-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကာတာ ခရီးသွားလုပ်ငန်းကြော်ငြာများ လန်ဒန်ပို့ဆောင်ရေး ပိတ်ပင်

ကာတာ ခရီးသွားလုပ်ငန်းကြော်ငြာများ လန်ဒန်ပို့ဆောင်ရေး ပိတ်ပင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကာတာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကြော်ငြာများကို လန်ဒန်ပို့ဆောင်ရေး Transport for London (TfL) က ပိတ်ပင်ထားပါသည်။ 

ကာတာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကြော်ငြာများကို လန်ဒန်မြို့တွင် ပြေးဆွဲနေသော ဘတ်စ်များ၊ တက္ကဆီများ၊ မြေအောက်ရထားစနစ်တို့တွင် ကြော်ငြာခြင်း မပြုရန် ပိတ်ပင်ကြောင်း Financial Times က သတင်းဖော်ပြပါသည်။

ကာတာနိုင်ငံက  LGBT+ အခွင့်အရေးများ ပိတ်ပင်ထားခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ်  ဂရုမစိုက်ခြင်းတို့အတွက် ယခုလို ကြော်ငြာများ ပိတ်ပင်ရသည်ဟု အာဏာပိုင်တို့က ဆိုပါသည်။

.

ကာတာနိုင်ငံက တုံ့ပြန်သည့်အနေဖြင့် လန်ဒန်မြို့ရှိ ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်သုံးသပ်နေပါသည်။

ကာတာသည် ၎င်း၏ နိုင်ငံပိုင်  ကြွယ်ဝမှုရန်ပုံငွေ Qatar Investment Authority (QIA) မှ တစ်ဆင့် လန်ဒန်တွင် ရင်းနှီးမြှုပ်နှံ အစုစု ပြုထားပြီး  လန်ဒန်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများထဲတွင်ပါဝင်ပါသည်။

.

Qatar Investment Authority (QIA) သည် Harrods ကုန်တိုက်၊ Shard မိုးမျှော်တိုက်တို့ကိုပိုင်ဆိုင်ပြီး Canary Wharf ၏တွဲဖက်ပိုင်ရှင်ဖြစ်ပါသည်။

Savoy နှင့် Grosvenor House ဟိုတယ်များကိုလည်း QIA က ပိုင်ဆိုင်ပါသည်။ ထို့ပြင် ဟိသရိုး လေဆိပ်တွင် ရှယ်ယာ ၂၀% နှင့် ဗြိတိန်၏ ဒုတိယအကြီးဆုံး စူပါမားကတ်အုပ်စု Sainsbury's တွင် ရှယ်ယာ ၁၄%  ပိုင်ဆိုင်ပါသည်။ 

.

လန်ဒန်ပို့ဆောင်ရေးက ကြော်ငြာများကို တစ်ခုချင်း စိစစ်မည် ဖြစ်ပြီး ကာတာသို့ ခရီးထွက်ရန် ကြော်ငြာ၊ ကာတာသို့ အလည်လာသင့်ကြောင်း ကြော်ငြာ၊ ကာတာ ခရီးသွားလုပ်ငန်းကြော်ငြာတို့ကို ခွင့်ပြုမည်မဟုတ်ဟု ဆိုပါသည်။ လက်မခံနိုင်သော ကြော်ငြာအမျိုးအစားအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)