မိမိလုပ်ငန်းကြီးထွားဖို့အတွက်ဆိုရင် ကြော်ငြာအေဂျင်စီတွေရဲ့ အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေက အထောက်အကူပြုပေးနိုင်မှာ သေချာပါတယ်။ ဒါပေမယ့် မိမိလုပ်ငန်းနဲ့ သင့်တော်မှန်ကန်သော ကြော်ငြာအေဂျင်စီကို ရွေးချယ်တတ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားပြီးတော့ ရွေးချယ်သင့်သလဲဆိုတာကို အောက်မှာဖော်ပြပေးထားပါတယ်။
၁။ အေဂျင်စီလုပ်နိုင်သောအရာနဲ့ မလုပ်နိုင်သောအရာများကို သိရပါမယ်
များသောအားဖြင့် ကုမ္ပဏီတော်တော်များဟာ ကြော်ငြာအေဂျင်စီတွေက သူတို့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ရောင်းပေးမယ်လို့ ထင်နေတတ်ကြပါတယ်။ ကြော်ငြာပြီး အလျင်အမြန် ရောင်းအားတွေမတက်တဲ့အခါ အေဂျင်စီတွေကို အပြစ်တွေတင်ကြတော့တာပါပဲ။ တကယ်တမ်း အေဂျင်စီတစ်ခုရဲ့ အဓိကတာဝန်တစ်ခုကတော့ ကုမ္ပဏီရောင်းချချင်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ချိန်ရွယ်ထားတဲ့ စားသုံးသူပရိသတ်နဲ့ ချိတ်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်မျိုးဟာ အချိန်များစွာလိုအပ်ပြီး sales cycles ကြာရှည်သော လုပ်ငန်းခွင်များတွမှာ လိုအပ်တဲ့အချိန် ပိုလို့တောင်ကြာရှည်အုန်းမှာပဲ ဖြစ်ပါတယ်။
၂။ ကုမ္ပဏီရဲ့ ရည်မှုန်းချက်ပန်းတိုင်များကို အေဂျင်စီအနေနဲ့ သိရှိနားလည်အောင် လုပ်ရပါမယ်
အေဂျင်စီအနေနဲ့ Target Audience၊ ကုန်ပစ္စည်း၊ ကုမ္ပဏီသမိုင်းကြောင်း၊ ပြိုင်ဘက်များ၊ ရေရှည်ရည်မှန်းချက်ပန်းတိုင်များကို သိရှိထားမှသာ ကုမ္ပဏီအတွက် အလုပ်ဖြစ်စေမယ့် အကြံဥာဏ်ကောင်းများကို စီစဉ်ဆောင်ရွက် အကောင်အထည်ဖော်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
၃။ ခန့်မှန်းခြေအသုံးစရိတ် Budget များကို အတူတူဆုံးဖြတ်ကြရပါမယ်
ပုံမှန်အားဖြင့် ကုမ္ပဏီတွေက အေဂျင်စီတွေကို ကြော်ငြာအသုံးစရိတ်တွေ တွက်ခိုင်းလေ့ရှိပါတယ်။ ဒီလို လုပ်ခိုင်းမယ့်အစား ကုမ္ပဏီနဲ့အေဂျင်စီနှစ်ဖက်လုံးမှ တာဝန်ရှိသူများသေချာထိုင်ဆွေးနွေးပြီး အေဂျင်စီရဲ့လုပ်ငန်းအတွေ့ကြုံများနဲ့ ကုမ္ပဏီရဲ့အခြေအနေတွေကို ထည့်သွင်းစဉ်းစားကာ ရောက်ရှိသင့်သော စားသုံးသူပရိသတ်များဆီသို့ ဘယ်လိုနည်းနဲ့ ရောက်အောင်လုပ်မလဲဆိုတာကို ဆုံးဖြတ်ချက် အတူတူချသင့်ပါတယ်။
အွန်လိုင်းစွယ်စုံကျမ်း Wikipedia ကို တရုတ်မှပိတ်ပင်
၎။ Campaign’s Message ကို Channel အမျိုးမျိုးတွင် ပေါ်လွင်နေအောင် ပြောပြရပါမယ်
Campaign မှဖော်ပြတဲ့ အဓိကသတင်းအကြောင်းအရာတစ်ခုကို ကြော်ငြာတဲ့ တီဗွီ၊ ဆိုရှယ်မီဒီယာ၊ Billboard နဲ့ အခြားသော Channels တွေမှာပေါ်လွင်နေအောင် ပြုလုပ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် ကုမ္ပဏီရဲ့ထင်ရှားသော အမှတ်တံဆိပ်ပုံရိပ်တစ်ခုကို ဖန်တီးအသက်သွင်းလာနိုင်မှာပဲ ဖြစ်ပါတယ်။
၅။ အမြဲတမ်း ဆန်းသစ်တီထွင် နေရပါမယ်
အေဂျင်စီတွေက စိတ်ပါဝင်စားသူများကို သင့်ကုမ္ပဏီဆီကို ရောက်အောင်ပို့ပေးနိုင်ပေမယ့်လည်း အဲဒီလူတွေကို အမှန်တကယ် စားသုံးဝယ်ယူဖို့အတွက်ကတော့ ကုမ္ပဏီကသာ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စားသုံးသူတွေ ဝယ်ယူအားပေးချင်စိတ်ဖြစ်အောင် သင့်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ဆွဲဆောင်မှုရှိအောင် ဝယ်ယူသူတွေအဖို့ အားပေးရတာတန်တယ်ထင်ရအောင် အမြဲဆန်းသစ်တီထွင် နေဖို့လိုအပ်ပါတယ်။ကုမ္ပဏီကသာ တကယ်တတ်နိုင်တယ် ဆိုရင်တော့ မှန်ကန်သောကြော်ငြာအေဂျင်စီတစ်ခုနဲ့ တွဲဖက်လုပ်ကိုင်ပြီး ချိန်ရွယ်ထားသောပရိသတ်နဲ့ ချိတ်ဆက်မိအောင် လုပ်သင့်ပါတယ်။
စစချင်းမှာတော့ အခက်အခဲများစွာ ကြုံတွေ့ရမှာဆိုပေမယ့် နောက်ပိုင်းတွင် ကုမ္ပဏီရဲ့ထိမိထူးခြားတဲ့ သတင်းအချက်အလက်ကို လိုချင်တဲ့ပရိသတ်ဆီရောက်သွားအောင် ပြုလုပ်နိုင်တာတွေ့လာရတဲ့အခါ အဲ့ဒီအခက်အခဲတွေ ကြုံတွေ့ခဲ့ရတာတန်ကြောင်း နားလည်လာမှာပဲ ဖြစ်ပါတယ်။
Myanmar Advertising Directory
ကိုယ်တိုင်လုပ်ကိုင်နေရတဲ့ Creative Director တစ်ယောက်အနေနဲ့ ပြောရဲတာက၊ တန်ဖိုးရှိတဲ့ ဒီလိုရာထူး အတွက် လိုအပ်တာက ဒီအချက်လေးတွေပါ။
အေဂျင်စီကောင်းတစ်ခုက သုတေသနဌာနမှာ အလုပ်လုပ်ချင်ရင်၊ စာရင်းအင်း (ဝါ) စိတ်ပညာနဲ့ ပတ်သက်တဲ့ဘွဲ့တစ်ခု လိုကောင်းလိုလိမ့်မယ်။ ဆန်းစစ်တွေးခေါ်တတ်တဲ့ စိတ်မျိုးလိုအပ်ပါမယ်။ ဒါ့အပြင် ဖတ်လို့လွယ်ကူတဲ့ ရီပို့ထ်တွေ ရေးနိုင်ရပါမယ်။
၁။ Wieden + Kennedy ( US $ 306.2 Million )
Wieden + Kennedy ၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ အကောင်းဆုံး ကြော်ငြာအေဂျင်စီအဖြစ် နံပါတ် (၁) နေရာကို အရယူထားပါတယ်။
အသစ်ဝင်တဲ့ ဝန်ထမ်းငယ်အချို့က Account Executive အလုပ်နဲ့ ဆက်စပ်နေတဲ့ ခရီးထွက်ရခြင်းနဲ့၊ အပျော်အပါးတွေမှာ စိတ်သာယာတတ်ကြပါတယ်။
Account executive တွေရဲ့ အဓိက အလုပ်က အေဂျင်စီရဲ့အခြားဌာနက အလားအလာအရှိဆုံး အလုပ်တွေကို ဆွဲထုတ်ဖို့ပါ။ သူတို့က အလုပ်အပ်နှံသူတွေနဲ့ နေ့စဉ်ထိတွေ့နေရပါတယ်။
အီတလီလူမျိုးနိုင်ငံရေးသမား Cosimo de Medici (၁) က Florentine မှ ပန်းပုဆရာ Benvenuto Cellini (၂) ကို သူ့ဆီမှာ အလုပ်လာလုပ်ဖို့အတွက် စာတစ်စောင်ရေးပြီး စည်းရုံးတယ်။ စာထဲမှာ “ ငါ့ဆီကိုလာခဲ့ပါ၊ မင်းကို ငါ ရွှေထုတ်နဲ့ ဖို့ထားမယ်။ ” တဲ့။
Proctor & Gamble ဟာ ၁၄ နာရီကြာတဲ့ Old Spice ချွေးနံ့ပျောက်ဆေး ကြော်ငြာဗွီဒီယိုကို လွှင့်တင်ပြီးတဲ့နောက်မှာ ဂင်းနစ်ကမာ့္ဘစံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ကြော်ငြာကမ်ပိန်း အများစုက သိပ်ရှုပ်ထွေးပါတယ်။ လုပ်စရာတွေက တစ်ပုံတစ်ပင်၊ အမှုဆောင်တစ်သိုက်ရဲ့ တစ်ယောက်တစ်မျိုးအမြင်တွေကိုလည်း
အခုရွေးချယ်ရမှာက ကိုယ့်ကုန်ပစ္စည်းကို ဘယ်လိုမျိုးပွဲထုတ်ချင်လဲ ဆိုတဲ့ မေးခွန်းပါ။ ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်ဆိုတာ ကိုယ်ရည်ကိုယ်သွေးပါပဲ။ ကုန်ပစ္စည်းတွေမှာလည်း လူတွေလို