ကြော်ငြာခြင်းကို ရောမခေတ်ကတည်းကစခဲ့ပါသည်။ ပစ္စည်းများရောင်းရဖို့ လှည့်လည်အော်ဟစ်ရန် အသံကောင်းသူများကို ငှားရမ်း၍သုံးခဲ့ကြသည်။
မော်တော်ကားဆိုသည်မှာ စပေါ်ပေါက်လာခဲ့သည့်အချိန်တည်းက စီးပွားရေးလုပ်ငန်းရှင်များနှင့် ကားများနှင့် ပတ်သက်ပြီး စိတ်ဝင်တစားဝါသနာပါသူများသည် သူတို့၏ကားများပေါ်တွင် သူတို့ကို ကိုယ်စားပြုသည့် အမှတ်အသားမျိုးများ ဖော်ပြကြလေ့ရှိသည်။
လေ့လာချက်တွေအရ အမေရိကန်လူမျိုးတစ်ဦးဟာ တစ်နေ့ကို ကြော်ငြာ ၄၀ဝ၀ ကနေ ၁၀ဝ၀ဝ အတွင်းမြင်တွေ့နေရတယ်လို့ သိရပြီး အဲ့ဒီထဲမှာ ဘေဘုတ်ကြော်ငြာတွေ၊ လူမှုကွန်ရက်ကကြော်ငြာတွေ၊ ဖုန်းမက်ဆေ့ကြော်ငြာတွေနဲ့ တီဗွီကြော်ငြာတွေ စသည်ဖြင့် အားလုံးပါဝင်ပါတယ်။
မြို့ကြီးပြကြီးတွေဟာ လူဦးရေသိပ်သည်းလှပြီး လူတွေဟာလည်း နေ့ရောညပါလမ်းပေါ်မှာ သွားလာလှုပ်ရှားနေတာကြောင့် မိမိတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေနဲ့အမြဲထိတွေ့နေစေဖို့ အကောင်းဆုံးနည်းလမ်းက ဘေဘုတ်ကြော်ငြာတွေပဲ ဖြစ်ပါတယ်။
သင့်ကြော်ငြာဆိုင်းဘုတ်အတွက် အရောင်ရွေးချယ်တော့မယ်ဆိုရင် ဘယ်လိုအရောင်မျိုးက ကိုယ့်လုပ်ငန်းအတွက်အဆင်ပြေမလဲ၊
Billboard Campaign တွေ လုပ်ကိုင်ကြတာမှာ McDonald ရဲ့Billboard Campaign ဖြစ်တဲ့ OOH Campaign ဟာ ထင်ရှားကျော်ကြားပြီး အောင်မြင်တယ်။
ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ မိမိတို့ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေသိလာအောင် ကြော်ငြာရာမှာ နည်းလမ်းတွေ အမျိုးမျိုးရှိနေပြီ ဆိုပေမယ့် ဘေဘုတ်ကြော်ငြာတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေဆဲဖြစ်ပါတယ်။
ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ မိမိတို့ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေသိလာအောင် ကြော်ငြာရာမှာ နည်းလမ်းတွေ အမျိုးမျိုးရှိနေပြီ ဆိုပေမယ့် ဘေဘုတ်ကြော်ငြာတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေဆဲဖြစ်ပါတယ်။
အခု ဖော်ပြပေးသွားမှာကတော့ Fortune မှရွေးချယ်ထားတဲ့ ကမ္ဘာ့ အကျိုးအမြတ်အရဆုံး ထိပ်တန်းကုမ္ပဏီတွေအကြောင်းပဲ ဖြစ်ပါတယ်။
အမျိုးသားသုံး ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့ ချိုင်းလိမ်းဆီ စတာတွေကို Old Spice နာမည်နဲ့ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေတဲ့ Procter & Gamble ကုမ္ပဏီဟာ ခပ်ဆန်းဆန်း ကြော်ငြာဓာတ်ပုံတွေနဲ့ လူတွေရဲ့ အာရုံကို ဖမ်းစားလိုက်ပြန်ပါပြီ။
ဂင်းနစ်စံချိန်သစ် တင်လိုက်တဲ့ ၁၄ နာရီကြာ ချွေးနံ့ပျောက်ဆေးကြော်ငြာ
ဓာတ်ပုံတွေမှာ ဆွဲဆောင်အားကောင်းကောင်းနဲ့ ပါဝင် အားဖြည့်ထားတဲ့ သရုပ်ဆောင်ကတော့ အသက် ၄၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Isaiah Mustafa ဆိုသူဖြစ်ပြီး အရင်က ဘောလုံးအားကစားသမားဟောင်း တစ်ဦး ဖြစ်ပါတယ်။
သူ့ကို Old Spice ရဲ့ Television Commercials တွေနဲ့ The Man Your Man Could Smell Like ဆိုတဲ့ ကြော်ငြာစီးရီးတွဲတွေမှာ အဓိက သရုပ်ဆောင်အဖြစ် လူသိများကြပါတယ်။
ဒီပုံတွေကို Wieden+Kennedy ဆိုတဲ့ အမေရိကန် ကြော်ငြာအေဂျင်စီတစ်ခုက လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပြီး ဓာတ်ပုံရိုက်ကူးပေးတဲ့ သူကတော့ Hugh Kretschmer ဆိုသူ ဖြစ်ပါတယ်။
ကြော်ငြာဖန်တီးရာမှာ ရေပန်းစားလာတဲ့ 3D Hologram Fan
ဓာတ်ပုံတွေကို Old Spice Fiji Campaign, Old Spice Komodo Campaign နဲ့ Old Spice Matterhorn Campaign ဆိုပြီး နာမည်တစ်ခုချင်းစီလည်း ပေးထားပါတယ်။
Procter & Gamble ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ Old Spice ရဲ့ ၁၄ နာရီကြာ ဗွီဒီယိုတစ်ခု လွှင့်တင်ခဲ့ပြီးတဲ့နောက်မှာ ဂင်းနစ်စံချိန်သစ်လည်း တင်ခဲ့ပါသေးတယ်။
ဒီကုမ္ပဏီကို ၁၉၃၇ ခုနှစ်မှာ James Gamble နဲ့ William Procter တို့က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၈၂ နှစ်ကျော် သက်တမ်းရှိနေပါပြီ။
Su Mon Oo