လက်တွေ့လုပ်ခြင်းထက် ပိုကောင်းတဲ့ သင်ယူမှုဆိုတာ မရှိသလောက်ပါပဲ။ အခုဆိုရင် လူငယ်အများစုဟာ ဒီစကားကို ရင်ထဲထည့်ပြီး ကျောင်းတက်ရင်း ကိုယ်ပိုင်ကုမ္ပဏီတွေထောင် စီးပွားရေးတွေ လုပ်နေကြပါပြီ။
သင့်အနေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းလေးတစ်ခု တည်ထောင်ချင်တယ်ဆိုရင် သင့်လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် ရေတိုရောရေရှည်အတွက်ပါ တိကျပြီးလက်တွေဆန်တဲ့ Idea တွေရှိထားသင့်ပါတယ်။
ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဝါရင်းဘတ်ဖတ်ဟာ ရင်းနှီးမြှပ်နှံရေးနယ်ပယ်မှာ ဘုရင်တစ်ဆူဖြစ်ပါတယ်။ သူ့ရဲ့ ရင်းနှီးမြှပ်နှံရေးဆိုင်ရာ နည်းလမ်းတွေဟာဆိုရင် ရင်းနှီးမြှပ်နှံမှုနယ်ပယ်ထဲ ဝင်ရောက်မယ့် လုပ်ငန်းရှင်တွေအတွက် အတုယူစရာကောင်းတဲ့ နည်းလမ်းတွေပါပဲ။ ဒီနည်းလမ်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ်သိတဲ့ နေရာမှာ မြှပ်နှံပါ
စတော့ခ်တစ်ခုမှာ ရင်းနှီးမြှပ်နှံမှုမလုပ်ခင် အရေးအကြီးဆုံးအချက်က ကိုယ်ရင်းနှီးမြှပ်နှံမယ့် ကုမ္ပဏီကဘာလဲ၊ ငွေဘယ်လို ရှာနေလဲဆိုတာကို တကယ်သိဖို့ပဲလို့ ဝါရင်းဘတ်ဖတ်က ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က နည်းပညာစတော့ခ်ရှယ်ယာတွေမှာ ရင်းနှီးမြှပ်နှံဖို့ ရှောင်တာပါ။ အကြောင်းကတော့ နည်းပညာကုမ္ပဏီတွေရဲ့ စီးပွားရေးပုံစံကို သူအပြည့်အဝနားမလည်တာကြောင့် ဖြစ်ပါတယ်။
၂။ စတော့ခ်မဝယ်ခင် စံနှုန်းတွေစာရင်းပြုပါ
ဘတ်ဖတ်ဟာ စတော့ခ်တစ်ခုရဲ့ တန်ဖိုးကို စံနှုန်းတစ်ခုတည်းနဲ့ ကြည့်ပြီး ဝယ်ဖို့ မဆုံးဖြတ်ပါဘူး။ တတ်နိုင်သမျှ စတော့ခ်တစ်ခုကို ဝယ်သင့်မဝယ်သင့် စံတွေနဲ့ငြိမှ သူဟာရင်းနှီးမြှပ်နှံမှု လုပ်ပါတယ်။ သူဟာ Price To Earning အချိုးကို အမြဲဂရုစိုက်တယ်လို့ ဆိုပါတယ်။
စီးပွားရေးစပ်တူလုပ်ကိုင်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ
၃။ အကြပ်ဆိုက်နေချိန်မှာ ကြံ့ကြံ့ခံဖို့
ရင်းနှီးမြှပ်နှံသူတွေဟာ အမြဲလိုလို အခက်အခဲတွေနဲ့ လက်ပွန်းတတီးဖြစ်နေတဲ့ သူတွေပါ။ စီးပွားရေးကြပ်တည်းနေတဲ့ ကာလမျိုးမှာ တောင့်ခံထားနိုင်ဖို့ ဘတ်ဖတ်ဟာ အမြဲပြင်ဆင်ထားပါတယ်။ စီးပွားရေးပျက်ကပ်ကာလနဲ့ ပျက်ကပ်အပြီးမှာ အခွင့်အလမ်းတွေကို သူရအောင် ရှာခဲ့ပါတယ်။ သူ့မှာက ရင်းနှီးမြှပ်နှံမှု အတွေ့အကြုံက ဆယ်ကျော်သက်အရွယ်ကတည်းက ရှိထားခဲ့တာပါ။
၎။ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတာကို စိတ်မပူနဲ့
ဘတ်ဖတ်ကတော့ စတော့ခ်ဈေးကွက်ဟာ ဆယ်စုနှစ်တစ်ခုလောက် Shut Down ဖြစ်သွားရင်တောင် လက်ထဲမှာ ကိုင်ပျော်တဲ့စတော့ခ်ပဲ ဝယ်ဖို့အဆိုပြုပါတယ်။ စတော့ ဈေးနှုန်းတွေဟာ ပြောင်းလဲမြဲ ပြောင်းလဲနေတာဖြစ်ပြီး ကုမ္ပဏီရဲ့ စီးပွားရေးဟာ အကောင်းဘက်ကို သွားနေတုန်းပဲဆိုရင် ဒါကို စိတ်ပူစရာ မလိုဘူးလို့လည်း သူက ဆိုပါတယ်။
၅။ သုတေသနလုပ်ပါ
ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်လာရင် ဘတ်ဖတ်ဟာ ကိန်းဂဏန်းတွေပေါ် အားကိုးပါတယ်။ အချက်အလက် အကြမ်းတွေကို စိစစ်ပြီး ကိန်းဂဏန်းတွေ ဖြစ်လာချိန်မှာ သူ ဘာကို ဆုံးဖြတ်ရမလဲဆိုတာကို ကြည့်ပါတယ်။ ဘတ်ဖတ်ဟာ တစ်နေ့ကို နာရီပေါင်းများစွာကြာအောင် သုတေသနလုပ်တယ်။ စာရေးတယ်။ ဈေးကွက်သစ်တွေကို ဖော်ထုတ်ပြီး လေ့လာထားတာ ဖြစ်လို့ တစ်ခုခုကို အမြန်ဆုံးဖြတ်လုပ်ဆောင်ရမယ်ဆိုရင် သူ့ ဘက်က ပြင်ဆင်ပြီးသား ဖြစ်နေပါတယ်။
Source; Kwee
Myanmar Advertising Directory
Social Media အသုံးပြုနေကျတဲ့ လုပ်ငန်းမှာ Cover Image က ဘယ်လောက်အရေးပါဝင်သလဲဆိုတာ လုပ်ငန်းရှင်တွေသိကြမှာပါ။
ပုံတစ်ပုံက စာလုံးတစ်ထောင်နဲ့ ညီတယ်လို့ ပြောကြပါတယ်။ မာဘိုရိုကြော်ငြာထဲက နွားကျောင်းသားပုံ၊ Puerto Rico နဲ့ ပြင်သစ်အတွက် Elliott Erwitt ရဲ့ပုံတွေက ဒါမျိုးသက်သေပြနိုင်တဲ့ နမူနာကောင်းတွေပါ။
ယနေ့ Social Media ခေတ်ကြီးမှာ Advertising Platform တွေ၊ Content တွေကလည်း များပြားသလို စီးပွားရေး လုပ်ငန်းတွေကလည်း ဘယ် Platform၊ ဘယ် Content ကို သုံးရမလဲဆိုတာ ဇဝေဇဝါ ဖြစ်လာပါတယ်။
ပထမဦးဆုံးအနေနဲ့ ကိုယ့် Product ရဲ့ အရည်အသွေးက အကောင်းဆုံးအနေအထားမှာ ရှိနေဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ကြော်ငြာရှင်တွေက ကိုယ့်ကုမ္ပဏီမှာပဲ ယုံကြည်စိတ်ချစွာနဲ့ ကြော်ငြာလာထည့်သွင်းမှာ ဖြစ်ပါတယ်။
Social Media တွေခေတ်စားလာတာတဲ့ ခေတ်ကြီးမှာ သင့်မှာဖုန်းတစ်လုံးရှိရုံနဲ့ ကုမ္ပဏီထောင်နိုင်ပါတယ်။ သန်းနဲ့ချီတဲ့ အမေရိကန်တွေ ချမ်းသာကြွယ်ဝခြင်းဟာ ရွှေတွင်း၊ ငွေတွင်းတွေ တူးမိလို့ ချမ်းသာခဲ့တာ မဟုတ်ပါဘူး။