မြန်မာနိုင်ငံမှာ အသုံးများဆုံး လူမှုမီဒီယာကဘာလဲ လို့မေးလိုက်တာနဲ့ ပရိသတ်အားလုံးရဲ့အဖြေက ~~~~~~
Facebook လို့တညီတသံတည်း ထွက်ကြမှာပါ။
Sharablee သည် ၂၀၁၃ ခုနှစ်ကစပြီး Facebook, Instagram နှင့် Twitter တို့မှာ တင်ထားတဲ့ Brand အမှတ်တံဆိပ်တွေရဲ့ likes, comments shares တွေနဲ့ review တွေ နဲ့ အခြားလူမှုရေးလုပ်ရပ်များကိုရေတွက်ခဲ့ပါတယ်။
Website traffic အတွက် Social Media
အခု အမှတ်စဉ်(၁)မှ Social Media အကြောင်းကို တင်ပြလိုပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ ရေပန်းအစားဆုံးက Facebook ဖြစ်ပါတယ်။ ပြီးရင် Instagram လာမယ်။
တခြား ဆိုရှယ်မီဒီယာတွေကတော့ Twitter ရှိမယ်။ TikTok ဗီဒီယို ပလက်ဖောင်း ရှိမယ်။ Firework ဗီဒီယို ပလက်ဖောင်းရှိမယ်။ LinkedIn လည်း ရှိတယ်။
ဘယ်ဟာကို အဓိကထားပြီး သုံးမလဲ။ ကိုယ်တင်ပြချင်တဲ့ ပရိသတ် လာရောက်နေကျဖြစ်တဲ့ ဆိုရှယ်မီဒီယာကို သုံးကြတယ်။တစ်မျိုးတည်း သင်လုပ်ကိုင်ပေးနေတဲ့ Website မှာ traffic ရဖို့ အခြေခံအားဖြင့်နဲ့ အဓိကအားဖြင့် နည်းလမ်း ၇ သွယ်ဖြင့် လုပ်ကိုင်ပေးလို့ ရတယ်ဆိုတဲ့အကြောင်းကို တင်ပြခဲ့ပါတယ်။ အဲဒီ နည်းလမ်းခုနစ်သွယ်ကတော့
၁။ Social Media
၂။ Search
၃။ Email
၎။ ပူးပေါင်းလက်တွဲဆောင်ရွက်ခြင်း
၅။ ဖော်ပြချက်များ
၆။ ဖုန်းအဆင်ပြေ
သုံးရမယ်လို့ မဆိုလိုပါဘူး။
၇။Social Proof
တို့ ဖြစ်ပါတယ်။
သုံးလေးမျိုး စသဖြင့် ဖြန့်ကျက် သုံးစွဲနိုင်ပါတယ်။
Website ဟာ ဆုံချက်နေရာ Hub အဖြစ်ထားပြီး ဆိုရှယ်မီဒီယာတွေကို လက်တံရှည်ရှည် ထုတ်ပြီး ပရိသတ်ကို လက်လှမ်းမီအောင်လုပ်ပြီး Website ထဲ ရောက်လာအောင် ဆွဲသွင်းကြရတယ်။
ဒီတော့ ဆိုရှယ်မီဒီယာမှာ တင်ပြတဲ့အခါ အမြည်းသဘော ပါးပါးနပ်နပ်ဖြင့် တင်ပြဖို့ လိုတယ်။ ဥပမာ Facebook မှာ Like တွေ၊ မန့်တွေ များပြီး Engagement များနေပေမဲ့ တင်ပြထားတဲ့ website link ကို နှိပ်ပြီး website ထဲ ရောက်လာတာ နည်းပါးနေရင် လူများပြီး ပွဲမစည် ဖြစ်နေပြီ။ တစ်ခုခုတော့ မှားယွင်းနေပြီ။ တင်ပြပုံ လူခေါ်ပုံကို စာသားပြောင်းလဲ သုံးစွဲရတော့မှာ ဖြစ်တယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာ အမြည်းကျွေးပြီး website link ကို ပေးထားခြင်းဖြင့် ၀က်ဘ်ဆိုက်မှာ traffic ရအောင် လုပ်တဲ့အခါ ကိုယ်ပိုင် မီဒီယာ ကုမ္ပဏီတစ်ခုကို တည်ဆောက်နေတဲ့အတိုင်း ကြံစည်လုပ်ကိုင်ဖို့ လိုပါတယ်။
ထိပ်ဆုံးမှာ နေရာယူထားတဲ့ Facebook ကို နည်းနည်း ပြောကြည့်မယ်။
Facebook မှာ Like တွေ ရှိတယ်။ တင်ထားတဲ့ Post ကို Like တာကတစ်မျိုး၊ Facebook Page ကို Like တာကတစ်မျိုးဆိုပြီး နှစ်မျိုး ရှိတယ်။ Like က အရေးပါတာမို့ like တွေ တိုးအောင် လုပ်ကိုင်တဲ့အခါ ပေါ်ပေါ်ထင်ထင် LIKE လုပ်ခိုင်းတာမျိုးကို Facebook က သိရင် အရေးယူပါတယ်။ Community Standard ဆိုတဲ့ ကြိမ်လုံးကို ထုတ်သုံးပြီး နှက်ပါလိမ့်မယ်။
အဲဒါတွေက လူမြင်ကောင်းစေတယ်။ ၀ါကြွားပြီးသား ဖြစ်စေတယ်။ ဒါပေမဲ့ ရေရှည်အတွက် တကယ်အလုပ်ဖြစ်တာက Follower ဦးရေ ဖြစ်ပါတယ်။
Post ကို Like လုပ်တာထက် ရှယ်ပေးတာက ပိုအကျိုးထိရောက်တယ်။
Page ကို Like လုပ်တာထက် follow လုပ်တာက ပိုအကျိုး ထိရောက်တယ်။
Page Like တွေဟာ တစ်ခါ ကလစ်လုပ်ပေးပြီးရင် ရာသက်ပန် ဖြစ်ပါတယ်။
Follow က unfollow လုပ်ပြီး ကျောခိုင်းလို့ ရတယ်။ follow လုပ်ထားမှ သူ့ရဲ့ newsfeed မှာ ကိုယ့်page မှာ တင်ပြလိုက်တဲ့ post ကို Facebook က ပြသပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာ ပြသပေးတဲ့ အရေအတွက်က အတော်ကို နည်းသွားပါပြီ။
no money, no honey အသပြာ မပေးရင် မချိုမြိန် ဆိုတဲ့ လက်သုံးစကားကို လက်ကိုင်ထားပြီး ကျင့်သုံးနေပါတယ်။ များများမြင်စေချင်ရင် အသပြာပေးပြီး boost ဖို့ လိုပါတယ်။ ဒါပေမဲ့ အထိုက်အလျောက်တော့ အကျိုး ရှိပါတယ်။ ပေါက်အောင် ဖောက်နိုင်တဲ့ post မျိုးဆိုရင် ထောင်ချီတဲ့ အရေအတွက်ဖြင့် ရှယ်ကြတဲ့အခါ လူဦးရေ သောင်းဂဏန်း သိန်းဂဏန်း စသဖြင့် website ကို ရောက်လာကြအောင် ခေါ်သွင်းပေးပါတယ်။ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ traffic ရစေတာ ဖြစ်ပါတယ်။
အဲဒီလို အခြေအနေ အချိန်အခါအရ ဘယ်လိုဟာမျိုး တင်လိုက်ရင် ပေါက်သွားမလဲဆိုတာ အသေအချာ မသိနိုင်ဘူး။ ကံသေကံမ မပြောနိုင်ဘူး။ ဖြစ်နိုင်ဖွယ် ရှိတဲ့ဟာ လေးငါးမျိုးကို တင်ပေးပြီး သွေးတိုးစမ်းကြည့်ရမှာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာဖြင့် တစ်မျိုးမျိုးက အလုပ်ဖြစ်သွားနိုင်ပါတယ်။
Facebook မှာ post တင်ပြီး website link ကို ချကျွေးထားတဲ့အခါ အဲဒီ post ကို အခြား ဆိုရှယ်မီဒီယာတွေမှာလည်း ရှယ်ပေးပြီး အဲဒီ ဆိုရှယ်မီဒီယာ အသိုင်းအ၀ိုင်းမှာ မြင်အောင် သိအောင် လုပ်ပေးနေဖို့လည်း လိုပါတယ်။ ဥပမာ facebook မှာ တင်ထားတဲ့ post ကို twitter မှာ လှမ်းရှယ်လိုက်တာမျိုးကို ပုံမှန် လုပ်ပေးနေဖို့ လိုပါတယ်။
ဒီနေရာမှာ သတိထားပြီး ဆင်ခြင်ဖို့ လိုအပ်တာက ကိုယ့် ပရိသတ်နဲ့ ကိုက်ညီတဲ့ဟာမျိုးတွေကိုသာ Website ပေါ် တင်ပြရမှာဖြစ်ပြီး လူများများ ရရင်ပြီးရောဆိုပြီး လူကြိုက်များမယ့်ဟာမျိုးတွေ တင်ပြခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို စည်းကျော် စည်းဖောက်ပြီး လူခေါ်တာမျိုးဟာ ရေပွက်ပမာ ခဏတာသာ လူများပြီး ရေရှည်မှာ အမာခံ ပရိသတ်ကို ရရှိစေမှာ မဟုတ်ဘူး။
နောက်တစ်ချက် ဆင်ခြင်ရမှာက စာနဲ့တွဲပြီး တင်တဲ့ ပုံဟာ ဉာဏ်ရည်တု Artificial Intelligence နဲ့ စစ်ဆေးရင် အဆင်ပြေတာမျိုးကို သုံးသင့်ပါတယ်။ AI က နားမလည်ရင် newsfeed တွေ ဖြန့်ပေးတဲ့ ပမာဏ သိသိသာသာ လျော့ကျမှာ ဖြစ်ပြီး ပျံ့နှံ့မှု မရနိုင်တော့ဘူး။ ပုံမှာ စာသားတွေ ဖော်ပြထားတာဟာလည်း ပျံ့နှံ့အောင် ဖြန့်ချိပေးတဲ့အခါ လျှော့ချခံရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးက ဓာတ်ပုံ ရှင်းရှင်းလင်းလင်းကို သုံးစွဲတာ ဖြစ်ပါတယ်။
စာသားမှာ #နဲ့ စာလုံးတွေ ထည့်ပေးပြီး ရှာဖွေရင် တွေ့နိုင်ဖို့ကိုလည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို အမှတ်စဉ်(၂) Search အကြောင်း ဖော်ပြတဲ့အခါ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
Facebook မှာ group တွေ ရှိတယ်။ ကိုယ်တိုင်လည်း group တွေ ထူထောင်ပြီး ၀ါသနာတူသူတွေ စိတ်ဝင်စားမှု အကြောင်းအရာ တူသူတွေကို စုဆောင်းထားရမယ်။ သူတစ်ပါး ထူထောင်ထားတဲ့ group တွေမှာလည်း ပါဝင်ပြီး ကိုယ့် ၀က်ဘ်ဆိုက်မှာ တင်တဲ့ post တွေကို အဲဒီ group နှစ်မျိုးစလုံးမှာ ရှယ်ပေးခြင်းဖြင့်လည်း traffic ကို သိသိသာသာ တိုးစေတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။
ယခုလို နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ စီးပွားရေးတွေကိုလည်း နယ်ပယ်မျိုးစုံမှာအပြိုင်အဆိုင် တိုးချဲ့လုပ်ကိုင်နေကျတာကိုလည်းတွေ့မြင်ရမှာပါ။
Digital Marketing နယ်ပယ်မှာဆိုရင်လည်း အရင်ကထက် ပိုမိုလုပ်ကိုင်လာတာကိုတွေ့ရပါတယ်။
Quentin Tarantino ဟာ ဘရက်ပစ်၊ လီယိုနာဒိုဒီကာပရီယိုနဲ့ မာဂေါ့ရူဘီတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Once Upon a Time in Hollywood ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်သလို ရုပ်ရှင်ထဲမှာလည်း သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မကြာသေးခင်ကတော့ Quentin Tarantino ဟာ Once Upon a Time in Hollywoodရုပ်ရှင်ပရီးမီးယားပွဲအတွက် မော်စကိုကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
Twitter ပေါ်မှာ Business စတင်လုပ်ကိုင်မယ့် လုပ်ငန်းတွေ အတွက် ဆန်းသပ်နိုင်ဖို့ အတွက် ဒီအချက်လေးတွေကို မျှဝေပေးခြင်းဖြစ်ပါတယ်။
လူမှုကွန်ရက်များonlineပေါ်တွင် အလွန်ခေတ်စားလာသော်လည်း Website တို့၏အခန်းကဏ္ဍကို ပစ်ပယ်၍မရသေးပါ။ စီးပွားရေးလုပ်ငန်း သို့မဟုတ် အသိပညာပေးလုပ်ငန်းတစ်ခုကို ထိထိရောက်ရောက်လုပ်ကိုင်မည်ဟုဆိုလျှင် Website တို့၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။
သင့်လုပ်ငန်းရဲ့ Website ဒါမှမဟုတ် Facebook page လို social media တွေမှာအသုံးပြုဖို့အတွက် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ သင်ရှာဘူးပါသလား။