Digital Marketing နယ်ပယ်မှာသင့်ရဲ့ Brand Awareness ကိုဘယ်လိုတိုးလာအောင်လုပ်မယ်ဆိုပြီးစဉ်းစားထားပါသလဲ?
Content တွေဟာ Digital Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ချက်ထဲမှာပါဝင်ပါတယ်။
ယနေ့ခေတ်မှာ Social Media Marketing ဟာစီးပွားရေးလုပ်ငန်းတွေအတွက် ထိပ်ဆုံးကရပ်တည်နေတဲ့ Marketing ဗျူဟာတခုပဲဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ် ဝန်ဆောင်မှုစတာတွေကို လိုချင်တဲ့ဈေးကွက်သို့ရောက်ရှိပြီး Customerတွေနဲ့လိုက်လျောညီထွေဖြစ်အောင်ဆက်ဆံနိုင်ရန်၊ ထုတ်ကုန်နှင့်ဝန်ဆောင်မှုတွေကိုမြှင့်တင်နိုင်ရန်အတွက် Social Media Marketing ဟာမရှိမဖြစ်လိုအပ်နေပါပြီ။
Digital Marketing ဆိုတာ တစ်နည်းအားဖြင့် Internet Marketing (သို့) Online Marketing (သို့) IT နည်းပညာဖြင့်ဈေးကွက်ထိုးဖေါက်ခြင်း (သို့) ၂၁ ရာစု ခေတ်သစ်ဈေးကွက်ရှာဖွေထိုးဖေါက်ခြင်း စနစ်လို့ လည်းခေါ်ကြတယ်။
Digital Marketing ကြီးစိုးလာတဲ့ နောက်ပိုင်းမှာဆိုရင် Business လုပ်ငန်းတွေဟာ ပြိုင်ဘက်တွေကို ယှဉ်နိုင်ဖို့အတွက်
Digital Marketing ထဲမှာပါဝင်တဲ့ Marketing နည်းလမ်းတစ်ခုခုကိုတော့ တွဲဖက်လုပ်ကိုင်နေကြပါပြီ။
Social Media ကနေတစ်ဆင့် Customer တွေကိုသင့်ရဲ့ Product Or Service ရဲ့ Information တွေကိုဖော်ပြနိုင်ခြင်း၊ Customer တွေရဲ့တုံ့ပြန်ချက်တွေအကြံပေးချက်တွေကို နားထောင် နိုင်ပြီး ထိုမှတစ်ဆင့် Customer Relationships ကိုတည်ဆောက်နိုင်ခြင်းစတဲ့အချက်တွေကြောင့် Social Media Marketing ဟာထိရောက်တဲ့နည်းလမ်းလို့ဆိုတာပါ။ အဲ့သလိုထိရောက်တဲ့ Social Media Marketing ဟာလွယ်ကူပါသလား ဆိုရင်တော့မလွယ်ကူပါဘူး။
Digital Marketing နယ်ပယ်ထဲက Social Media Marketing ဟာဆိုရင် သင့်စီးပွားရေးလုပ်ငန်း အတွက် ထိရောက်တဲ့ Marketing နည်းပညာ တစ်မျိုး ဖြစ်လာပါပြီ။
ဒါကြောင့် သင်ဟာ တကယ်လို့ Social Media Marketing ကိုအသုံးချပြီးသင့်ရဲ့ Product ဒါမှမဟုတ် Service ကိုဈေးကွက်ချဲ့ထွင်ဖို့ကြိုးစားနေတဲ့သူဆိုရင်
Online Shopping Pageတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ အတွက် Facebook Tool အချို့ကို ဖော်ပြပေးချင်ပါတယ်။ ဒီ Tool တွေက Business Run ရာမှာ အသုံးဝင်စေမယ့် Automated Ads Campaign Run တာတွေ၊ Book Appointment နဲ့ Video Editing အတွက်လည်း အသုံးပြုနိုင်မယ့် Tool တွေဆိုရင်လည်း မမှားပါဘူး။
Automated Ads
*************
ဒီ Tool နဲ့ဆိုရင် Facebook မှာ သင့်ရဲ့ Business အတွက် Marketing Plan တွေကို Customize လုပ်နိုင်မှာဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေနဲ့ သင်လိုချင်တဲ့ Business Goal ကိုရောက်ရှိဖို့ အခွင့်အလမ်းတွေလည်း ရရှိလာနိုင်ပါတယ်။ ဒီ Tool ရဲ့ အကောင်းဆုံး Feature တွေကို ပြောရမယ်ဆိုရင်တော့…
– မတူညီတဲ့ Version ၆ မျိုးနဲ့ သင့်ရဲ့ Ads တွေကို Automatically Create လုပ်နိုင်ခြင်း။
– သင့်ရဲ့ Business Category ကိုစိတ်ဝင်စားတဲ့ Audience Information ကို အခြေခံပြီး Ad Createလုပ်နိုင်ခြင်း။
– သင့်ရဲ့ Business Goal အတွက် သင့်လျော်မယ့် Budget ကို Recommendation ပြုလုပ်ပေးနိုင်ခြင်း။
– Run နေတဲ့ Ads Performance Action ရဲ့ Notification ကိုပို့ပေးခြင်း။
Manage Appointments
*****************
ဒီ Manage Appointments ရဲ့ ထူးခြားတဲ့ Feature တွေကတော့…
– Online Appointments တွေကို လက်ခံပေးခြင်း။
– Customer တွေဆီကို Messenger(သို့)Text Message နဲ့ Remind လုပ်ပေးခြင်း။
– Service List တွေကို Customize လုပ်နိုင်ခြင်း။
– Personal Calendar (သို့) အခြား Appointment Management Tool တွေထဲက Appointment တွေကိုSync လုပ်ပေးခြင်း။
Video Editing
**************
ဒီ Tool မှာပါတဲ့ Feature တွေကတော့…
– Video တွေကို Automatic Cropping လုပ်ပေးခြင်း။
– Video Trimming လုပ်နိုင်ခြင်း။
– Image And Text Overlays စစ်ပေးခြင်း။
Video Editing Tool ရဲ့ ရည်ရွယ်ချက်ကတော့ Business အတွက် လိုအပ်တဲ့ Video တွေကို ရိုးရှင်းတဲ့ Designနဲ့ မြန်မြန်ဆန်ဆန် ရရှိစေချင်တဲ့ ရည်ရွယ်ချက် ထည့်ပေးလိုက်တယ်လို့ ယူဆနိုင်ပါတယ်။
Facebook ရဲ့ Data မှတ်တမ်းတွေအရ January 2019 မှာ Facebook Platform ဟာ Small Business ပေါင်း 90 Million ရဲ့တည်နေရာဖြစ်နေပါပြီ။ Facebook ကတော့သူ့ရဲ့ အမာခံ တန်ဖိုးရှိတဲ့User တွေအတွက်အသုံးပြုမှုတွေတိုးတက်လာအောင်ပြုလုပ်ဖို့တော့ Commit လုပ်သွားခဲ့ပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံးAmazonသူဌေးကြီးဘေးဇော့ရဲ့ လူသိနည်းသောစိတ်ဝင်စားဖွယ်အချက်များ
Credit : SEO Myanmar
ယေဘုယျအားဖြင့် လုပ်ငန်းတစ်ခုတွင် LTV သည် CPA ထက်များမှသာ အမြတ်ရနိုင်ပြီး လုပ်ငန်း ချဲ့ထွင်နိုင်သော အနေထားသို့ ရောက်ရှိနိုင်သည်။ LTV : CPA အချိုးသည် ၁ ချိုး ၁ ချိုး ဖြစ်နေပါက သင်သည် အရောင်းမြှင့်တင်ရေးအတွက် အလွန်အကျွံသုံးနေခြင်းဖြစ်သည်။ LTV : CPA အချိုးသည် ၃ ချိုး ၁ ချိုး အနည်းဆုံးရှိမှသာ တွက်ခြေကိုက်နိုင်သည်။ အချိုးများလေလေ ပိုမိုအမြတ်ရသော်လည်း အမြတ်ရရှိရေး၊ ဈေးကွက်ရရှိရေး နှင့် ရေရှည်စီးပွားဖြစ်ရေး တို့ကို သဟဇာတဖြစ်အောင် စီမံသင့်သည်။
သင့်လုပ်ငန်းအတွက် Online Marketing Strategy တစ်ခုခုနဲ့ လုပ်ကိုင်ဖို့ ခြေလှမ်းစနေပြီလား? ဒါဆိုရင်တော့ သင့်လုပ်ငန်းအတွက် အောင်မြင်တဲ့ Online Marketing Strategy တစ်ခုရရှိဖို့ဆိုရင်တော့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို သိထားဖို့လိုပါတယ်…