-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆင်တူယိုးမှား ကုန်အမှတ်တံဆိပ် Twitter အနိုင်ရ

ဆင်တူယိုးမှား ကုန်အမှတ်တံဆိပ် Twitter အနိုင်ရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စင်ကာပူနိုင်ငံတွင် တည်ထောင်ထားသော နည်းပညာလုပ်ငန်း V V Technology သည် ၎င်း၏ ငှက်လိုဂိုအမှတ်တံဆိပ်ကို အမေရိကန်အခြေစိုက် Twitter မှ ကန့်ကွက်ထားသည့်အပေါ် အယူခံဝင်မှုကို တရားရုံးချုပ်က ပယ်ချလိုက်သည့်အတွက် ကုန်အမှတ်တံဆိပ်အဖြစ် မှတ်ပုံတင်ခွင့် မရနိုင်တော့ချေ။

.

မိုဘိုင်းအက်ပ် လုပ်ကိုင်သော လုပ်ငန်းသစ် V V Technology က အဝါရောင် ငှက်ပိတုန်းကို မှတ်ပုံတင်ရန် ၂၀၁၈ စက်တင်ဘာလတွင် လျှောက်လွှာတင်ခဲ့ပါသည်။ ထိုအခါ V V Technology က အယူခံ ဝင်ခဲ့ပါသည်။ 

.

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် Twitter သည် ၎င်း၏ ကန့်ကွက်မှုကို အကြောင်းကြားစာ တင်သွင်းခဲ့ပြီး အဓိက လက်ထောက် မှတ်ပုံတင်အရာရှိက Twitter ကို အနိုင်ပေးခဲ့သည်။

.

V V Technology ၏ အက်ပ်လိုဂိုသည်  ကုန်စည်နှင့် ဝန်ဆောင်မှုများ အမျိုးမျိုးအတွက် မှတ်ပုံတင်ရန် လျှောက်ထားခြင်းဖြစ်ရာ၌ အချို့မှာ Twitter ၏ အမှတ်အသားကို မှတ်ပုံတင်ထားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် အမျိုးတူ ဖြစ်နေသည်။ ၎င်းတို့တွင် ကွန်ပျူတာဆော့ဖ်ဝဲ အက်ပ်လီကေးရှင်းများ၊ ကြော်ငြာများ၊ အွန်လိုင်းဖိုရမ်များနှင့် ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းတို့ ပါဝင်သည်။

.

Twitter ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှာ တရားဝင် လုပ်ငန်းထူထောင်ခဲ့သည်။ နယူးယောက် စတော့အိပ်ချိန်းတွင်လည်း အများပိုင်လုပ်ငန်းအဖြစ် ၂၀၁၃ တွင် စာရင်းဝင်ခဲ့သည်။

ယနေ့ကမ္ဘာ့အကြီးဆုံးလူမှုရေးကွန်ရက်များထဲမှတစ်ခုဖြစ်သည့် Twitter ပလက်ဖောင်းကို Twitter Inc. က ပိုင်ဆိုင်ပြီး လည်ပတ်လုပ်ဆောင်နေကြောင်း တရားရေးကော်မရှင်နာ Goh Yihan က ပြောကြားခဲ့သည်။

.

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း Twitter ၏  ကမ္ဘာတစ်ဝှမ်းမှ ခန့်မှန်းခြေ နှစ်စဉ်ဝင်ငွေသည် ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂၂  ဘီလီယံမှ ၂၀၁၉  ခုနှစ်တွင် ကန်ဒေါ်လာ ၃.၄၆ ဘီလီယံအထိ ရှိခဲ့ပါသည်။ ကုမ္ပဏီသည် ကြော်ငြာနှင့် ပရိုမိုးရှင်းများတွင် ပမာဏများစွာ အကုန်အကျခံခဲ့သည်ဟု Goh Yihan က ပြောကြားသည်။ 

၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း တစ်နှစ်လျှင် ကန်ဒေါ်လာ ၇၁၇ သန်းမှ ကန်ဒေါ်လာ ၉၅၇ သန်းအထိ ကမ္ဘာတစ်ဝှမ်း စျေးကွက်ချဲ့ထွင်ခြင်းအတွက် သုံးစွဲခဲ့သည်။

Twitter ပလက်ဖောင်းသည် ၎င်း၏ မှတ်ပုံတင်ထားသော အမှတ်အသားနှင့် မူကွဲများဖြင့် လုပ်ငန်း လည်ပတ်နေသည်။ ပူးတွဲတည်ထောင်သူ Jack Dorsey က "Twitter ဆိုသည်မှာ ငှက်များ၏ တိုတိုတုတ်တုတ်ဖြင့် အရေးမပါ မည်မည်ရရ မဟုတ်သော အသံ‌ပြုသည့် ကျည်ကျည်ကြာကြာ မြည်သံ ဖြစ်ပါတယ်" ဟု ယခင်က ပြောခဲ့ဖူးသည်။

brand မဟာဗျူဟာသည် စတင်ထူထောင်စဉ်ကတည်းက စ၍ Twitter နှင့် ၎င်း၏ ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ၎င်းငှက်သင်္ကေတနှင့် ဆိုလိုရင်း ဖွင့်ဆိုချက်ကို ထပ်တူပြုခဲ့ပြီး ပျိုးထောင်ခဲ့သည်ဟု တရားရေးကော်မရှင်နာ Goh Yihan က ပြောကြားသည်။

ငှက်လိုဂို မူကွဲအမျိုးမျိုးကို ၎င်း၏ ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားခဲ့သည်မှာ ၂၀၀၆ ခုနှစ်ကတည်းက ဖြစ်သည်။

.

ငှက်ပြာနှင့် ငှက်ဝါတို့ကို ဘေးချင်းယှဉ်ထားပြီး ကြည့်လိုက်လျှင် မူကွဲနှစ်ခုဟု ထင်မှတ်မှားစရာ ဖြစ်နေသည်။ အမြင်မှာ ဆင်ဆင်တူနေသည်။ ဘေးတိုက်မြင်ရပုံ ဖြစ်နေခြင်း၊ ငှက်ငယ်များ ဖြစ်နေခြင်း၊ ပျံသန်းနေကြခြင်း စသည့်အချက်များ တူနေကြသည်။

  Twitter wins Twitter wins.png

 

ထင်ယောင်ထင်မှား ဖြစ်နေစေသဖြင့် တရားရေးကော်မရှင်နာ Goh က Twitter ကန့်ကွက်သည်ကို အနိုင်ပေးလိုက်သည်။

.

V V Technology က ငှက်ပြာနှင့် ငှက်ဝါတို့ ဦးတည်ထားပုံချင်း ကွဲလွဲသည်။ အကယ်၍ မျဉ်းဖြောင့်တစ်ကြောင်း ရေးဆွဲလိုက်ပါက ထိုအချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြောင်း တင်ပြသည်။

 

Twitter wins Twitter wins Twitter wins.png

 

 

Goh က ၎င်းတင်ပြချက်ကို ပယ်ချသည်။ မျဉ်းဖြောင့် ရေးဆွဲပုံအရ ဦးတည်ချက် ပြောင်းလဲနိုင်သဖြင့် ငှက်ကိုယ်ထည်ပေါ်မှာ မျဉ်းဆွဲရန် အကြောင်းမရှိဟု ပြောကြားသည်။

.

V V Technology က ငှက်နှစ်ကောင်လုံး ပျံနေကြသည်မှာ မှန်သော်လည်း ကိုယ်ထည်အနေအထားများ၊ တောင်ပံများ၊ ဦးခေါင်းအနေအထားများ ကွဲပြားကြောင်း တင်ပြသည်။

Goh က ၎င်းတင်ပြချက်ကိုလည်း ပယ်ချသည်။ ငှက်ပြာကိုယ်ထည်ကို မူကွဲအမျိုးမျိုးဖြင့် ရေးဆွဲနိုင်သည်။ ပုံသေကားကျ မဟုတ်သဖြင့် ငှက်ပြာမူကွဲဟု ထင်မှတ်မှားစေနိုင်သည်ဟု ဆိုသည်။

.

V V Technology က ငှက်ဝါသည် တောင်ပံ ၃ ခုပါသည်။ Twitter ၏ ငှက်ပြာသည် တောင်ပံတစ်ခုသာ ပါပြီး ငှက်မွေး ၃ ခု ကွဲကွဲပြားပြား ဖော်ပြထားသည်ဟု တင်ပြသည်။

Goh က ၎င်းတင်ပြချက်ကိုလည်း ပယ်ချသည်။

"ငှက်တစ်ကောင်မှာ မျိုးဗီဇ ပြောင်းတဲ့ မူကွဲမဟုတ်ခဲ့ရင် အတောင် သုံးချောင်း ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်အောင် ဖြစ်နေတယ်" ဟု Goh က ပြောကြားသည်။ 

ငှက်တစ်ကောင်မှာ တောင်ပံ ၃ ခု ရှိနေသည်မှာ မဖြစ်နိုင်သည့်အတွက် ငှက်မွေးများ ၃ ခု ကွဲနေသည်ဟုသာ အများသူငါတို့က ယူဆကြမည်သာ ဖြစ်သည်။

Source: CNA

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)