-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထင်ယောင်ထင်မှား ကြော်ငြာကြောင့် ဒေါ်လာ ၉ သန်းကျော် ဒဏ်တပ်ခံရ

ထင်ယောင်ထင်မှား ကြော်ငြာကြောင့် ဒေါ်လာ ၉ သန်းကျော် ဒဏ်တပ်ခံရ

 

 

Annotation 2022-07-17 162707.jpg

ကုမ္ပဏီများတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေကို တကယ်အပြင်မှာထက် ကြော်ငြာထဲမှာ အမြင်ပိုကောင်းအောင် အထင်ကြီးစရာ ပိုဖြစ်အောင် ကြော်ငြာကြတာ ထုံးစံပါပဲ။

အဲဒီ ထုံးစံအတိုင်း  Samsung က ဩစတေးလျ ဈေးကွက်ထဲမှာ ကြော်ငြာလိုက်တာ ဒဏ်ကြေး တပ်ခံလိုက်ရပါတယ်။ 

 

Annotation 2022-07-17 162723.jpg

 

၂၀၁၉ ခုနှစ်မှာ Samsung Australia ဌာနခွဲက ကြော်ငြာထားတဲ့ ပုံတွေမှာ Samsung စမတ်ဖုန်းတွေက ရေစိုခံ ရေစိမ်ခံ ဖုန်းများသဖွယ် တင်ပြထားပါတယ်။ Galaxy S, A နှင့် Note  စမတ်ဖုန်းများကို ရေကူးကန်များနှင့် ပင်လယ်ရေထဲ ယူသွားဖို့ သင့်တော်တဲ့အတိုင်း အကြိမ်ကြိမ် ကြော်ငြာပါတယ်။ 

အဲဒီအတွက် ဩစတေးလျမှာ တရားတဘောင် ရင်ဆိုင်ခဲ့ရပြီး ဩစတေးလျ ဒေါ်လာ ၁၄ သန်း (ကန်ဒေါ်လာ ၉.၆ သန်း) ဒဏ်တပ်ခံရပါတယ်။ Samsung ရဲ့ စမတ်ဖုန်း တချို့က  ( ဥပမာ GALAXY S7 နှင့်  S8 SERIES) ရေကူးကန်ထဲ ရေစိမ်ခံ မဟုတ်တဲ့အပြင် ပင်လယ်ရေထဲ ယူသွားလို့လည်း မရတာကို ရနေသည့်သဖွယ် ထင်ယောင်ထင်မှား ဖြစ်အောင် ကြော်ငြာထားလို့ အခုလို ဒဏ်တပ်ခံရတာ ဖြစ်ပါတယ်။ 

ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ကြော်ငြာများကို ၂၀၁၆ မတ်လမှ ၂၀၁၈ အောက်တိုဘာလအထိ အသုံးပြုခဲ့ပါတယ်။ 

#MyanmarAdvertisingGuide

Telegram Channel
https://t.me/Guid4U

Source: gizchina.com

Read times
Rate this item
(0 votes)