Email marketing ဟာ Digital Marketing ရဲ့ အဓိကအစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို Email ပေးပို့ပြီးကြော်ငြာခြင်းတစ်မျိုးပါ။
Richard liu Qiangdang ဟာ JD.com ဆိုတဲ့ တရုတ်နိုင်ငံရဲ့ဒုတိယအကြီးဆုံး e-Commerce ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
SEO (သို့) Search Engine Optimization ဟာ Digital Marketing နည်းလမ်းတွေ ယှဉ်ပြိုင်ရာမှာ သင့်ရဲ့ ပြိုင်ဘက်တွေကိုကျော်ဖို့ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Internet အသုံးပြုသူပေါင်း (၂၁) သန်းထိ ရှိလာပြီဖြစ်ပါတယ်။ ဒီပမာဏဟာ ရန်ကုန်မြို့တစ်မြို့လုံးမှာရှိတဲ့ လူဦးရေရဲ့ (၄.၆) ဆတိတိ များတာဖြစ်ပါတယ်။
ကိုယ်ရောင်းချချင်တဲ့ ထုတ်ကုန်တစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို Facebook ပေါ်မှာ ပေါက်ဖို့အတွက် လုပ်ငန်းရှင်တွေကိုယ်တိုင် အသုံးချနိုင်တဲ့ များပြားလှစွာသော FB promotion အကြံဉာဏ်နဲ့ နည်းလမ်းတွေကို ပြောပြချင်ပါတယ်။
လက်ရှိအချိန်မှာ Wi-Fi Free ရတဲ့ နေရာတွေ ပေါများလာသလို၊ Data ခတွေလည်း သက်သာလာတာကြောင့် မြန်မာနိုင်ငံကနေ YouTube Video ကြည့်ရှုမှုနှုန်းကလည်း သိသိသာသာ မြင့်တက်လာနေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းကို Digital Platform တွေကနေ Marketing လုပ်မယ်ဆိုရင် YouTube Video တွေမှာ ကြော်ငြာဖို့ကိုလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချိန်ရောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ YouTube Video တွေမှာ ဘာလို့ ကြော်ငြာသင့်တာလဲလို့ မေးလာရင်တော့ YouTube က ဒီအားသာချက် (၅) မျိုးရှိနေလို့ပါလို့ ဖြေရမှာဖြစ်ပါတယ်။
၁။ Facebook မှာ ကြော်ငြာတာထက်ပိုပြီး အာရုံစိုက်မှုရတယ်
Facebook Video တွေထဲမှာလည်း အခုကိုယ့်ကြော်ငြာကို ထည့်သွင်းလို့ရပါတယ်။ ဒါပေမဲ့ Facebook ရဲ့ အလုပ်လုပ်ပုံအရ လူတွေကတခုတည်းကို အချိန်ကြာကြာ အာရုံမစူးစိုက်နိုင်ကြပါဘူး။ ကိုယ့်ရဲ့ News Feed မှာ နောက်ထပ် ဘာထပ်ပေါ်မလဲဆိုတာကိုပဲ လူအများက အာရုံရောက်နေကြတာကြောင့် အဲဒီလို အချိန်ကြာကြာ အာရုံမစိုက်နိုင်တာပါ။ YouTube မှာ Video ကြည့်တဲ့အခါမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ လူအများစုက ကိုယ်စိတ်ဝင်စား နှစ်သက်လို့ ဖွင့်လိုက်တဲ့ Video တစ်ခုကို အချိန်ပေးပြီး ဂရုတစိုက် ကြည့်တတ်ကြပါတယ်။ ဒါကြောင့် အဲဒီ Video ထဲမှာ ပေါ်မယ့် ကိုယ့်ကြော်ငြာကိုလည်း ပိုပြီးအာရုံစိုက်မှတ်မိနိုင်ချေ ပိုများပါတယ်။
၂။ သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေဆီ ရောက်ရှိနိုင်တယ်
ကမ္ဘာတဝန်းကနေ YouTube အသုံးပြုသူ အရေအတွက်ဟာ 1.3 Billion (၁.၃ ဘီလျံ) အထိရှိပြီး Internet သုံးစွဲသူ စုစုပေါင်းရဲ့ ၃ပုံ ၁ပုံနီးပါး ရှိပါတယ်။ မြန်မာနိုင်ငံကနေလည်း YouTube Video ကြည့်ရှု့သူအရေအတွက်ဟာ တစ်နေ့တစ်ခြားမြင့်တက်လျက် ရှိပါတယ်။ ဒါကြောင့် YouTube Video တွေမှာ ကိုယ့်ရဲ့ကြော်ငြာကို ထည့်သွင်းမယ်ဆိုရင် ကိုယ်ရွေးချယ်တဲ့ Target, Budget တို့အပေါ် မူတည်ပြီး သန်းနဲ့ချီတဲ့ လူတွေဆီကို ရောက်ရှိနိုင်ပါတယ်။
အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ မြန်မာ လွတ်မြောက်တော့မယ်လို့ ကမ္ဘာဘဏ်မှ ထုတ်ပြန်
၃။ စိတ်ဝင်စားစရာ Video တွေပိုများတယ်
YouTube ဟာ Facebook ထက် ပေါ်တာ ပိုစောသလို Video တစ်ခုတည်းပဲ မျှဝေတဲ့ Network ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတဝန်းက အနုပညာရှင်တွေ၊ နယ်ပယ်အသီးသီးက အတတ်ပညာရှင်တွေ၊ မီဒီယာကုမ္ပဏီကြီးတွေဟာ YouTube ပေါ်က သူတို့ရဲ့ Channel တွေကနေတဆင့် စိတ်ဝင်စားစရာ အရည်အသွေးမြင့် Video တွေကို ဝေမျှလျက်ရှိပြီး ကိုယ့်ရဲ့ ကြော်ငြာကို အဲဒီလို ကောင်းမွန်တဲ့ Video တွေထဲမှာ ထည့်သွင်းပြသနိုင်မှာပဲ ဖြစ်ပါတယ်။
၎။ ကိုယ်ရည်မှန်းတဲ့ သူတွေဆီရောက်အောင် Target တိတိကျကျပေးနိုင်တယ်
ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ ဆက်စပ်မှုရှိတဲ့ Video တွေကို ကြည့်ရှုသူတွေထံ ကိုယ့်ရဲ့ ကြော်ငြာရောက်ရှိအောင် အသက်အရွယ်၊ ကျား၊ မ၊ ကြိုက်နှစ်သက်မှု၊ တည်နေရာ စတာတွေကို Target ရွေးပြီး ကြော်ငြာထည့်သွင်းနိုင်တာကလည်း YouTube ရဲ့ အားသာချက်တစ်ခုပါ။ ဥပမာ မြန်မာတစ်ယောက်က YouTube မှာ သူကြည့်ရှု့နေတဲ့ အိမ်ခန်းအလှဆင်နည်း Video ထဲမှာ မြန်မာနိုင်ငံက Interior Design ကုမ္ပဏီကြော်ငြာကို ကြည့်ရှု့မိသွားမယ်ဆိုရင် ထိရောက်မှုဘယ်လောက်ရှိမယ်ဆိုတာ လွယ်လွယ်နဲ့ ခန့်မှန်းကြည့်နိုင်ပါတယ်။
၅။ မြန်မာနိုင်ငံကနေ ကြော်ငြာတဲ့သူ အရမ်းမများသေးဘူး
အပေါ်မှာပြောခဲ့သလို မြန်မာနိုင်ငံကနေ YouTube ကြည့်ရှုသူအရေအတွက် မြင့်တက်လာနေပေမယ့် YouTube Video ထဲမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းနဲ့ လုပ်ငန်းတွေ ကြော်ငြာထည့်သွင်းမှုကတော့ နည်းနေပါသေးတယ်။ Telenor, Ooredoo, MPT စတဲ့ Mobile Operator တွေနဲ့ လုပ်ငန်းကြီးတွေလောက်ပဲ YouTube မှာ ကြော်ငြာထည့်သွင်းနေပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းလေးတွေကတော့ ကြော်ငြာမှုနည်းနေပါသေးတယ်။ ဒါကြောင့် လူတိုင်းနီးပါး Boost လုပ်ကာ ကြောငြာနေတဲ့ Facebook မှာထက်စာရင် YouTube Video တွေထဲမှာ ထည့်သွင်းကြော်ငြာတာက အနည်းငယ် ကုန်ကျစရိတ် ပိုများနိုင်ပေမယ့် ထိရောက်မှု ပိုရှိနိုင်မှာပဲ ဖြစ်ပါတယ်။
Credit ; Amayapuya
Myanmar Advertising Directory