<<<Unicode>>>
ပုံစံအသစ်နဲ့ ထုတ်ဖော်လိုက်တဲ့ Tiger Bar Snacks
ကမ္ဘာပေါ်မှာ ယမကာနဲ့ကင်းတဲ့ လူသားဟာ အန်မတန်မှ ရှားပါးပါတယ်။တချို့ကဆေးဖြစ်ဝါးဖြစ်မှီဝဲကြသော်လည်း တချို့က အလွန်အကျွံသောက်သုံးကြပါတယ်။ထို့ကြောင့် အမှတ်တံဆိပ်ကုမ္ပဏီတွေက သူများနဲ့မတူ တမူထူးခြားအောင်အသစ် အသစ်တွေဖန်တီးကာ သုံးစွဲသူဖောက်သည်တွေကို ဆွဲဆောင်ကြပါတယ်။ယခုအခါမှာတော့
Tiger Beer’s snacks အမှတ်တံဆိပ်၊ Tiger Bar snacksဟာ နယူးဇီလန်မှာရှိတဲ့ သူ့ရဲ့အာရှအမွေအနှစ်ကို ပလက်ဖောင်းအသစ်တစ်ခုအနေနဲ့ သိသာထင်ရှားအောင် ပြသခဲ့ပါတယ်။
Colenso BBDO မှဖန်တီးထားသော East Of What You Knowဟုခေါ်သောပလက်ဖောင်းသည် Tiger Bar Snacks အဆိုအရ လူတွေကို“ထူးဆန်းပြီး ကွဲပြားခြားနားသော နည်းလမ်းများဖြင့် လက်ခံခြင်း” ဖြစ်စေရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။
Magdalena Wosinska မှရိုက်ကူးသည့် အရှေ့ပိုင်း တက်တူးအနုပညာရှင်များ၊ အကသမားများ၊ DJsများ နှင့် rappers များပါဝင်ထားသည့် out-of-home အီလက်ထရစ် စီးရီးကိုအကောင်အထည်ဖော်ခြင်း နှင့်အွန်လိုင်းဗီဒီယိုများမှတဆင့် ၎င်းsnack campaignကိုပြုလုပ်ထားပါတယ်။
"ဒီcampaignက ကမ္ဘာပေါ်ရှိ Tigerရဲ့လန်းဆန်းစေသောအမြင်ကို ထပ်မံ အလေးပေးရုံတင်မကဘဲ ကျွန်ုပ်တို့သောက်သုံးသူများကို အမှန်တကယ် တွေ့ကြုံခံစားစေတဲ့ နည်းလမ်းသစ်တစ်ခု ပေးပြီး သူတို့သိထားတဲ့ အရှေ့နိုင်ငံ ကအတွေ့အကြုံတစ်ခုခုကို မျှဝေမှာဖြစ်ပါတယ်။ "လို့ DB Breweries Ltd. ရဲ့ ဈေးကွက်ရှာဖွေရေးဒါရိုက်တာ Sean O'Donnell ကပြောကြားသွားခဲ့ပါတယ်။
ဤဆောင်းပါးသည် နယူးဇီလန်၊ကြော်ငြာခြင်း၊ဒီဂျစ်တယ်၊ဒီဂျစ်တယ်ကြော်ငြာခြင်း၊ဈေးကွက်ရှာဖွေရေး၊မိုဘိုင်း၊ထီထွင်မှူနှင့် အမှတ်တံဆိပ်တို့ကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
<<<Unicode>>>
Facebookသည် အသေးစားစီးပွားရေးလုပ်ငန်း ထောက်ပံ့ငွေများနဲ့ကြော်ငြာခရစ်ဒစ်များသို့ ဒေါ်၁၀၀မီလီယံထုတ်ပေးခြင်းအားဖြင့် ၎င်းရဲ့Covid-19 ရည်ရွယ်ချက်ကိုတွေ့ရှိ
Facebook သည်ငွေကြေးထောက်ပံ့မှုနဲ့ကြော်ငြာခရက်ဒစ်များ အတွက်ဒေါ်လာ ၁၀၀မီလီယံ အထိကမ်းလှမ်းခြင်းဖြင့် coronavirus ကပ်ရောဂါတစ်လျှောက်လုံးတွင် ၎င်းရဲ့အသေးစားစီးပွားရေးဖောက်သည်များအား ထောက်ပံ့ရန်ကတိပြုခဲ့သည်။
ပရိုဂရမ်၏အသေးစိတ်အချက်အလက်များကို ကုမ္ပဏီကဆက်လက်လုပ်ကိုင်နေပြီး ယခုအချိန်တွင်နိုင်ငံပေါင်း ၃၀ ကျော်မှအသေးစားစီးပွားရေးလုပ်ငန်းပေါင်း ၃၀,၀၀၀ ကိုဖွင့်လှစ်နိုင်တော့မှာလည်းဖြစ်ပါတယ်။
ငွေသည် ငွေသားနဲ့လည်းကောင်း ကြော်ငြာခရက်ဒစ်နဲ့လည်းကောင်း ပုံစံ ၂မျိုးဖြင့်လာမှာဖြစ်ပါတယ်။ ထောက်ပံ့ငွေများသည် ဝန်ထမ်းများငှားရမ်းခ၊ တိုက်ခန်းငှားရမ်းခနှင့်အခြားလုပ်ငန်း လည်ပတ်မှုစရိတ်များသာမက ဖောက်သည်များနဲ့လည်းချိတ်ဆက်ရန်ရည်ရွယ်ထားပါသေးတယ်။
လူမှုကွန်ယက်တွင် စိတ်ဝင်စားသော ပါတီများအား သီးသန့်မိုက်ခရိုဆိုက်တွင် မှတ်ပုံတင်ရန် ကြေညာထားပြီး အသေးစိတ်အချက်အလက်များကို မကြာမီမျှဝေသွားမှာပါ။
Mason's Gin အတွက် ကြော်ငြာအေဂျင်စီအဖြစ် ခန့်အပ်ခံရသော Finnအေဂျင်စီ
“ အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ ကျွန်တော်တို့အသိုင်းအဝိုင်းရဲ့ နှလုံးသားထဲက အရာတွေပါ။ ဒီစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်သူများစွာဟာ အကျပ်အတည်းကြောင့် အကြီးအကျယ်ထိခိုက်နေကြပါတယ်။
“ အကျပ်အတည်းပိုကြာလေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ပိုင်ရှင်တွေနဲ့
ဝန်ထမ်းတွေရဲ့အသက်မွေး ဝမ်းကျောင်းမှုအတွက် အန္တရာယ်များလေဖြစ်တယ်။ သူတို့ကိုဘယ်လိုကူညီရမယ်ဆိုတာကို ကျွန်တော်တို့ နားလည်အောင် စီးပွားရေးလုပ်ငန်းအသေးစားလေးတွေရဲ့ စကားသံကိုနားထောင်ပြီးဖြစ်တယ်။ ဘဏ္ဏာရေး အထောက်အပံ့က သူတို့ကို မျှော်လင့်ချက်မီးအလင်းရောင်ပေးမှာ ဖြစ်ပြီး
အလုပ်မလာနိုင်တဲ့သူတွေကို ပေးနိုင်မယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းကြားသိခဲ့ရပါတယ်။"
ထို့အပြင် Facebook က“ ဤအစီအစဉ်အသစ် နှင့် မငြိမ်မသက်ဖြစ်နေသော ပတ်ဝန်းကျင်တွင် လုပ်ငန်းလည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုရန်အတွက် virtual Training အသစ်” ကိုဖန်တီးနေသည်ဟု ၎င်းကပြောကြားခဲ့ပါတယ်။
ကုမ္ပဏီအနေဖြင့်လည်း Business Resource Hub ကိုဖွင့်လှစ်ထားပြီး ၎င်းတွင် 'Business Resilience Toolkit' နှင့် 'Quick Action Guide' ကဲ့သို့သော အကြောင်းအရာများပါရှိပါတယ်။
ဤအစီအစဉ်သည် Facebookကုမ္ပဏီကြီးအတွက် အမြတ်အစွန်းမယူတဲ့ ရေလည်ထူးခြားသောခြေလှမ်းဖြစ်ပါတယ်။
“ ကမ္ဘာအနှံ့ကလူတွေက ဒီအစီအစဉ်ကြားတဲ့အခါ တက်ကြွလာကြပါတယ်။အရှေ့မှာရှိတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေဆီကို ချီတက်ကြမယ်။ကျွန်တော်တို့လည်း ပါဝင်လုပ်ဆောင်ချင်ပါတယ်"လို့ Sandbergက ပြောကြားသွားပါတယ်။
ဤဆောင်းပါးသည် မြောက်အမေရိကား၊ ကိုရိုနာဗိုင်းရပ်စ်၊ Facebook၊ Sheryl Sandberg၊ ကြော်ငြာခြင်း၊ မီဒီယာနှင့် ဒီဂျစ်တယ်များကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
Reference Source: The Drum
<<<Unicode>>>
သင့်ရဲ့ စီးပွားရေးဗျူဟာမှာ Communityက အဓိကကဏ္ဍကနေ ပါဝင်နေနိုင်ပါတယ်။
ခင်ဗျားအဖွဲ့နဲ့ နောက်ဆုံးဆက်သွယ်တဲ့ အချိန်ကဘယ်အချိန်လောက်ဖြစ်မလဲ။ ကုမ္ပဏီများစွာအတွက် သတင်းအချက်အလက်လမ်းများက စကားလက်ဆုံပြောဆိုခြင်း နှင့်အဖွဲ့များနဲ့နက်နက်ရှိုင်းရှိုင်းဆက်သွယ်ခြင်းဖြစ်ပြီး ၎င်းအချက်အလက်များကို တန်ဖိုးထားရန် တဖြည်းဖြည်းပြောင်းလဲလာကြပါပြီ။
ဖွံ့ဖြိုးဆဲလုပ်ငန်းခွင်တွင် ထိရောက်စွာဆက်သွယ်ခြင်းက အလွန်အရေးကြီးပါတယ်။အရေးကြီး အချက်လက်တွေကို လုပ်ငန်းမှထွက်မယ့် ဝန်ထမ်းကိုပြောဆိုခြင်းကရှောင်ရပါမယ် ပြောမိရင်တော့ ဒါဟာ ဝန်ထမ်းဥပဒေကိုချိုးဖောက်တာပါပဲ။လိုအပ်သည့်အချက်အလက်ထက်ပိုမပြောပဲ အရေးကြီးအချက်များကိုလိုအပ်သည့် နေရာတွင်အသုံးပြုရပါမယ်။ဒါ့ကြောင့် ယနေ့ကမ္ဘာကြီးမှာ စကားပြောဆိုမှုက အဓိကသော့ချက်ပဲဖြစ်ပါတယ်။
ကမ္ဘာ့ ကြော်ငြာ လောက မှာ ငွေကြေး အများဆုံးအသုံးပြု ထားသော လုပ်ငန်းအမှတ်တံဆိပ်များ
မကြာသေးမီကပြုလုပ်ခဲ့သော webinar တွင် Facebook မှ Workplace နှင့် ပူးပေါင်း၍ ထိရောက်သောဆက်သွယ်ရေးသည် သင်၏အမှတ်တံဆိပ်နှင့်စီးပွားရေးလုပ်ငန်းကို အောင်မြင်မှုရစေမည့်နည်းလမ်းများဖြစ်တယ်လို့ လေ့လာချက်များအရ ပြောကြားခဲ့ပါတယ်။ Facebook အဖွဲ့မှအလုပ်ခွင်ဆိုင်ရာ EMEA ဈေးကွက်ရှာဖွေရေးဌာန၏အကြီးအကဲဖြစ်သော Cyrus Akrami နဲ့စကားစမြည်ပြောရာတွင် Michael Nutley က၎င်း Drumcast တွင် Communityရဲ့အင်အားကိုနက်နက်ရှိုင်းရှိုင်း ထိထိရောက်ရောက်လေ့လာခဲ့ပြီး သင်နဲ့ သင်ရဲ့ အဖွဲ့သည် တက်ကြွသောပတ်ဝန်းကျင် တစ်ခုဖန်တီးရန် ဘာကြောင့်အလွန်အရေးကြီးသည် ကိုပြောကြားသွားခဲ့ပါတယ်။
သတင်းများကို ဆက်လက်တင်ပြသွားပါမယ် ခင်ဗျာ။
ဤဆောင်းပါးသည် ကမ္ဘာ၊Workplace၊DrumCasts၊Facebook၊Communications၊Tools၊ဒီဂျစ်တယ်၊Entertainment၊မီဒီယာနှင့် လူမှုမီဒီယာများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
<<<Unicode>>>
Live-streamမှ ဈေးဝယ်လို့ရနိုင်တော့မယ့် Pomeloရဲ့ အက်ပလီကေးရှင်း
တိုးတက်လာတဲ့ ယနေ့လိုခေတ်မှာ စီးပွားရေးလုပ်ငန်းတွေက သူ့ထက်ငါ အပြိုင်ထီထွင်လာကြပြီပဲ ဖြစ်ပါတယ်။ယခုအခါမှာတော့ ဖက်ရှင်Brandဖြစ်သော Pomeloက သူတို့ရဲ့ အက်ပလီကေးရှင်းတွင် ဗီဒီယိုမှ ဈေးဝယ်နိုင်တဲ့ စနစ်တစ်ခုကိုထည့်သွင်းလိုက်တာက သုံးစွဲသူဖောက်သည်တွေကို ဆက်လက်ဆွဲဆောင်နိုင်ဖို့နဲ့ Brandတစ်ခုအနေနဲ့ နည်းပညာပြောင်းလဲမှုတွေအပေါ်မှာ ဖောက်သည်တွေ စိတ်ကျေနပ်နိုင်အောင် လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုအသစ်ကို သရုပ်ဆောင် မင်းသမီးDavika Hoorneနဲ့ ဒီအပတ် မတ်လ ၁၈ရက်နေ့မှာ Live-steam eventအထူးအစီအစဉ်နဲ့ စတင်မှာ ဖြစ်လို့ စာဖတ်ပရိသတ်များလည်း လက်လွတ်ခံလို့ မဖြစ်ပါဘူးနော်။
Pomeloက သူတို့appမှာ အရင်ကတည်းက Live-streamဝန်ဆောင်မှုနဲ့ စတင်ရောင်းချနေတာဖြစ်ပေမယ့် အခုကတော့ appကိုအသုံးပြုတဲ့ဖောက်သည်တွေကို ၎င်းဗီဒီယိုကနေ တိုက်ရိုက်ဝယ်ယူနိုင်အောင် စနစ်အသစ်ထပ်တိုး ရောင်းချတာပဲဖြစ်ပါတယ်။
ဗီဒီယိုပြသပြီး ရောင်းချနေချိန်မှာ customerတွေကို appက မော်ဒယ်ဝတ်ပြီးကြော်ငြာနေတဲ့ ပစ္စည်းတွေကို ဘေးကနေ iconလေးတွေနဲ့ ပြနေမှာဖြစ်ပြီး ဝယ်ယူချင်ရင် အဲ့iconလေးကို နှိပ်လိုက်ရုံပါပဲ။အရွယ်အစားတွေနဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ပိုက်ဆံမရှင်းခင် ရွေးချယ်နိုင်မှာလည်းဖြစ်တယ်။
အဆိုပါပြောင်းလဲမှုသည် Brandများကို ဒီဂျစ်တယ်အသွင်ပြောင်းယူမှု ဖြစ်စေပြီး သုံးစွဲသူများနှင့်
e-commerce ပတ်သက်သော မျှော်လင့်ချက်များဖြည့်ဆည်းရန် ကြိုးပမ်းနေသော လမ်းကြောင်းများပေါ်ကို ရောက်ရှိသွားခြင်းပဲဖြစ်တယ်။
ကိုရိုနာ ဗိုင်းရပ် ရောဂါဖြစ်နေချိန်မှာ သင့်စီးပွားရေး လုပ်ငန်းကို ဘယ်လိုလည်ပတ်အောင်လုပ်ယူလို့ ရမလဲ
Googleမှဆန်းစစ်လေ့လာထားသော သုံးစွဲသူဖောက်သည်များရဲ့ အပြောင်းအလဲအချို့ကို အခြေခံ၍ ၎င်းအကြောင်းအရာများ ပူးပေါင်းပါဝင်မှု နဲ့မျှဝေသည့် ကူးသန်းရောင်းဝယ်ရေး အတွက် မျှော်လင့်ချက်ကြီးထွားလာကြပြီလေ။ Pomelo ပြောကြားချက်အရ သူတို့က နာမည်ကြီးအောင်မြင်ကျော်ကြားသူတွေကို အသုံးပြုပြီး ဖောက်သည်တွေရဲ့စိတ်ဝင်စားမှုရအောင် ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
သရုပ်ဆောင်မင်းသမီးကို Live-streamမှာ အသုံးပြုပြီး အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေဖို့ သူမရဲ့ ပရိသတ်တွေနဲ့ စကားပြောကြမှာဖြစ်ပါတယ်။သူမက Pomelo's Collectionက ဘယ်အရာတွေကို ကြိုက်တယ် ဘာတွေကကောင်းတယ် စတာတွေပြောမှာ ဖြစ်ပြီး ဖောက်သည်တွေကို သူမရဲ့ဖက်ရှင်တွေ မျှဝေသွားမှာ ဖြစ်ပါတယ်။၎င်းအစီအစဉ်အသစ်ကို ဒီအပတ်မှာ ‘Live On Pomelo’ ရှိုးနဲ့ စတင်မှာဖြစ်ပြီး Pomelo Brandမှပစ္စည်းအသစ်တွေနဲ့ နာမည်ကြီးပစ္စည်းတွေကို ကြော်ငြာရောင်းချသွားမှာ ဖြစ်ပါတယ်။
ဤဆောင်းပါးသည် ထိုင်းနိုင်ငံ၊Ecommerce၊Live-streaming၊Digital Transformation၊ဈေးကွက်ရှာဖွေရေး၊Digitalနှင့်Brandများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
<<<Unicode>>>
ကိုရိုနာဗိုင်းရပ်စ် ဗီဒီယို ကြော်ငြာများကို ထူးခြားသောပုံစံနှင့် ပိတ်ပင်မည့် YouTube
YouTubeသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သတ်သော ဗီဒီယိုများကို U-turnပုံစံဖြင့် သူ၏လမ်းညွှန်ချက်များနှင့် မကိုက်ညီသောအကြောင်းအရာကြော်ငြာများကို လွန်ခဲ့တဲ့လက ပြောထားတဲ့အတိုင်း ပိတ်ပင်ရန်အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
ထို့ကြောင့် ဗိုင်းရပ်စ်နှင့်ဆိုင်သော ဗီဒီယိုStreamingဝန်ဆောင်မှုများကျဆင်းသွားခဲ့ပါတယ်။
၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု
ပြောင်းလဲမှုများကို အတည်ပြုပြီး YouTube အမှုဆောင်အရာရှိချုပ် Susan Wojcicki က“ လာမယ့်ရက်တွေမှာ coronavirus နှင့်ပက်သက်သော ကြော်ငြာများကို ချန်နယ်အရေအတွက်နဲ့ကန့်သတ်ထားမှာဖြစ်ပြီး အဲ့ကြော်ငြာဖန်တီးသူ၊သူ့ရဲ့ကိုယ်ပိုင်လက်မှတ်နှင့် သတင်းဖန်တီးသူရဲ့လုပ်ဖော်ကိုင်ဘက်များကိုပါ ပါဝင်ဖော်ပြထားမှာဖြစ်ပါတယ်။
"ဒီပြသနာက လူတွေနေ့တိုင်းစကားပြောတဲ့ထဲပါနေမယ့် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ သတင်းအဖွဲ့အစည်းများနှင့်ဖန်တီးသူများက အရည်အသွေးပြည့်ဝသော ဗီဒီယိုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ထုတ်လုပ်နိုင်အောင်သေချာစေချင်ပါတယ်။ "ဟုပြောကြားခဲ့ပါတယ်။
Coronavirusသတင်းအမှား များပျံ့နှံ့တာက လူတွေအကြားကြောက်ရွံမှုတွေဖြစ်လာစေပြီး trollများပြုလုပ်စေတယ်၊ပူးပေါင်းကြံစည်တဲ့အမြတ်ထုတ်မှုတွေဖြစ်စေတဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်တယ်။
ဒီအဖြစ်အပျက်တွေကိုခုတုံးလုပ်ပြီး သတင်းအမှားတွေနဲ့ နာမည်ကြီးအောင်ပြုလုပ်နေတာတွေကိုဖယ်ရှားရန်အတွက် ဖေ့စ်ဘွတ်ခ်၊ တွစ်တာတို့နဲ့ညှိနှိုင်းပြီးပြသနာများကိုပိုမိုပြင်းထန်စွာကိုင်တွယ်ခြင်းအားဖြင့်ပြဿနာတွေကိုတိုက်ဖျက်ဖို့ ပူးပေါင်းထားကြတာဖြစ်ပါတယ်။
ဤဆောင်းပါးသည် မြောက်အမေရိက၊ကုန်တံဆိပ်လုံခြုံရေး၊ကိုရိုနာဗိုင်းရပ်စ်၊YouTube၊ကြော်ငြာခြင်းနှင့် ဒီဂျစ်တယ်တို့ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
<<<Unicode>>>
Facebookမှ Face Maskကြော်ငြာများကိုပိတ်ပင်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ဖိနှိပ်မှုတွင် Amazonနှင့် eBayတို့ ပူးပေါင်းခြင်း
Facebookသည် ခွဲစိတ်ခန်းသုံးMaskများကို မူမမှန်ရောင်းချသည့်ဈေးသည်များ နှင့် ကိုရိုနာဗိုင်းရပ်စ်အပေါ် အမြတ်ထုတ်မည့်သူများကို ကာကွယ်တားဆီးဖို့ အားထုတ်မှုအတွက် နောက်ဆုံးပေါ် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
Facebook ဈေးကွက်တွင် လူမှုကွန်ရက်ရဲ့ဥပဒေနှင့်မညီသော ကြော်ငြာများကို နှိုင်းယှဉ်ပြီး ပိတ်ပင်ခဲ့သည်။
၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု
Facebookရဲ့ ကုန်ထုတ်စီမံခန့်ခွဲမှု ဒါရိုက်တာ Rob Leathernက "ကျွန်တော်တို့က ကြော်ငြာတွေကို ပိတ်တယ်ပြီးတော့ ဆေးဖက်ဆိုင်ရာ face maskများ ရောင်းချကုန်သွယ်မှုတွေကိုရောပေါ့။ကျွန်တော်တို့ Covid-19ကို အနီးကပ်လေ့လာစောင့်ကြည့်တယ်ပြီးတော့ ကျွန်တော်တို့ရဲ့မူဝါဒတွေကို လိုအပ်တိုင်း အဆင့်မြှင့်တင်တယ် ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးအကြောင်းပြပြီးလူတွေကို အမြတ်ထုတ်ဖို့ကြိုးစား ကြမှာစိုးလို့ပါ။ဒီအစီအစဉ်တွေကို နေ့တိုင်းနေ့တိုင်း ပြုလုပ်သွားပါတယ်"လို့ပြောကြားသွားပါတယ်။
Facebook သည် face mask ပရိုမိုးရှင်း ကြော်ငြာများကို UKရဲ့Advertising Standards Authorityနှင့်အညီ ဆင်ဆာများဖြတ်တောက်ခဲ့သည်။
Coronavirusပြဿနာသည် လက်သန့်ရှင်းရေးထုတ်ကုန်များကို ဈေးကွက်အတွင်းနှင့် ဆက်သွယ်ရေးများတွင်တင်းကြပ်စွာ ကန့်သတ်ခံရခြင်းနှင့် ရင်ဆိုင်ကြရသည်။
ဥပမာအမေရိကန်စားနပ်ရိက္ခာနှင့်ဆေးဝါးစီမံခန့်ခွဲရေးမှူးက Purcell ကို Covid-19 နှင့်ပတ်သက်ပြီးပေါ်လွင်ထင်ရှားစွာဖော်ပြထားခြင်းကိုပိတ်ဆို့ခြင်းသို့မဟုတ်ကြိုတင်ကာကွယ်ရေးအစီအမံများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လက်ကိုသန့်ရှင်းအောင်ပြုလုပ်ရန်ဖိအားပေးခဲ့သည်။
ကမ္ဘာ၏အခြားနည်းပညာနေရာများရှိသော eBay နှင့် Amazonတို့က အိမ်သာသုံးစက္ကူများမှ ခေါက်ဆွဲများအထိထုတ်ကုန်ပစ္စည်းများအပေါ်ဈေးနှုန်းကျဆင်းမှုကိုတားဆီးရန် eBay နှင့် Amazon တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ အခြေအနေကိုထိန်းချုပ်ရန်ကြိုးပမ်းရာတွင်ပြိုင်ဆိုင်မှုနှင့်ဈေးကွက်အာဏာပိုင်များသည်လက်လီအရောင်းဆိုင်များသို့ ၎င်း၏ကိုယ်ပိုင်သတိပေးမှုကိုထုတ်ပြန်ခဲ့ပြီး ဈေးနှုန်းများမြင့်တက်ခြင်း သို့မဟုတ် ကုန်သွားသော ပစ္စည်းများတောင်းဆိုမှုမှတစ်ဆင့် စားသုံးသူ ကာကွယ်ရေးဥပဒေများကိုချိုးဖောက်ခြင်းများပြုလုပ်ပါက တိုက်ရိုက်အရေးယူခြင်းကိုပြုလုပ်မည်ဟုကတိပေးပြောကြားခဲ့သည်။
ဤဆောင်းပါးသည် ကမ္ဘာ၊ကိုရိုနာဗိုင်းရပ်စ် နှင့် ဒီဂျစ်တယ်များကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: Guardian
ပြီးခဲ့တဲ့ နှစ်က လုပ်ငန်းစုတွေဟာ မိုဘိုင်းဖုန်းဆိုင်ရာကြော်ငြာကိစ္စရပ် များတွင် ဒေါ်လာ သန်းပေါင်း ၉၉ ဘီလီယံ အသုံးပြု ခဲ့တယ်လို့ရပါတယ်။
Shop.com.mm ၀က်ဘ်ဆိုက်တွင် ကုန်ပစ္စည်းများ ရောင်းချနေတဲ့လုပ်ငန်းငယ်များ ချဲ့ထွင်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်အသေးစားချေးငွေဝန်ဆောင်မှု ပေးအပ်မယ်လို့ ရိုးမဘဏ်ကထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယအစိုးရရဲ့ တိုင်ကြားစာကြောင့် လတ်တလော နာမည်ကြီးနေတဲ့ TikTok ကို Apple နဲ့ Google နှစ်ခုစလုံးကနေ ဒေါင်းလုပ်ရယူခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
သင့်ရဲ့အချိန်များကို Social media များ အသုံးပြုပြီး ကုန်ဆုံးနေပါသလား။ Internet အသုံးပြုခြင်းကြောင့် ပြုန်းတီးမှုများ ဖြစ်ပေါ်နေပါသလား။