေအမြဲကြည့်ရှူ့စစ်ဆေးနေသင့်ပါတယ်။
Student Entrepreneurs တွေ လုပ်ဆောင်သင့်တဲ့ အချက် (၄) ချက်
♦၀ယ်သူကို အတတ်နိုင်ဆုံးယဉ်ကျေးပျူငှာစွာ ရှင်းပြပြောဆိုပေးပါ။
♦ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းအကြောင်းကို နားလည်အောင်သင်ယူထားပါ။ ၀ယ်သူကို ရှင်းပြပြောဆိုတဲ့အချိန်မှ မရေရာမသေချာတဲ့ ပြောဆိုမှုတွေ၊ အပြုအမူတွေဖြစ်ခဲ့တယ်ဆိုလျှင် စိတ်ပျက်သွားနိုင်ပါတယ်။
♦၀ယ်သူရဲ့မကျေနပ်ချက်များကို ဖြေရှင်းတဲ့အခါ ကုမ္ပဏီဘက်မှပဲ တစ်ဖက်သတ်ဆုံးဖြတ်ချက်မချမိပါစေနဲ့။ ၀ယ်သူဘက်ကိုလည်း ရှင်းပြပြောဆိုကာ ရွေးချယ်ဆုံးဖြတ်ခိုင်းပါ။
♦၀ယ်သူတွေဘက်မှ မကျေနပ်ချက်များ တင်ပြပြောဆိုလာသည့်အခါ အချိန်မဆွဲထားပါနဲ့။ အတတ်နိုင်ဆုံး၊ အမြန်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးပါ။ ဒါကလည်း သင့်ထံကိုနောက်တစ်ကြိမ် လာရောက်အားပေးဖို့ဆွဲဆောင်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။
♦၀ယ်သူရှိတုန်းခဏပဲ သေချာစွာဆောင်ရွက်ပေးပြီး နောက်ကွယ်ရောက်လျှင် ဂရုမစိုက်၊ အလေးမထားတဲ့ အပြုအမူမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။
♦ကိုယ့်ရဲ့ပစ္စည်းက အခြားပစ္စည်းတွေထက် ဈေးနှုန်းမြင့်နေတယ်ဆိုရင်လည်း အားသာချက်၊ အသုံးပြုလို့လွယ်ကူတဲ့အချက်တွေကို သေချစွာရှင်းပြပြောဆိုတာမျိုးတွေကို ပြုလုပ်ပေးပါ။
Source; lifehack
Myanmar Advertising Directory