-->
×
Warning
JUser: :_load: Unable to load user with ID: 29
အိန္ဒိယအစိုးရသည် ဆိုရှယ်မီဒီယာကုမ္ပဏီများအား မှားယွင်းသော သတင်းအချက်အလက်ဖြန့်ဝေမှုနှင့်အတည်မပြုရသေးသော အချက်အလက်များ ဖြန့်ဖြူးခြင်းကို တားဆီးရန်နှင့်မတ်လ ၂၀ ရက်တွင် သတင်းအတုများ ဖြိုခွင်းရန်အတွက် ၎င်းရဲ့ ကိုယ်ပိုင်အရာရှိများကို အကြံဥာဏ်ပေးခဲ့ပါတယ်။
Burger King Franceကြော်ငြာတဲ့ Whopper recipe
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
အိန္ဒိယနိုင်ငံတွင် Coronavirusနှင့်ပတ်သက်သော သတင်းအမှားတွေကို တိုက်ဖျက်ဖို့ chatbotနှင့်news hubကို စတင်မိတ်ဆက်လိုက်တဲ့ Facebook
Coronaavirus နှင့်ပတ်သက်သောသတင်းအတုများကိုဖြိုဖျက်နိုင်ရန်အတွက် Facebookက အသိပေးမှုမြင့်မားစေရန်၊မှန်ကန်တိကျသော သတင်းအချက်အလက်များကို ဖြန့်ဝေရန် Corona Helpdesk Chatbot ကို အိန္ဒိယရှိ၎င်းရဲ့ Messenger ပလက်ဖောင်းပေါ်တွင် ဖန်တီးခဲ့ပါတယ်။
အိန္ဒိယအစိုးရသည် ဆိုရှယ်မီဒီယာကုမ္ပဏီများအား မှားယွင်းသော သတင်းအချက်အလက်ဖြန့်ဝေမှုနှင့်အတည်မပြုရသေးသော အချက်အလက်များ ဖြန့်ဖြူးခြင်းကို တားဆီးရန်နှင့်မတ်လ ၂၀ ရက်တွင် သတင်းအတုများ ဖြိုခွင်းရန်အတွက် ၎င်းရဲ့ ကိုယ်ပိုင်အရာရှိများကို အကြံဉာဏ်ပေးခဲ့ပါတယ်။
အိန္ဒိယတွင် ဗိုင်းရပ်စ် ဖြစ်ပွားမှုကို ပထမဆုံးအကြိမ်ရှာဖွေတွေ့ရှိကတည်းက ပလက်ဖောင်းများတစ်လျှောက်တွင် Coronavirus နှင့်ပတ်သက်သော သတင်းအမှားများ၊သတင်းအတုများ ပိုမိုများပြားလာပါတယ်။
ဥပမာအားဖြင့် ရိုက်တာသတင်းဌာနမှ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို တွေ့ရှိပြီး နောက်နှစ်ရက်အကြာတွင် အိန္ဒိယအမျိုးသားတစ်ဦးသည် Kolkata ၌သေဆုံးခဲ့သည်ကို အစီရင်ခံခဲ့ပါတယ်။၎င်းသည် လူရဲ့မီးသင်္ဂြိုဟ်ခြင်းကို ရပ်တန့်ရန် နာရီပေါင်းများစွာ ရဲများနှင့်တိုက်ခိုက်နေသည့် လူအုပ်သည် coronavirus ကိုပျံ့နှံ့စေပြီး အသက်အန္တရာယ်ကိုဖြစ်စေတယ်လို့ ဆိုပါတယ်။ဖေ့စ်ဘွတ်ခ်တွင် သုံးစွဲသူများသည် ထိုသူရဲ့ အမေရိကန် အခြေစိုက်သားနဲ့အမေရိကန်ဇနီး တို့နှင့်အတူ မြို့တော်သို့ ဗိုင်းရပ်စ်များ သယ်ဆောင်လာတယ် စွပ်စွဲခဲ့ပါတယ်။
ဖေ့စ်ဘွတ်မှာ သတင်းမှားများကို ဖြန့်ဝေရန် အသုံးပြုခြင်းက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ WhatsAppသည် အိန္ဒိယတွင် လူစုလူဝေးအကြမ်းဖက်မှုနှင့်လူသတ်မှုများတွင် ထည့်သွင်းရေးသားထားသော မှားယွင်းသောသတင်းပို့ခြင်းနှင့် အမုန်းစကားပြောဆိုခြင်း အတွက် အဓိကလမ်းကြောင်းဖြစ်လာပါတယ်။
ဗိုင်းရပ်စ်စိုးမိုးမှုကြောင့် ကြော်ငြာလုပ်ငန်းအပေါ် ထိရောက်မှုတွေရှိခြင်းက Nineရဲ့ မဂ္ဂဇင်းတွေကို ရပ်တန့်စေခဲ့
ဖေ့စ်ဘွတ်ခ်အသုံးပြုသူများသည် Corona Helpdesk Chatbot ကို စတင်ဝင်ရောက်နိုင်ပြီး စစ်မှန်သောသတင်းများ၊ တရားဝင်မွမ်းမံမှုများ၊ကြိုတင် ကာကွယ်မှုများနှင့် အရေးပေါ်ဖုန်းနံပါတ်များကို ဤ Chatbot မှတစ်ဆင့်ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။
Chatbot တွင် အင်္ဂလိပ်နှင့်ဟိန္ဒူဘာသာစကားစွမ်းရည်များရှိပြီး အသုံးပြုသူများသည် MyGov Corona Hub ရှိ Facebook စာမျက်နှာသို့သွားပြီး 'Start Started' စာရိုက်ခြင်းဖြင့် စကားပြောခြင်းကိုပြုလုပ်နိုင်ပါတယ်။ထိုအရာက ၎င်းတို့အား စုံစမ်းမှုတစ်ခုကို ဖြစ်စေဖို့ မကြာခဏ မေးသော မေးခွန်းများ ရွေးချယ်ရမှာဖြစ်ပြီး သို့မဟုတ် မေးခွန်းစာရင်းတစ်ခုမှရွေးချယ်ပါက စတင်အချက်ပြမှာဖြစ်ပါတယ်။
မေးခွန်းပေါ် မူတည်၍ အသုံးပြုသူများသည် မှန်ကန်သောသတင်းအချက်အလက်များကို ဗီဒီယို၊ သတင်းအချက်အလက် သို့မဟုတ် စာသားများဖြင့်လက်ခံရရှိမှာပါ။
Facebook India ၏ ဒုတိယဥက္ကဌနှင့်မန်နေးဂျင်းဒါရိုက်တာ Ajit Mohan က“ ဒီခက်ခဲတဲ့အချိန်တွေမှာ လူတွေဟာ ကျွန်တော်တို့ မိသားစုအက်ပလီကေးရှင်းတွေကို သူငယ်ချင်းတွေ၊ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေနဲ့အဆက်အသွယ်လုပ်ဖို့ အရင်ကထက်ပိုပြီးအသုံးပြုနေကြပါတယ်။
ဝန်ကြီးဌာနအသီးသီးရှိ အစိုးရများအား ဆက်သွယ်ရေးကိရိယာများနှင့်အရင်းအမြစ်များကို ပြည်သူလူထုအား လုံခြုံမှုရှိစေရန်နှင့်သတင်းပေးပို့နိုင်ရန် အတွက် ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်တဲ့ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီမျှဝေရန် အခွင့်အလမ်းပေးတဲ့အတွက် ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ တိုင်းပြည်ရဲ့ ကြိုးစားအားထုတ်မှုကို ကျွန်တော်တို့ တတ်နိုင်သမျှ ဆက်လုပ်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
Reference Source:The Drum
Myanmar Advertising Directory
Published in Global
Facebookသည် အသေးစားစီးပွားရေးလုပ်ငန်း ထောက်ပံ့ငွေများနဲ့ကြော်ငြာခရစ်ဒစ်များသို့ ဒေါ်၁၀၀မီလီယံထုတ်ပေးခြင်းအားဖြင့် ၎င်းရဲ့Covid-19 ရည်ရွယ်ချက်ကိုတွေ့ရှိ
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ပုံစံအသစ်နဲ့ ထုတ်ဖော်လိုက်တဲ့ Tiger Bar Snacks
ကမ္ဘာပေါ်မှာ ယမကာနဲ့ကင်းတဲ့ လူသားဟာ အန်မတန်မှ ရှားပါးပါတယ်။တချို့ကဆေးဖြစ်ဝါးဖြစ်မှီဝဲကြသော်လည်း တချို့က အလွန်အကျွံသောက်သုံးကြပါတယ်။ထို့ကြောင့် အမှတ်တံဆိပ်ကုမ္ပဏီတွေက သူများနဲ့မတူ တမူထူးခြားအောင်အသစ် အသစ်တွေဖန်တီးကာ သုံးစွဲသူဖောက်သည်တွေကို ဆွဲဆောင်ကြပါတယ်။ယခုအခါမှာတော့
Tiger Beer’s snacks အမှတ်တံဆိပ်၊ Tiger Bar snacksဟာ နယူးဇီလန်မှာရှိတဲ့ သူ့ရဲ့အာရှအမွေအနှစ်ကို ပလက်ဖောင်းအသစ်တစ်ခုအနေနဲ့ သိသာထင်ရှားအောင် ပြသခဲ့ပါတယ်။
McDonald'sနဲ့Starbucks တို့ရဲ့ "to go" ဗျူဟာဖြင့် ဈေးကွက်ဖြန့်ကျက်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ မှုကို လျော့နည်းစေ
Colenso BBDO မှဖန်တီးထားသော East Of What You Knowဟုခေါ်သောပလက်ဖောင်းသည် Tiger Bar Snacks အဆိုအရ လူတွေကို“ထူးဆန်းပြီး ကွဲပြားခြားနားသော နည်းလမ်းများဖြင့် လက်ခံခြင်း” ဖြစ်စေရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။
Magdalena Wosinska မှရိုက်ကူးသည့် အရှေ့ပိုင်း တက်တူးအနုပညာရှင်များ၊ အကသမားများ၊ DJsများ နှင့် rappers များပါဝင်ထားသည့် out-of-home အီလက်ထရစ် စီးရီးကိုအကောင်အထည်ဖော်ခြင်း နှင့်အွန်လိုင်းဗီဒီယိုများမှတဆင့် ၎င်းsnack campaignကိုပြုလုပ်ထားပါတယ်။
"ဒီcampaignက ကမ္ဘာပေါ်ရှိ Tigerရဲ့လန်းဆန်းစေသောအမြင်ကို ထပ်မံ အလေးပေးရုံတင်မကဘဲ ကျွန်ုပ်တို့သောက်သုံးသူများကို အမှန်တကယ် တွေ့ကြုံခံစားစေတဲ့ နည်းလမ်းသစ်တစ်ခု ပေးပြီး သူတို့သိထားတဲ့ အရှေ့နိုင်ငံ ကအတွေ့အကြုံတစ်ခုခုကို မျှဝေမှာဖြစ်ပါတယ်။ "လို့ DB Breweries Ltd. ရဲ့ ဈေးကွက်ရှာဖွေရေးဒါရိုက်တာ Sean O'Donnell ကပြောကြားသွားခဲ့ပါတယ်။
ဤဆောင်းပါးသည် နယူးဇီလန်၊ကြော်ငြာခြင်း၊ဒီဂျစ်တယ်၊ဒီဂျစ်တယ်ကြော်ငြာခြင်း၊ဈေးကွက်ရှာဖွေရေး၊မိုဘိုင်း၊ထီထွင်မှူနှင့် အမှတ်တံဆိပ်တို့ကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
Myanmar Advertising Directory
Published in Global
ဝယ်ယူနိုင်ချေရှိတဲ့ စားသုံးသူတွေထံကို ရဖို့ဆိုရင် သင့်ရဲ့ Text Ads တွေက တိကျဖို့၊ တစ်ခုခုလုပ်ဆောင်နိုင်ရန်တိုက်တွန်း ဖို့နဲ့
ဆီလျော်ဖို့လိုပါတယ်။ ဆရာ့ဆရာများ လုပ်လေ့ရှိတဲ့ ဥပမာလေးတွေကို ကြည့်လိုက်ရအောင်….
Published in How To
စမတ်ပစ္စည်းအသစ်မျိုးစုံဟာလူသားတွေရဲ့နေ့စဉ်ဘဝကိုချည်းနည်းဝင်ရောက်လာပါတယ်။အခုလည်း စမတ်ပစ္စည်းမျိုးစုံ ထုတ်နေတဲ့ Xiaomi က နောက်ထပ် ထူးထူးခြားခြား စမတ်ပစ္စည်း အသစ်တမျိုးကို မူပိုင်ခွင့်တင်လိုက်ပြန်ပါတယ်။ တခါမှတောင် မကြားဖူးတဲ့ “စမတ်မာဖလာ” ပါ။
Published in Global
ဒီတစ်ခေါက်မှာတော့ iPhone ဝယ်ထားတာမကြာသေးတဲ့သူတွေ၊ လက်ရှိမှာသုံးနေတဲ့သူတွေအတွက် iPhone တစ်လုံးကို Smart ကျကျသုံးချင်တယ်တယ်ဆိုရင် သိထားသင့်တဲ့ Setting တွေအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Published in Tips
မြန်မာနိုင်ငံမှာ (၅၆)မီလီယံလောက်ဟာ မိုဘိုင်းဖုန်းကိုအသုံးပြုနေကြတာဖြစ်ပါတယ်။
Published in Tips
အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများရှိ ဖုန်းဖြင့်အင်တာနက် အသုံးပြုသူဦးရေသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ၇ ဆအထိ မြင့်တက်လာနိုင်ကြောင်း Ericsson Mobility Report June 2019 မှ သိရသည်။
Published in Local