Facebook page မှာ ကြော်ငြာလုပ်နေသူတွေအတွက် ဘာတင်ရမလဲမသိတော့ဘူး၊ အိုင်ဒီယာတွေလဲကုန်ပြီဆိုသူများအတွက် Social Media မှာ ပို့စ်တင်ဖို့ idea (၃၅) ခုကိုဖော်ပြပေးလိုက်ပါတယ်။
လူမှု့မီဒီယာပေါ်တွင် ဈေးကွက်ရှာဖွေခြင်းဟုခေါ်သော Social Media Marketing ကို ယနေ့ခေတ်မှာဆိုရင်တော့ လူတိုင်းလုပ်ဆောင်နေကြပြီပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ Effective အဖြစ်ဆုံး Social Media တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ ပစ္စည်းကြော်ငြာတွေ၊ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကြော်ငြာတွေကို အခုနောက်ပိုင်းမှာ အသုံးများလာတာတွေ့လာကြရမှာပါ။
တိုက်ရိုက်သုံးစွဲသူ ဒါမှမဟုတ် စားသုံးများထံသို့ လုပ်ငန်းရှင်များရဲ့ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အကြံဥာဏ်များ အလွယ်တကူရောက်ရှိသွားရန် အလွန်အရေးကြီးပါတယ်။
ကျွန်တော်က Facebook, Instagram နဲ့ အခြားသော Social Media အားလုံးကို အလွံအကျွံ ၊ နေ့ညမအိပ် သုံးစွဲခဲ့ဖူးသလို Mobile Phone မကိုင်ပဲ ဘာ Internet မှမသုံးပဲ နေဖြစ်ခဲ့တဲ့ကာလတွေလည်းရှိခဲ့တယ်။ အဲ့အတွက် Social Media သုံးခြင်း၊ မသုံးခြင်းက လူတစ်ယောက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်လဲ ကြည့်ကြရအောင်...
Social Media အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မယ့် ကောင်းကျိုးတွေကတော့...
(၁) အိပ်ချိန်၊ ထချိန် တိကျလာတယ်။ တချို့နေ့တွေမှာဆို မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ဖြစ်တာမျိုးတောင်ရှိတယ်။
(၂) မိသားစုနဲ့ပတ်ဝန်းကျင်က လူတွေနဲ့ပိုအချိန်ဖြုန်းဖြစ်တယ်။ ကိုယ့်ဘေးနားက လူတွေကိုပိုဂရုစိုက်လာနိုင်တယ်။
(၃) ဘာမှလုပ်စရာမရှိလှတော့ စာအုပ်တွေသေချာဖတ်ဖြစ်တယ် ။
(၄) Social Medias ပေါ်က သူများတွေရဲ့ဘဝတွေ၊ မျိုးစုံသုံးဖြုန်းပြတာတွေ၊ Hate Speech တွေမမြင်ရတဲ့အတွက် လူကတော်တော် စိတ်အေးချမ်းသာရှိတယ်။
(၅) တတ်နိုင်သမျှ ကိုယ့်အလုပ်ကိုယ်လုပ်ဖြစ်လာတယ်။ ဂစ်တာတီးဖြစ်တယ်၊ ဟင်းတွေချက်ဖြစ်တယ်၊ အိမ်သန့်ရှင်းရေမကြာခဏ လုပ်ဖြစ်တယ်။
(၆) ဖုန်းမရှိနေတော့ခရီးသွားရတဲ့ အခါမျိုးတွေမှာဆို ပတ်ဝန်းကျင်သဘာဝတွေကို သေချာခံစားမိလာတယ်။
Read More>>> ဒီဂျစ်တယ်မားကတ်တင်းပြုလုပ်နေသူတွေ မဖြစ်မနေရှိသင့်တဲ့နည်းဗျူဟာများ
Social Media အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မယ့် ဆိုးကျိုးတွေကတော့...
(၁) ခေတ်ကိုလုံးဝ လိုက်မမှီတော့ဘူး။ တစ်ခုခုသိချင်ရင် လက်ဖက်ရည်ဆိုင်ထိုင်၊ ဂျာနယ်ဝယ်ဖတ်ရတယ်။
(၂) ဝေးနေတဲ့ဘော်ဒါတွေနဲ့ လုံးဝအဆက်အသွယ်ပြတ်သွားတယ် ။
(၃) တချို့ရက်တွေမှာ တော်တော်အထီးကျန်တယ်လို့ ခံစားရတယ် ။
(၄) ဆော်မရတော့ဘူး။
ဒါကတော့ Social Media သုံးခြင်း၊ မသုံးခြင်းက လူတစ်ယောက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရရနိုင်မလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
Credit ; လူငယ်မီဒီယာ
ယခု ဆိုရှယ်မီဒီယာခေတ်ကြီးမှာ Online Shopping လို့ခေါ်တဲ့ အွန်လိုင်းအရောင်းဆိုင်တွေ အများအပြားမြင်တွေ့ရမှာပါ။